Border News Agency
ပလက်ဝ၊ အောက်တိုဘာ ၁၈။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ချောင်းဆုံကို အောက်တိုဘာလ ၁၈ ရက်နေ့ညနေက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူတချို့သေဆုံးသွားပါတယ်။
အဲဒီပလက်ဝမြို့နယ်၊ချောင်းဆုံရှိကုန်သွယ်ရေးနဲ့အများပြည်သူသွားလာနေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတချို့အပါအဝင် အရပ်သားတွေသေဆုံးခဲ့ကြတာပါ။
အဲဒီပလက်ဝမြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကင်းထောက်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်လိုလိုပြုလုပ်နေပါတယ်။







