Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၆။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊နန်းကျားရွာထဲကို နိုဝင်ဘာလ ၅ ရက်၊ညပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အသက်သုံးဆယ်ငါးနှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးသေဆုံးခဲ့ပြီး အရပ်သားဆယ်ဦးထက်မနည်း ဒဏ်ရာရရှိကာနေအိမ်အများအပြား ပျက်စီးသွားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့ရှိ ယာယီသားဖွားဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့ရပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သား ပြည်သူတွေနေထိုင်တဲ့ မြို့ရွာတွေနဲ့ ဆေးရုံ ဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ကလေးနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေပါ ထိခိုက်သေဆုံးနေရပါတယ်။























