Border News Agency
ဖိလစ်ပိုင်၊ နိုဝင်ဘာ ၁၇။
ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့မှာ နိုဝင်ဘာလ ၁၇ ရက်၊ဒီနေ့ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်လာကြပါတယ်။
အမေရိကန်သမ္မတထရမ့်ဟာ ခရီးစဉ်အတွင်း စီးပွားရေးနဲ့ အခြားအရေးကြီးကိစ္စတွေကို ဆွေးနွေးဖို့ ရောက်ရှိလာတာဖြစ်ပြီး အစည်းအဝေးအပြီးမှာ တရုတ်နိုင်ငံကို ဆက်လက်သွားရောက်ဖို့ရှိနေပါတယ်။
ဒီနေ့ကျင်းပမယ့် အစည်းအဝေးပိတ်ပွဲအခမ်းအနားမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို စင်ကာပူနိုင်ငံဆီ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကြောင့် နိုင်ငံတကာစင်မြင့်မှာ ဆက်လက်ဖယ်ကြဉ်ခံထားရပြီး နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်သာ ကိုယ်စားပြုတက်ရောက်ခွင့်ရခဲ့ပါတယ်။
ခုလို ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ စုံညီတက်ရောက်နေတဲ့ အစည်းအဝေးမှာ ဒေသတွင်းနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကထားဆွေးနွေးနေကြပါတယ်။










