Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူမျိုးရေးရာ အာရက္ခဒေသ

အာရက္ခဒေသကစုံလင်ကွဲပြားလူမှုဘဝတွေကို ဘယ်လိုတည်ဆောက်ကြမလဲ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
19
VIEWS
Share on FacebookShare on Twitter

ခိုင်ဇော် ရေးတယ်။

Border News Agency
မြောက်ဦး၊ ဇွန် ၁၀။

“နွားနို့ဝယ်သွားပါလား။တဗူးကို သုံးထောင်တည်းပါ။နွားနို့အစစ်ပါနော်။”

အသက်ခြောက်ဆယ်ဝန်းကျင်အရွယ် ခေါင်းမြီးခြုံထားတဲ့ မူဆလင်အမျိုးသမီးကြီးတဦးဟာ ရခိုင်စကားမပီတပီပြောပြီး စျေးလာဝယ်သူတွေကို နွားနို့ပုလင်းတွေ ကိုင်မြောက်ပြကာလိုက်ရောင်းနေတာဖြစ်ပါတယ်။

နောက်ထပ်အမျိုးသမီးကြီးတဦးကလည်း “အမဲသားတပေါ်(တဆယ်သား)ငါးထောင်ပါ။”လို့ အော်ပြောကာ စတီးဗန်းတခုထဲခင်းစုထားတဲ့ အမဲသားတွေကို ခေါ်ရောင်းနေပါတယ်။

အဲဒီမြင်ကွင်းဟာ အာရက္ခဒေကကမြို့တခုရဲ့ မြို့မစျေးကြီးအတွင်း မနက်ခင်းတိုင်းမြင်တွေ့နေကျမြင်ကွင်းတွေဖြစ်ပါတယ်။

သွေးချောင်းစီးပြီး လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ထိ လူမျိုးရေးပဋိပက္ခတွေဖြစ်ခဲ့တဲ့ လူမျိုးနှစ်ခုကြားငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်၊စျေးရောင်းနေကြတဲ့မြင်ကွင်းဟာ ဆယ်စုနှစ်တခုကြာမှ ပြန်မြင်တွေ့ရတာဖြစ်ပါတယ်။

အဲဒီလိုမြင်ကွင်းမျိုးတွေဟာ မူဆလင်နဲ့ရခိုင်လူမျိုးကြား အတူနေထိုင်ကြတဲ့ အာရက္ခဒေသနေ ပြည်သူတွေအဖို့ ထူးဆန်းတဲ့မြင်ကွင်းတော့ မဟုတ်တော့ပါဘူး။

လူမျိုးရေး၊ ဘာသာရေးမှိုင်းတွေကြောင့် တုတ်ဆွဲ၊ ဓါးဆွဲကာ အချင်းချင်းသတ်ဖြတ်၊ပဋိပက္ခဖြစ်ခဲ့ကြတဲ့ မူဆလင်အသိုင်းအဝိုင်းနဲ့ရခိုင်လူမျိုးတွေဟာ ပြီးခဲ့တဲ့သုံးနှစ်ဝန်းကျင်၊ အာရက္ခပြည်တွင်း အာရက္ခတပ်တော်(AA)ထိန်းချုပ်လာနိုင်ကတည်းက အပြန်အလှန်ယုံကြည်မှုတွေ တဖြေးဖြေးတည်ဆောက်ရလာခဲ့တာပါ။

၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ဒုက္ခသည်စခန်း(IDPCamp)တွေမှာပဲ သီးသန့်ပိတ်လှောင်နေထိုင်ခဲ့ကြရတဲ့ မူဆလင်တွေဟာ ရခိုင်လူမျိုးတွေအများစုနေထိုင်တဲ့ မြို့ပေါ်တွေထိပါ တက်ရောက်စျေးဝယ်တာ၊အပြန်အလှန်ကူးလူး ဆက်ဆံတာ၊စီးပွားတူလုပ်ကြတာတွေ တဖြေးဖြေးရှိလာခဲ့တာဖြစ်ပါတယ်။

အာရက္ခပြည်တွင်းနေ ပြည်သူအားလုံးကို မခွဲခြားဘဲ တန်းတူဆက်ဆံတာ၊အုပ်ချုပ်မယ်ဆိုပြီး အာရက္ခတပ်တော်တပ်မှူးချုပ်ကိုယ်တိုင်မိန့်ခွန်းတွေနဲ့ အင်တာဗျူးတွေမှာ မကြာခဏပြောကြားကာ မြေပြင်မှာလည်း လက်တွေ့ပြုမူတာတွေကြောင့် ယုံကြည်မှုတွေရခဲ့တာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်က မြို့တွေအပြီးသိ မ်းပိုက်ထိန်းချုပ်ထားတဲ့အခြေအနေမှာတော့ အရင်တုန်းကထက် ယုံကြည်မှုတွေ ပိုရလာခဲ့ပြီး မူဆလင်တွေအနေနဲ့လည်း အခွင့်အရေးပိုရလာခဲ့တယ်လို့ ဆိုကြပါတယ်။

“အရင်ခါဆိုရင် အတူတူကျောင်းတက်လို့ရတယ်။အတူတူ အလုပ်လုပ်လို့ရတယ်။ချင်း၊ရခိုင်၊ကုလား(ကာယကံရှင်သုံးနှုန်းတဲ့အသုံး)ပေါင်းစုံပါ။အခုလည်း အဲလို ပြန်ရနေပြီ။” လို့ အာရက္ခဒေ
သမှအသက် ၂၃ နှစ်အရွယ် မူဆလင်လူငယ်တဦးက ပြောပါတယ်။

AA ထိန်းချုပ်ပြီးနောက်ပိုင်းမှ ရလာတဲ့အခွင့်အရေးတွေ

ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလကျထကျတှတေုနျးက မူဆလငျနဲ့ ရခိုငျအပါအဝငျ ဒသေတှငျးလူ့အသိုငျးအဝိုငျးတှကွေား အပြန်အလှန်ယုံကြည်မှုရဖို့ ကြိုးစားတည်ဆောက်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

အရာမထင်ယုံကြည်မှုမရခဲ့တဲ့အပြင် ၂၀၁၇ ခုနှစ်မှာဆိုရင် တကျော့ပြန်လူမျိုးရေးပဋိပက္ခသဖွယ်ထပ်ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ၂၀၂၂ ခုဝန်းကျင် အာရက္ခပြည်တွင်း AA က နယ်မြေထိန်းချုပ်မှုတွေ အတိုင်းအတာတခုထိရလာပြီး နောက်ပိုင်းမှာတော့ ယုံကြည်မှုတွေ တစတစတိုးကာ ခုလိုအခြေအနေထိ ရောက်လာခဲ့တာပါ။

မူဆလင်နဲ့ဒေသခံလူမျိုးစုတွေဟာ အပြန်အလှန် သင်္ကာမကင်းစိုးရိမ်စိတ်တွေနဲ့နေလာခဲ့ကြရတဲ့အခြေအနေကနေ ခုဆိုရင်အပြန်အလှန်သွားလာ၊ကူး လူးဆက်ဆံတာ၊အတူတကွလုပ်ကိုင်၊ စျေးရောင်းနိုင်တဲ့အခြေအနေထိ ရော က်သွားခဲ့တာဖြစ်ပါတယ်။

“တပ်တော်ရဲ့ စည်းရုံးမှုတွေ၊အပြောနဲ့အလုပ်ညီအောင် လက်တွေ့ကျကျ ဆက်ဆံမှုတွေကြောင့်ပေါ့။အခုလို အခြေအနေရောက်သွားတာ။” လို့ ရခိုင်ဒေသခံ နိုင်ငံရေးအကဲခတ်တဦးက သုံးသပ်ပါတယ်။

အာရက္ခပြည်တွင်းမှ မူဆလင်တွေဟာ အာရက္ခပြည်အနှံ့ခရီးသွားလာခွင့်၊ဆေးဝါးကုသခွင့်၊ပညာသင်ကြားခွင့်၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပခွင့်၊မြို့ပေါ်တ က်အလုပ်လုပ်ကိုင်ခွင့်ပါ ရလာခဲ့ကြပြီဖြစ်ပါတယ်။

အာရက္ခပြည်တွင်း မူဆလင်တွေနေထို င်တဲ့ဒေသတွေမှာ လူမျိုးစုံပါဝင်တဲ့ ချစ်ကြည်ရေးအားကစားပွဲတွေပါ ကျင်းပလာတာ ဆက်တိုက်တွေ့ခဲ့ရပါတယ်။

“ဗိုလ်ချုပ်စကားတခွန်းတည်းနဲ့အဲလိုဖြစ်သွားတာ။” လို့ မြေပုံမြို့နယ်မှ အ သက်ငါးဆယ်ကျော်အရွယ် မူဆလင်လူကြီးတဦးက ပြောပါတယ်။

မြို့တွင်းဝင်ရောက်ခွင့်

ပြီးခဲ့တဲ့အစိုးရလက်ထက်တွေတုန်းက မူဆလင်တွေဟာ ရခိုင်လူမျိုးအများစုနေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ရခိုင်ကျေးရွာတွေဆီ သွားရောက်ခွင့်မရခဲ့ကြပါဘူး။

ဒုက္ခသည်စခန်းထဲမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့တင်းကြပ်တဲ့ အစောင့်အကြပ်တွေနဲ့သာ နေခဲ့ကြရတာပါ။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တဖြစ်လဲ အာရက္ခတပ်တော်ဟာ အစိုးရတရပ်မဖွဲ့စည်းခင် နယ်မြေစိုးမိုးနိုင်မှုအနည်းငယ်လာရှိခဲ့တဲ့ အစောပိုင်းကာ လကတည်းက ဒေသခံမူဆလင်တွေကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံတာ၊အုပ်ချုပ်ရေး၊တရားစီရင်ရေးမှာ မူဆလင်တွေကို ထည့်သွင်းပါ၀င်စေခဲ့တာပါ။

မူဆလင်လူဦးရေအများအပြားရှိတဲ့ ဘူးသီးတောင်၊မောင်တောဒေသမှာဆိုရင် AA တပ်ဖွဲ့ဝင် မူဆလင်တွေအများ အပြားရှိနေပြီး အရာရှိအဆင့်တွေထိပါ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းတပ်နဲ့အုပ်ချုပ်ရေး၊တရားစီရင်ရေးမှာ မူဆလင်အပါအဝင် လူမျိုးစုံကို ခန့်အပ်ထားတယ်လို့ ဆိုထားပြီး မြေပြင်မှာလည်း တကယ်ရှိနေတာ တွေ့ရပါတယ်။

အာရက္ခတပ်တော်ဟာ မူဆလင်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၁၉၊၂၀၂၀ ဝန်းကျင်ကတည်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ခန့်အပ်၊အုပ်ချုပ်ခဲ့တာဖြစ်ပါတ ယ်။

“တပ်တော်ကို အရင်ကတည်းက ယုံကြည်ခဲ့တယ်။ အခုဆိုရင် ပိုလို့ယုံကြည်တယ်။သင့်မြတ်လာတာက တပ်တော်ကြောင့်လေ။” လို့ မြောက်ဦးမြို့နယ်မှ မူဆလင်လူကြီးတဦးက ပြောပါတယ်။

အဲ့ဒီခြေလှမ်းတွေဟာ အသိုင်းအဝိုင်းနှစ်ခုကြား ယုံကြည်မှုရဖို့ လမ်းစတွေဖြစ်ခဲ့ပါတယ်။

ခုတော့ တယောက်မျက်နှာတယောက်ပင် မကြည့်နိုင်တဲ့ထိ ခါးခါးသီးသီးဖြစ်ခဲ့ကြတဲ့ အသိုင်းအဝိုင်းနှစ်ခုဟာ အရင်အတူတကွနေထိုင်ခဲ့ကြတဲ့အတိုင်း ယုံကြည်မှုတွေအပြည့်အ၀နီးပါး ပြန်ရလာခဲ့ကြပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာရက္ခ-ဘင်္ဂလာနယ်စပ် မောင်တော၊ဘူးသီးတောင်မှာ လှုပ်ရှားနေကြတဲ့ စစ်ကောင်စီကျောထောက်နောက်ခံကူညီပေးထားတဲ့ မူဆလင်လက်နက်ကိုင်အဖွဲ့တွေကတော့ သွေးခွဲလှုံ့ ဆော်တာတွေ လုပ်နေကြတာရှိပါတယ်။

အဲဒီလက်နက်ကိုင်အဖွဲ့တွေဟာမူဆလင်ပြည်သူတိုင်းရဲ့ထောက်ခံမှုကို ရကြတာတော့ မဟုတ်ပါဘူး။

အနည်းငယ်သောမူဆလင်အချို့ရဲ့ ထောက်ခံမှုကိုသာရထားပြီ နယ်စပ်တလျှောက် ပြန်ပေးဆွဲငွေလုတာ၊ မူးယစ်ဆေးဝါးကုန်ကူးတာတွေလုပ်ကာ မူဆလင်ပြည်သူတွေအပေါ်လည်းခြိမ်းခြောက်၊ဆပ်ကြေးကောက်တာ ရှိနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

“ဒီ ARSA၊ RSA၊ARAတို့က ရိုဟင်ဂျာလက်နက်ကိုင်တွေကို ကိုယ်စားမပြုပါဘူး။လက်ရှိအချိန်ထိ မင်းအောင်လှိုင်ကိုပဲ ဘောမနေတဲ့ အဖွဲ့အစည်းတွေ။သူတို့နဲ့ ရိုဟင်ဂျာပြည်သူတွေကို ခွဲခြားပြီး မြင်တက်ဖို့လိုပါတယ်။ဒီလက်နက်ကိုင်အုပ်စုတွေက သူတို့အကျိုးအမြတ်အတွက်၊အကျိုးစီးပွားအတွက် သူတို့အဖွဲ့အတွက် လှုပ်ရှားနေတာပါ။” နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီ၀င် ဦးမောင်မောင်ကြည်က ပြောပါတယ်။

အာရက္ခပြည်တွင်း မူဆလင်နဲ့ဒေသခံလူမျိုးစုတွေ သင့်မြတ်၊အေးချမ်းစွာ အတူ‌ယှဉ်တွဲနေထိုင်နိုင်တဲ့အခြေအနေ၊ယုံ ကြည်မှုတွေဟာ လွယ်လွယ်ကူကူရလာတဲ့ ယုံကြည်မှုတွေတော့ မဟုတ်ပါဘူး။

ဆယ်စုနှစ်ကြာ တည်ဆောက်၊ စည်းရုံးခဲ့ရတာဖြစ်တယ်လို့ နှစ်ဖက်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒါကြောင် ယုံကြည်မှုကိုပိုပြီးတော့ ခိုင်မြဲတည်တံ့အောင်ထိန်းသိမ်းကြဖို့ လိုအပ်တယ်လို့ မူဆလင်တွေနဲ့ဒေသခံပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုမဟုတ်ဘဲ အရင် ၂၀၁၂ ခုနှစ်တုန်းကလိုမျိုး သွေးထိုးလှုံ့ဆော်မှုတွေနောက်လိုက်ပြီး တူညီတဲ့အမှားမျိုး တွေဆက်မှားမယ်ဆိုရင်တော့ တိမ် ကောနစ်ခဲ့ပြီဖြစ်တဲ့ အမုန်းတရားတွေ တကျော့ပြန်ပြန်လည်ထွက်ကျလာပြီး ပဋိပက္ခတွေပြန်ဖြစ်ကာ အပြစ်မဲ့ပြည်သူတွေဘဲ ထိခိုက်ကြရမှ‌ဖြစ်တယ်လို့ မူဆလင်အသိုင်းအဝိုင်းနဲ့အာရက္ခပြည်သူတွေက ထောက်ပြကြပါတယ်။

အာရက္ခဒေသမှ အသက် ၂၃ နှစ်အရွယ် မူဆလင်လူငယ်တဦးကတော့ သူတို့ငယ်ငယ်တုန်းကလိုမျိုး ရခိုင်၊ ချင်းစတဲ့ အသားအရောင်စုံ၊ လူမျိုးစုံ သူငယ်ချင်းတွေနဲ့ အတူတကွ အေးအေးချမ်းချမ်းပဲ ဆက်နေချင်ပြီး ခုအခြေအနေကို တည်တံ့အောင်ထိန်းသိမ်းကြဖို့လိုတယ်လို့ ပြောဆိုပါတယ်။

“အရင်လိုအတူတူပဲ နေချင်တယ်။အရင်ကတည်းက အတူတူနေလာတာ။” လို့ သူက ပြောပါတယ်။

ရုပ်‌ဆိုးအကျည်းတန်ပြီး အနာတရများခဲ့တဲ့ ၂၀၁၂ တုန်းက လူမျိုးရေးပဋိပက္ခလိုမျိုးထပ်မဖြစ်ရလေအောင် တည်ဆောက်ရရှိနေပြီးသား ယုံကြည်မှုတွေကို ပိုမိုခိုင်မြဲ၊မပျက်စီးစေဖို့ ပညာ၊သတိတွေနဲ့ ဆင်ခြင်နေထိုင်သင့်တယ်လို့ အာရက္ခလူ့အသိုင်းအဝိုင်းက ပြောဆိုမျှော်လင့်နေကြပါတယ်။

PrevPreviousUrgent Aid Needed for Disabled Victims
Nextအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေNext
Previous Post

Urgent Aid Needed for Disabled Victims

Next Post

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo- APM

မြောက်ဦးခရိုင်မှာ ဟိုလီပွဲတော်ကျင်းပ

March 4, 2026

အာရက္ခတပ်တော်ဒုတပ်ချုပ်မွေးနေ့မှာ သူပုန်ဖြူအဖွဲ့မဲဖောက်ပေး

March 4, 2026
Photo- GEM

မောင်တောမှာ ငါးနှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေး

March 4, 2026

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

March 4, 2026

အစ္စရေးတိုက်ခိုက်ရေးဒရုန်းတစင်ကို အီရန်သိမ်းမိ

မြောက်ဦးခရိုင်မှာ ဟိုလီပွဲတော်ကျင်းပ

ကစယ်ဒိုမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တလအတွင်း အရပ်သားရှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ

အာရက္ခတပ်တော်ဒုတပ်ချုပ်မွေးနေ့မှာ သူပုန်ဖြူအဖွဲ့မဲဖောက်ပေး

အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၄ ဦးသေဆုံးတယ်လို့ပင်တဂွန်အတည်ပြု

မောင်တောမှာ ငါးနှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေး

Releated Post

ဓာတ်ပုံ - IRGC

အစ္စရေးတိုက်ခိုက်ရေးဒရုန်းတစင်ကို အီရန်သိမ်းမိ

March 4, 2026
Photo- APM

မြောက်ဦးခရိုင်မှာ ဟိုလီပွဲတော်ကျင်းပ

March 4, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တလအတွင်း အရပ်သားရှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ

March 4, 2026

အာရက္ခတပ်တော်ဒုတပ်ချုပ်မွေးနေ့မှာ သူပုန်ဖြူအဖွဲ့မဲဖောက်ပေး

March 4, 2026

အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၄ ဦးသေဆုံးတယ်လို့ပင်တဂွန်အတည်ပြု

March 4, 2026
Photo- GEM

မောင်တောမှာ ငါးနှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေး

March 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page