Border News Agency
ဘူးသီးတောင်၊နိုဝင်ဘာ ၁၃။
ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာပေါင်းကိုးရွာမှအိမ်ထောင်စုသုံးရာ့ခုနှစ်ဆယ့်ငါးစုအတွက် ဆောင်းသီးနှံ၊နွေစပါးမျိုးစေ့နဲ့စိုက်ပျိုးရေးသွင်းအားစုတွေကို မောင်တောခရိုင်ပါတီကော်မတီက အောက်တိုဘာလ နောက်ဆုံးအပတ်မှစလို့ ကူညီထောက်ပံ့ပေးနေပါတယ်။
အဲဒီကျေးရွာကိုးရွာအတွက် တရွာကိုမြေဧကငါးဆယ်နှုန်းနဲ့ စုစုပေါင်းမြေဧကလေးရာ့ငါးဆယ်စာမုန်ညင်း၊ အာလူး၊ ဗိုလ်စားပဲ၊ ကျောက်စိမ်းငရုတ် မျိုးစေ့တွေနဲ့ နွေစပါးမျိုးစေ့တွေကို ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။
အဲဒီအပြင် စိုက်ပျိုးရေးဌာန၊ စက်မှုလယ်ယာဌာနတို့နဲ့ပူးပေါင်းကာ စက်ယန္တရားတွေပံ့ပိုးပေးတာနဲ့ ရေချိုချောင်းတွေဆည်ဖို့ပေးတာတွေဆောင်ရွက်ပေးနေပြီး လက်ရှိမှာမြေဧကတရာ့ငါးဆယ် ကျော်ကိုထွန်ယက်ပြီးစီးနေပြီဖြစ်ပါတယ်။
ရှေ့ဆက်ပြီးလည်း ဘူးသီးတောင်မြို့နယ်ရှိ အခြားကျေးရွာတွေသို့ မြေဧကတွေထပ်မံတိုးချဲ့ကာ စိုက်ပျိုးရေးဆိုင်ရာအကူအညီတွေဆက်လက်ပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။



















