Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး သတင်း

အခွန်လျော့ကောက်ရန် ဆွေးနွေးမှုမှာအမေရိကန်က လိုက်လျောမှုတချို့ရှိဟု ဘင်္ဂလားဒေ့ရှ်ဆို

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

(သတင်းဆောင်းပါး)
Border News Agency
ဘင်္ဂလားဒေ့ရှ်၊သြဂုတ် ၁။

ဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်ကြား အခွန်ကောက်ခံမှုနဲ့ပတ်သက်လို့ ဆွေးနွေးနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်အပေါ် အမေရိကန်ဘက်ကထည့်တွက်ထားတဲ့အခွန်ပမာဏဟာ အဓိကစီးပွားပြိုင်ဘက်ဗီယက်နမ်ထက်ပိုများနေသလို အိန္ဒိယ၊ပါကစ္စတန်၊အင်ဒိုနီးရှားနဲ့တရုတ်တွေထက်လည်း ပိုများနေတယ်လို့ ဘင်္ဂလားဒေရှ့်မီဒီယာတွေက အချက်အလက်နဲ့ ဖော်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်ကြားကဆွေးနွေးမှုတွေဟာ ဇူလိုင်လ ၃၁ နေ့ကအဆုံးသတ်သွားပါပြီ။

အဓိကတော့ ဘင်္ဂလားဒေ့ရှ်အပေါ် အမေရိကန်ကကောက်ခံမယ့် အခွန်သုံးဆယ်ငါးရာခိုင်နှုန်း လျော့ပေးဖို့ကိစ္စကို ဦးစားပေးပီးဆွေးနွေးကြတယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ကုန်သွယ်စီးပွားဝန်ကြီးဌာနအရာရှိတဦးကတော့ ဆွေးနွေးပွဲကြောင့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ အခွန်ကောက်ခံမှုကိုလျော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အပေါ်အခွန် ဘယ်​လောက်လျော့​ပေးမယ်ဆိုတဲ့ ရာခိုင်နှုန်းကိုတော့ သမ္မတထရန့်ကသာ ဆုံးဖြတ်ပေးရမှာပါ။လက်ရှိမှာတော့ သမ္မတထရန့်ရဲ့ဆုံးဖြတ်ချက်ကိုပဲ စောင့်နေရပါတယ်။

သမ္မတထရန့်က ဘင်္ဂလားဒေ့ရှ်အပေါ် အခွန်သုံးဆယ်ခုနှစ်ရာခိုင်နှုန်းထိ ကောက်မယ်လို့ ဧပြီလ ၂ ရက်နေ့က ပြောခဲ့ပါတယ်။

ဒါပေမယ့် ဧပြီ ၇ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ကို သုံးဆယ်ငါးရာခိုင်နှုန်းသာကာကွယ်မယ်လို့ သမ္မတထရန့်က ဆိုလာပါတယ်။

အဲဒီ သုံးဆယ်ငါးရာခိုင်နှုန်းကဘင်္ဂလားဒေ့ရှ်အတွက် ဗီယက်နမ်၊အိန္ဒိယ၊ပါကစ္စတန်၊အင်ဒိုနီးရှားနဲ့ တရုတ်တွေထက်လည်း ပိုများတဲ့ပမာဏဖြစ်နေပါတယ်။

အသင့်ထုတ်အဝတ်အထည်တင်ပို့မှုမှာ အိန္ဒိယနဲ့ ဗီယက်နမ်ဟာဘင်္ဂလားဒေရှ့်အတွက်စီးပွားရေးပြိုင်ဘက်တွေဖြစ်နေတာပါ။

အဲဒီပြိုင်ဘက်နှစ်နိုင်ငံထက် လျော့နည်းတဲ့ပမာဏမျိုးကို ဘင်္ဂလားဒေရှ့်ကမျှော်လင့်နေတာပါ။

ဇူလိုင် ၃၀ ရက်နေ့ကအိန္ဒိယအပေါ် အခွန် နှစ်ဆယ့်ငါးရာခိုင်နှုန်းချမှတ်ရတာက ရုရှားရဲ့သဘာဝဓာတ်ငွေ့နဲ့လောင်စာဆီ တွေကိုအိန္ဒိယဘက်က တင်သွင်းနေလို့ ဒဏ်ခတ်တာဖြစ်တယ်လို့ သမ္မတထရန့်က ဆိုပါတယ်။

ဗီယက်နမ်ကိုတော့ အရင်ကလေးဆယ်ခုနှစ်ရာခိုင်နှုန်းကောက်မယ်ပြောပြီးလက်ရှိမှာ နှစ်ဆယ်ရာခိုင်နှုန်းပဲ ကောက်တော့မယ်လို့ ထရန့်ကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က စီးပွားကုန်သွယ်ရေးအကြံပေးအက်စ်ကေဘာရှားအူဒင်(Sk Bashir Uddin)၊ အမျိုးသားလုံခြုံရေးအကြံပေး ကာလီလာရာမန် (Khalilur Rahman)၊စီးပွားကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှုးမာဘူဘာရာမန် (Mahbubur Rahman)နဲ့ WTO ဆိုင်ရာအထွေထွေဒါရိုက်တာနက်ဇ်နီယင်ကိုင်ဇာချောင်ဒရီ (Nazneen Kaiser Chowdhury) တို့ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ကို စေလွတ်ပြီး အခွန်ကိစ္စကို ဆွေးနွေးနေကြတာပါ။

ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ မထွက်ခွာခင်ကပင် အမေရိကန်ဘက်ကရော ဘင်္ဂလားဒေ့ရှ်ဘက်ကပါ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ကျယ်ပြန့်တဲ့သဘောတူညီချက်တခုကိုရအောင် လာမယ့်ဩဂုတ်လ ၁ ရက်၊ဒီနေ့မတိုင်ခင်ကနေလက်မှတ်ထိုးဖြစ်မှာမဟုတ်သေးဘူးလို့ ကုန်သွယ်စီးပွားအတွင်းရေးမှုးမာဘူဘာ ရာမန် (Mahbubur Rahman)က ဆိုပါတယ်။

ခုရရှိတဲ့ နောက်ဆုံးအဆင့်သဘောတူညီချက်ဟာ အကြံပေးကောင်စီနဲ့ ဥပဒေရေးရာစိစစ်ချက်တွေကို လည်းဖြတ်သန်းရမှာပါ။

ဘင်္ဂလားဒေ့ရှ်ရဲ့ ပို့ကုန်မြင့်တင်ရေးဗြူရိုနဲ့ဗဟိုဘဏ်တို့ရဲ့အချက်အလက်တွေအရ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်အတွက် ကျယ်ပြန့်တဲ့စျေးကွက်ဖြစ်တယ်လို့ဆိုပါတယ်။

နှစ်တိုင်း ဘင်္ဂလားဒေ့ရှ်ရဲ့ကုန်ပစ္စည်းတွေကို အမေရိကန်ကဒေါ်လာ သန်းရှစ်ထောင်လောက်ထိကို ဝယ်နေတာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အမေရိကန်ကုန်ပစ္စည်းတွေကိုပြန်ဝယ်မှုဟာ နှစ်စဥ်အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်လောက်ရှိပါတယ်။

ဒီတော့ ဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်ကြားမှာ ကုန်သွယ်ရေးကွာဟချက်သန်းခြောက်ထောင်လောက်ရှိနေပါတယ်။

ဒီကွာဟချက်ကြောင့်ပဲ အမေရိကန်က အခွန်တိုးကောက်လာတာပါ။အခွန်တိုးမကောက်စေချင်ရင် အမေရိကန်ဆီကကုန်ပစ္စည်းတွေကိုများများပြန်ဝယ်ဖို့နဲ့အမေရိကန်နိုင်ငံထဲမှာ လာရောက်ရင်းနှီးမြုပ်နှံ့ဖို့လိုပါတယ်။

ဒီလိုနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အမေရိကန်ထုတ်ဘိုအင်းလေယဥ် ၂၅ စီးဝယ်ယူဖို့ဖြစ်လာတာပါ။

နောက်ပြီး တနှစ်မှာဂျုံတန်ချိန် ခုနှစ်သိန်းလောက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဟာ အမေရိကန်ဆီကနေဝယ်ရမှာပါ။

အမေရိကန်ဆီက ဝါဂွမ်းနဲ့ ပဲအမျိုးမျိုးကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ဝယ်ရပါမယ်။ဝါဂွမ်းနဲ့ပဲအမျိုးမျိုးဝယ်ယူဖို့ကိစ္စမှာတော့ ပုဂ္ဂလိကကဏ္ဍကိုမြင့်တင်မှုလည်းပါပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က အမေရိကန်နိုင်ငံထုတ်ကုန်ပစ္စည်းတွေထဲမှာ အဝတ်အထည်တွေက များပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့အဝတ်အထည်တွေကို အမေရိကန်ဘက်က ဝယ်နေရင်းနဲ့ အမေရိကန်ဘက်က ကုန်သွယ်မှုလိုငွေ တနှစ်ကို သန်းခြောက်ထောင်နီးပါးရှိလာတာပါ။

ဒီတော့ အထည်ရက်လုပ်ဖို့ဝါဂွမ်းကို အမေရိကန်ဆီမှ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန် ဝယ်ခိုင်းပါတော့တယ်။

ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေနဲ့တွေ့ဆုံဖို့ရှိနေပြီး ကုန်သွယ်ရေးချဲ့ထွင်မှုဆိုင်ရာစာချွန်လွှာ (MoU)တရပ်ကိုလည်းလက်မှတ်ရေးထိုးကြဖို့ရှိနေပါတယ်။

ဂျပန်နဲ့ တောင်ကိုးရီးယားအပေါ်မှာ စည်းကြပ်ခွန် ဆယ့်ငါးရာခိုင်နှုန်းကိုပဲ ထားတော့မယ်လို့ အမေရိကန်ဘက်က ကြေညာထားပါတယ်။

အိမ်ဖြူတော်ရဲ့ ဇူလိုင်လ ၃၁ ရက်နေ့ ကြေညာချက်အရ ဘင်္ဂလားဒေ့ရှ်ဟာ အခွန်နှစ်ဆယ်ရာခိုင်နှုန်းပဲ ဆောင်ရတော့မှာပါ။

အဲဒီကြေညာချက်အရ မြန်မာနဲ့လာအိုကတော့လေးဆယ်ရာခိုင်နှုန်းအခွန်ဆောင်ရမယ်လို့ဆိုပါတယ်။

ကိုးကား

  • https://www.tbsnews.net/bangladesh/us-indicates-positive-response-reducing-tariffs-bangladesh-commerce-secretary-1200071
  • https://www.tbsnews.net/economy/final-day-us-bangladesh-tariff-talks-today-awaiting-decision-officials-1201461
  • https://finance.yahoo.com/news/live/trump-tariffs-live-updates-trump-outlines-sweeping-new-tariffs-for-dozens-of-trade-partners-200619934.html
PrevPreviousအာရက္ခတပ်တော်မှာ တနှစ်ကျော်ကြာမှသတင်းစာရှင်းလင်းပွဲပြုလုပ်မယ်
Nextမန္တလေးမြို့ရှိ စစ်ကောင်စီတပ်ရဲ့စစ်သင်္ဘောဆယ့်ခုနှစ်စီးကို တိုက်ခိုက်ခဲ့Next
Previous Post

အာရက္ခတပ်တော်မှာ တနှစ်ကျော်ကြာမှသတင်းစာရှင်းလင်းပွဲပြုလုပ်မယ်

Next Post

မန္တလေးမြို့ရှိ စစ်ကောင်စီတပ်ရဲ့စစ်သင်္ဘောဆယ့်ခုနှစ်စီးကို တိုက်ခိုက်ခဲ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - လူမူကွန်ရက်

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

March 19, 2026

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

March 19, 2026

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

March 19, 2026
Photo - APM

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

March 19, 2026

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

​မူတြော်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

​မြိုင်မှာ ရိက္ခာရှာထွက်တဲ့ပျူစောထီးတွေ မိုင်းဆွဲခံရ

Releated Post

ဓာတ်ပုံ - လူမူကွန်ရက်

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

March 19, 2026

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

March 19, 2026

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

March 19, 2026
Photo - APM

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

March 19, 2026
Photo-KNU

​မူတြော်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

March 18, 2026

​မြိုင်မှာ ရိက္ခာရှာထွက်တဲ့ပျူစောထီးတွေ မိုင်းဆွဲခံရ

March 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page