Border News Agency
ကျောက်ဖြူ၊ သြဂုတ် ၄။
ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party)ကို နိုင်ငံရေးပါတီအဖြစ် သြဂုတ်လ ၄ ရက်၊ဒီနေ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်ပါတယ်။
အဲဒီပါတီကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်းဦးဘရှိန်ဦးဆောင်တာဖြစ်ပြီး ပါတီဌာနချုပ်ကို ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ဦးဥတ္တမလ မ်း၊အိမ်အမှတ် ၄၉ မှာ ဖွင့်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇွန်လ ၉ ရက်နေ့က ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီးနောက် ဇွန်လ ၂၄ ရက်နေ့မှာပါတီမှတ်ပုံတ င်ခွင့်လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ရခိုင်လူမျိုးကိုယ်စားပြုဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party)ကို စစ်ကောင်စီက ပါတီမှတ်ပုံတင်ပေးထားပြီး ဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီလည်း မှတ်ပုံတင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ဒေါက်တာအေးမောင်နဲ့ဦးဘရှိန်ဟာ တရခိုင်အမျိုးသားပါတီ(ANP)ရဲ့ခေါင်း ဆောင်တာဝန်ယူခဲ့ကြသူတွေဖြစ်ပြီး ရခိုင်အမျိုးသားပါတီ(ANP)ကတော့ စစ်ကောင်စီက ပါတီတည်ထောင်ခွင့်မပြုပါဘူး။
အာရက္ခပြည်သူတွေဟာ ကိုယ့်ကံကြမ္မာကိုဖန်တီးခွင့်ကို နိုင်ငံရေးနည်းလမ်းနဲ့တောင်းယူလို့မရတာမို့ လက်နက်ကိုင်န ည်းလမ်းကို ထောက်ခံအားပေးခဲ့ကြတာလို့ လေ့လာသူတွေက ထောက်ပြထားကြပါတယ်။
ရခိုင်တိုင်းရင်းသားများပါတီဌာနချုပ်ဖွင့်ထားတဲ့ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်နေသလို ရခိုင့်ဦးဆောင်ပါတီဌာနချုပ်ရှိတဲ့စစ်တွေမြို့နယ်မှာလည်း နှစ်ဘက်စစ်ရေးတင်းမာနေကြပါတယ်။