Border News Agency
ကရင်ပြည်၊ သြဂုတ် ၄။
ညောင်လေးပင်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းနှစ်ဆယ့်ခြောက်ဦးထဲက အိမ်ပြန်လိုသူတွေကို နေရပ်ပြန်ခွင့်ပြုခဲ့ပြီး မပြန်နိုင်သေးတဲ့သူတွေကို အလုပ်အကိုင်ရှာပေးထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ သြဂုတ်လ ၄ရက်၊ ဒီနေ့ကထုတ်ပြန်ပါတယ်။
တပ်မဟာ (၃)နယ်မြေ တောင်စုရွာမှာ စစ်ကြောင်းထိုးအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေကို ဇွန်လ ၂၅ရက်နေ့က KNLAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပန်းနှစ်ဆယ့်ခြောက်ဦးဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ တောင်စုနဲ့လယ်ဒိုမြို့နယ်တွင်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား နှစ်ဆယ့်သုံးဦးဖမ်းဆီးခံရပြီး တော်ဝိရွာတိုက်ပွဲမှာ သုံးဦးဖမ်းဆီးရမိခဲ့သလို လက်နက်ခဲ့ယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံရထားရတဲ့ စစ်သုံ့ပန်းတွေဟာစစ်ကောင်စီကအတင်းအဓမ္မစစ်သား စုဆောင်းခဲ့ပြီးမတရားစစ်မူထမ်းခံရသူတွေဖြစ်ကာ တချို့မှာစစ်မှုမထမ်းလိုတော့တဲ့စစ်မှုထမ်းသက်တမ်းပြည့် စစ်သားတွေလည်းပါဝင်တယ်လို့ဆိုတယ်။
အဲဒီစစ်သုံ့ပန်းတွေကို စစ်စည်းကမ်းဥပဒေနဲ့အညီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့တပ်ရင်း ၉ မှာ ထိန်းသိမ်းထားပြီး ပြန်လိုသူတွေကို ပြန်လွှတ်ပေးခဲ့တာလို့ဆိုပါတယ်။











