Border News Agency
မလေးရှား၊ ဇူလိုင် ၁၆။
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် ၊ Pangsapuri Putra Permai ၊ Seri Kembangan မှာ ဇူလိုင်လ ၁၅ ရက်၊မနေ့ကမြန်မာရွေ့ပြောင်းလုပ်သားလေးရာနီးပါးဖမ်းဆီးခံလိုက်ရပါတယ်။
အဲဒီမှာအလုပ်သမားငါးရာနီးပါးဖမ်း ဆီးခဲ့ရတာဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား သုံးရာရှစ်ဆယ်ငါးဦးပါဝင်ပါတယ်။
လေးရှားနိုင်ငံမှာ အထောက်အထားမဲ့လုပ်သားလေးရာကိုးဆယ့်ခြောက်ဦးဖမ်းဆီးထိန်းသိမ်းခံရပြီး အမျိုးသားနှစ်ရာ့ခုနှစ်ဆယ်ငါးဦး၊အမျိုးသမီးရှစ်ဆယ်ဦး၊ကလေးသုံးဆယ်ဦးပါဝင်ပါတယ်။
အဲဒိီအပြင် အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဆယ်ဥိီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဆယ့်ငါးဦး၊ပါကစ္စတန်နိုင်ငံသားနှစ်ဆယ့်ခုနှစ်ဦး၊ထိုင်းနိုင်ငံသားလေးဦး၊ကမ္ဘော ဒီးယားနိုင်ငံသားသုံးဦးပါဝင်ပါတယ်။
သူတို့တွေကို စမုံညင်းကန့် (Semenyih Immigration Depot)မှာ ဖမ်းဆီးထိန်း သိမ်းထားတယ်လို့ ဆိုပါတယ်။
မလေးရှာနိုင်ငံမှာ အထောက်အထားမဲ့လုပ်သားတွေကို နေ့စဥ်ရှာဖွေဖမ်းဆီးတာတွေပြုလုပ်နေပြီး မြန်မာနိုင်ငံသားတွေ နေ့စဥ်ဖမ်းဆီးခံနေကြရပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံသို့ပြန်ပို့တာတွေပြုလုပ်နေပြီး အဲဒီလိုပြန်ပို့ခံရသူတွေကို အာဏာသိမ်းစစ်တ ပ်က ဖမ်းဆီးစစ်မှုထမ်းခိုင်းတာတွေလုပ်နေတယ်လို့ ဆိုကြပါတယ်။
Comments 1
cheap viagra kamagra – strong vpls sildenafil citrate tablets ip 50 mg