Border News Agency
ဖလမ်း၊ ဇူလိုင် ၁၀။
ဖလမ်းမြို့နယ်မှာ မူးယစ်ဆေးဝါးတွေ ကို ဇူလိုင်လ ၈ ရက်နေ့ကဖမ်းဆီးခဲ့တ ယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါးက ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်းဆေးဝါးတွေကို ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူးထောက် ခံစာနဲ့သယ်ယူလာကြတာလို့ ဆိုပါတယ်။
အဲဒီစိတ်ကြွဆေးပြားသုံးသန်းခန့်၊ နံပတ်ဖိုးခေါ် ဘိန်းဖြူတရာ့တစ်ကီလိုဂရမ်ခန့်၊မောင်းပြန်သေနက်နှစ်လက်၊ mini starlink နှစ်ခုနဲ့အတူ တော်လှန်ရေးရဲ ဘော်သုံးဦး၊ ယာဥ်မောင်းတဦး၊ စပယ် ယာတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေသယ်ယူရာမှာတာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ်အမည်ရင်းဦးဝင်းမော်၊ကိုပုတီးအမည်ရင်း ဦးကျော်မင်းဇော်ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ဇူလိုင်လ ၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သလိုတရားခံတွေကိုလည်း ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တာ၊ဖြန့်ဖြူးရောင်းချတာ၊ သုံးစွဲတာတွေ၊သယ်ယူပို့ဆောင်ရေးတွေကိုထပ်တွေ့ရင် အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေကလည်းမူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။