Border News Agency
ကနီ၊ နိုဝင်ဘာ ၈ ။
စစ်ကိုင်းဒေသ၊ ယင်းမာပင်ခရိုင်၊ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားဆယ့်တဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကနီမြို့နယ်၊ညောင်ပင်လယ်ရွာကို နိုဝင်ဘာလ ၇ ရက်၊ မနက် ၁၁ နာရီအချိန်ခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ရဲ့ စစ်တပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုအတွင်း ဆရာ၊ ဆရာမနဲ့ ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် အရပ်သားဆယ့်တဦးသေဆုံးခဲ့ပြီး ဆယ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင် စာသင်ကျောင်းနဲ့ နေအိမ်အများအပြားလည်း ပျက်စီးသွားပါတယ်။























