Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း

AA စစ်ဒေသမှူးဆွေမျိုးကို ပြင်ပထွက်လို့ဖမ်းခဲ့ပေမယ့် ပြန်လွတ်ပေး

(ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်လေ ကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရတဲ့ကျောက်တော်မြို့အနီး/AA)

(ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်လေ ကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရတဲ့ကျောက်တော်မြို့အနီး/AA)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency

ကျောက်တော်၊အောက်တိုဘာ ၁၆။

အာရက္ခတပ်တော်(AA)ရဲ့ အာဖာ ၁ စစ်ဒေသမှူး၊ ဗိုလ်မှူးချုပ်ဒေါင်းရံဆွေမျိုးတဦးနဲ့သူမရဲ့ သူငယ်ချင်းတဦးဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပသို့ ထွက်ဖို့ကြိုးစားတာကို အာရက္ခတပ်တော်ကဖမ်းခဲ့ပေမယ့် ပြန်လွတ်ပေးလိုက်တယ်လို့ အာရက္ခတပ်တော်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီဗိုလ်မှူးချုပ်ဒေါင်းရံမိန်းမရဲ့ ညီမအရင်းမစန္ဒာလှိုင်နဲ့ သူမရဲ့သူငယ်ချင်း နဝရတ်ရွှေရည်ရွှေဆိုင်မှမမြတ်မြတ်ခိုင်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပကို ထွက်ဖို့ကြိုးစားနေတာမို့ စက်တင်ဘာလတတိယအပတ်က ချောင်းဆုံကနေအိမ်မှာတည်းခိုနေချိန် အာရက္ခတပ်တော်ကလာရောက်ဖမ်းဆီးသွားတာလို့ အာရက္ခတပ်တော်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦးကို အောက်တို ဘာလပထမအပတ်မှာပြန်လွတ်ပေးလိုက်သလို သူတို့မှာပါလာတဲ့ရွှေ၊ငွေစ တာတွေအားလုံးကိုလည်း ပြန်ပေးလိုက်တယ်လို့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့က ဆိုကြပါတယ်။

“ဗိုလ်မှူးချုပ်ဒေါင်းရံခယ်မ စန္ဒာလှိုင်နဲ့သူ့သူငယ်ချင်းမမြတ်မြတ်ခိုင်ကို ပြန်လွတ်ပေးလိုက်ပါတယ်။တကယ်ဆိုရင်အဖမ်းခံရသူတွေမှာပါလာတဲ့ပစ္စည်းအားလုံးကို နိုင်ငံပိုင်အဖြစ်သိမ်းပါတယ်။ဒါပေမယ့် သူတို့မှာပါလာတဲ့ရွှေတွေ ၊ပိုက်ဆံတွေအကုန်လုံးကို ပြန်ပေးလိုက်ပါတယ်။စစ်ဒေသမှူးအမျိုးတွေဖြစ်လို့ လွတ်ပေးလိုက်တော့ မကျေနပ်ကြဘူးပေါ့။”လို့ ဖြစ်စဥ်ကိုသိရှိသူအာရက္ခတပ်တော်တပ်ဖွဲ့ဝင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်ဒေသမှူး၊ဗိုလ်မှူးချုပ်ဒေါင်းရံခယ်မနဲ့သူမသူငယ်ချင်းဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာ န်းချက်(National Defense Emergency Provision (NDEP)မှာ အ ကျုံးဝင်ကြသလို သူမတို့နဲ့အတူတူတ ခြားသူတွေလည်း ပီချောင်းဆုံကဆိုင်တဆိုင်မှာတည်းခိုနေကြချိန်အဖမ်းခံကြရတာလို့ ဆိုကြပါတယ်။

ဒါပေမယ့် သူမတို့နှစ်ဦးကိုသာပြန်လွတ်ပေးပြီး တခြားသူတွေကို ပြန်လွတ်မပေးတာမို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)တွေကြားထဲမှာလည်း အချင်းချင်းမကျေနပ်ချက်တွေ ဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာအမျိုးသားကာကွယ်ရေးဆို င်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision (NDEP)ကို အကောင်အထည်ဖော်နေပါတယ်။

အဲဒီပြဋ္ဌာန်းချက်အရ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ အသက် ၁ ၈ နှစ်မှ ၄၅ နှစ်ထိ အမျိုးသားတွေ၊အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိ အမျိုးသမီးတွေကို မဲစနစ်နဲ့စစ်မှုထမ်းခေါ်ယူနေတာပါ။

အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့တဲ့၂၀၂၅ခုနှစ်၊မတ်လ ၁၈ ရက်နေ့ကပြဋ္ဌာန်းခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မေလ ၂၂ ရက်နေ့က အာရက္ခတပ်တော် ထုတ်ပြန်ထားပါတယ်။

အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision(NDE P)ကြောင့် အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေသလို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပကို နေ့စဥ်ရက်ဆက်အစုလိုက်အပြုံလိုက်ခိုးထွက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“လေကြောင်းရန်နဲ့အငတ်ဘေးတွေကြောင့်ရတဲ့ အပေါက်ကထွက်ပြေးနေကြတာပါ။ စစ်ဒေသမှူးအမျိုးတွေတော င် ရွှေထုပ်၊ငွေထုပ်ပိုက်ထွက်ပြေးနေကြရင် သာမန်ပြည်သူတွေဘယ်နေရဲတော့မလဲ။ကျောက်တော်မြို့ပေါ်ရော့ အပေါက်ဝလို့ရွာကြီးတွေကတောင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပါပြီ။”လို့ ကျောက်တော်မြို့ခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုအရပ်သားပြည်သူတွေကို လွတ်လပ်စွာထွက်ခွာခွင့်ကို တားမြစ်ထားပေမယ့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အရာရှိ တချို့မိသားစုဝင်တွေ၊အာရက္ခပြည်သူ့တော်လှ န်ရေးအစိုးရအဖွဲ့ဝင်တချို့မိသားစုဝင်တွေဟာ အာဏာသိမ်းစစ်တပ်ထိန်းချုပ်မြို့တွေမှာ နေထိုင်ကျောင်းတက်နေကြတာမို့ အရပ်သားပြည်သူတွေကိုသာ တားမြစ်ခြိမ်းခြောက်ထားပေမယ့် သူတို့မိသားစုဝင်တွေကိုတော့ ဘေးလွတ်ရာကိုပို့ထားကြတယ်လို့ အာရက္ခပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

အဲဒီကျောက်တော်မြို့ရှိ အိန္ဒိယစျေးအနီးကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ပြီးနောက် ကျောက်တော်မြို့နယ်မှ အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြသလို အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေကို ပွဲစားမျိုးစုံနဲ့လမ်းကြောင်းမျိုးစုံကထွက်ပြေးနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလို လေကြောင်းကင်းထောက်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသလို နေအိမ်တွေမှာကျန်နေသူတွေလည်း လေကြောင်းရန်ကြောင့် အိပ်ရေးပျက်တာတွေအပြင် စားဝတ်နေရေး၊ကျန်းမာရေးအခက်အခဲပေါင်းစုံကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပဖို့ ထွက်ဖို့ကြိုးစားသူအားလုံးကို အာရက္ခတပ်တော်က ဖမ်းဆီးအရေးယူထားတာတွေမှာ အသက်မပြည့်သေးတဲ့ကလေးသးငယ်တွေ၊သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်တွေလည်းပါဝင်နေပြီး ဖမ်းဆီးခံထားရသူတွေရဲ့မိသားစုဝင်တွေက ပြန်လွတ်ပေးကြဖို့အကြိမ်ကြိမ်တောင်းဆိုနေကြပါတယ်။

“လေကြောင်းရန်ကိုလည်းမကာကွယ်ပေးနိုင်ပါဘူး။ဘေးလွတ်ရာကိုလည်းထွက်ခွင့်မပေးပါဘူး ။ကလေးတွေကအစဖမ်းထားပါတယ်။ အသက်မပြည့်သေးတဲ့ ကျောင်းသားကလေးလေး ကိုပြန်လွတ်ပေးဖို့တောင်းဆိုပေမယ့် ကျမသားလေးကို ခုထိပြန်မလွတ်ပေးသေးပါဘူး။စစ်တပ်က ပုဏ္ဏားကျွန်းကိုပြန်သိမ်းပြီး စစ်တွေကိုလာခွင့်ပေးရင်ပြည်သူတွေအများကြီးပြန်လာကြမှာပါ။စစ်တွေကတဆင့် ရန်ကုန်ကိုသွားမယ့်သူအများကြီးပါပဲ။”လို့ အာရက္ခတပ်တော်ဖမ်းဆီးထားတဲ့ကျောင်းသားအရွ ယ်ကလေးငယ်တဦးရဲ့မိခင်ဖြစ်သူကBorder News Agency ကို ​ပြောပါတ ယ်။

အဲဒီလို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပဖို့ ထွက်ဖို့ကြိုးစားလို့ အမ်းမြို့နယ်မှာ ဖမ်းဆီးခံရသူတွေထဲက အမျိုးသမီးငယ်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားသူတွေက အတင်းအဓမ္မပြုကျင့်ကြတာမို့ စစ်သင်တန်းကျောင်းကို ရောက်ချိန်မှာ ကိုယ်ဝန်ရှိသွားကြပြီလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီလို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပဖို့ ထွက်ဖို့ကြိုးစားလို့ အာရက္ခတပ်တော်ကဖမ်းဆီးထိန်းသိမ်းထားသူထောင်ချီရှိနေပြီး အာရက္ခတပ်တော်အချုပ်ခန်းတွေ၊အကျဥ်းစခန်းတွေကိုအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံးဒဏ်ရာရသွားကြသူရာနဲ့ချီရှိနေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီအရပ်သားပြည်သူတွေကို အကာအကွယ်မပေးနိုင်သလို ဘေးလွတ်ရာကိုထွက်ခွင့်တားမြစ်တာပြီး အတင်းအဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းနေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုမြောက်သလို စစ်ရာဇဝတ်မှုမြောက်တာမို့ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်လို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာကပိတ်ဆို့အ ရေးယူသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

PrevPreviousပြည်ထောင်စုစိတ်ဓာတ်မွေးမြူဖို့ စစ်ခေါင်းဆောင်တိုက်တွန်း (ဓာတ်ပုံသတင်း)
Previous Post

ပြည်ထောင်စုစိတ်ဓာတ်မွေးမြူဖို့ စစ်ခေါင်းဆောင်တိုက်တွန်း (ဓာတ်ပုံသတင်း)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ပြည်ထောင်စုစိတ်ဓာတ်မွေးမြူဖို့ စစ်ခေါင်းဆောင်တိုက်တွန်း (ဓာတ်ပုံသတင်း)

October 15, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားနဲ့လာအိုမှာ CI စခန်းတွေဖွင့်နိုင်အောင်လုပ်မယ်လို့ အာဏာသိမ်းစစ်တပ်ဆို

October 15, 2026
​ဓာတ်ပုံ -​ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ဝေါမြို့မှာ ငွေကျပ်သိန်းထောင့်နှစ်ရာကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးတွေ ဖမ်းမိ

October 15, 2026
/ဓာတ်ပုံ - ဒေသတွင်းသတင်းတွေ

လောင်တလိုင်မှာ တာတာယိုဓာယာဉ်ဆယ်စီးဖမ်းဆီးရမိမှု ခရိုင်အုပ်ချုပ်ရေးနဲ့ CYLA ညှိနှိုင်း

October 15, 2026

နောင်ချိုမှာ ငွေကျပ်သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ကာကွယ်ရေးဝန်ကြီးခန့်

ရန်ကုန်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့နိုင်ငံရေးပါတီတချို့တွေ့ (ဓာတ်ပုံသတင်း)

ကျိုက်ထိုမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်နဲ့ရေသန့်စက်ရုံပျက်စီး

ပါတီ၊လမ်းစဉ်နဲ့ “ဇဒါနော့ဖ်ဖော်မြူလာ”

Releated Post

​ဓာတ်ပုံ- မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

နောင်ချိုမှာ ငွေကျပ်သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

October 15, 2026

NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်

October 15, 2026

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ကာကွယ်ရေးဝန်ကြီးခန့်

October 15, 2026
ဓာတ်ပုံ - ပြည်သူ့ပါတီ

ရန်ကုန်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့နိုင်ငံရေးပါတီတချို့တွေ့ (ဓာတ်ပုံသတင်း)

October 14, 2026
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

ကျိုက်ထိုမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်နဲ့ရေသန့်စက်ရုံပျက်စီး

October 14, 2026

ပါတီ၊လမ်းစဉ်နဲ့ “ဇဒါနော့ဖ်ဖော်မြူလာ”

October 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page