Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး သတင်း

မဏိပူရပြည်နယ်ကို သမ္မတတိုက်ရိုက်အုပ်ချုပ်မှုအောက်မှာဆက်ထားမယ်

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

(သတင်းဆောင်းပါး)
Border News Agency
အိန္ဒိယ၊ သြဂုတ် ၈။

လူမျိုးစုပဋိပက္ခတွေဖြစ်ပွားပြီးနောက် မဏိပူရပြည်နယ်ကိုသမ္မတတိုက်ရိုက်အုပ်ချုပ်မှုအောက်မှာဆက်ထားဖို့ အိန္ဒိ ယအထက်လွှတ်တော်ဆုံးဖြတ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ပြည်နယ်ထဲကတခုဖြစ်တဲ့မဏိပူရပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ မေလကစပြီး လူမျိုးစုပြ ဿနာတွေဖြစ်ပွားခဲ့ပါတယ်။

ကသည်း(Meiteis)နဲ့ကူးကီး(Kuki)တွေကြားမှာ ပြီးခဲ့တဲ့ကာလတွေတလျှောက် ပြဿနာတွေဖြစ်နေခဲ့ပါတယ်။

အဲဒါကြောင့် မဏိပူရပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်အန်ဘီရင်ဆင်း (N Biren Singh) ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ လ ၁၃ ရက်မှာနုတ်ထွက်သွားခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး မဏိပူရပြည်နယ်ရဲ့အုပ်ချုပ်ရေးကို ဗဟိုအစိုးရကရယူထားပါတယ်။

အိန္ဒိယရဲ့နိုင်ငံတော်ဆိုင်ရာပြဋ္ဌာန်းချက်(Statutory Resoultion) အရ အိန္ဒိယအထက်လွှတ်တော်ရဲ့အတည်ပြုချက်ဟာ အရင်လိုပါတယ်။

ပြီးရင်အောက်လွှတ်တော်ရဲ့အထည်ပြုချက်က ထပ်လိုပါတယ်။ အိန္ဒိယအထက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အရ ဗဟိုအစိုးရက မဏိပူရပြည်နယ်ကို ခြောက်လတာဝန်ယူရမှာပါ။

အထက်လွှတ်တော်ရဲ့အထည်ပြုချက်အရ ဒီသတ်မှတ်ချက်ဟာ ဩဂုတ်လ ၁၃ ရက်နေ့ကစပြီးနောက်ထပ်ခြောက်လထိဆက်သွားမှာပါ။

အငြင်းအခုံတွေကြားကပဲ ဒုတိယအကြိမ်ခြောက်လသက်တမ်းကို အိန္ဒိယအထက်လွှတ်တော်က အတည်ထပ်ပြုလိုက်တာဖြစ်ပါတယ်။

အိန္ဒိယအထက်လွှတ်တော်ရဲ့ဒုတိယဥက္ကဋ္ဌဟာရိဗန်ရှ်(Harivsnsh)က ပြည် ထဲရေးဝန်ကြီးနိသျှနန်ရိုင်း(Nityanand Rai)ကို နိုင်ငံတော်ပြဋ္ဌာန်းချက်နဲ့ပတ် သက်လို့ ဆွေးနွေးဖို့ ဆင့်ခေါ်ထားပါတယ်။

ဒါကိုဆန့်ကျင်သူတွေကတော့ ဘီဟားရ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပြန်စစ်ဆေးပေးဖို့ကို တောင်းဆိုနေပါတယ်။

ဘီဟားရ်(Bihar) ရွေးကောက်ပွဲမှာ မဲမသာမှု၊ မဲခိုးမှု၊ မဲစာရင်းမှားယွင်းမှုတွေရှိတယ်လို့ အတိုက်အခံတွေကဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆ အရ မဏိပူရပြည်နယ်ဟာသမ္မတရဲ့ထိန်းချုပ်မှုအောက်မှာ နောက်ထပ်ခြောက်လထိရှိနေတော့မှာပါ။

အတိုက်အခံပါတီတွေက ဆွေးနွေးခန်း မထဲက ထွက်သွားသူတွေနဲ့ ကန့်ကွက်ကြောင်းကြွေးကြော်ကြသူ၊စကားပြောခွင့်ရဖို့ ထိုင်ခုန်ကို ကိုင်ပေါက်တဲ့သူနဲ့ အိန္ဒိယအထက်လွတ်တော်မှာ ပွဲစည်ခဲ့ပါတယ်။

ကသည်း(Meiteis)နဲ့ကူကီး(Kukis) ကြားကပြဿနာကသည်းနဲ့ ကူကီးတွေဟာ မဏိပူရပြည်နယ်ရဲ့ဌာနေလူမျိုးစုတွေဖြစ်ပါတယ်။

ကသည်း (Meitei)တွေက မဏိပူရပြည်နယ်လူဦးရေရဲ့ငါးဆယ်သုံးရာခိုင်နှုန်းရှိပြီး အများစုဟာဟိန္ဒုဘာသာဝင်တွေဖြစ်ပါတယ်။

ကသည်းတော်တော်များများဟာ အင်ဖာတောင်ကြား (Imphal Valley) မှာနေကြပြီး အဲဒီဧရိယာဟာ မဏိပူရနယ်မြေရဲ့ တဆယ်ရာခိုင်နှုန်း ရှိပါတယ်။

ကူးကီး-ဇိုအုပ်စုတွေကတော့ ကသည်းတွေလောက်လူမများပါဘူး။၂၀၁၁ ခုနှစ်၊အိန္ဒိယသန်းခေါင်စာရင်းအရ ကူးကီး-ဇို အုပ်စုဟာ မဏိပူရပြည်နယ် လူဦးရေရဲ့ဆယ့်ငါးဒသမခုနှစ်ကိုကိုယ်စားပြုပါတယ်။

အများစုက ခရစ်ယာန်တွေဖြစ်ကြပြီး မဏိပူရတောင်တန်းတွေမှာ နေထိုင်ကြပါတယ်။ကူးကီ- ဇိုတွေ နေထိုင်တဲ့ဧရိ ယာဟာ မဏိပူရမြေယာရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိနေပါတယ်။

မဏိပူရနာဂတွေကတော့ နှစ်ဆယ်ဒသ မကိုးရှိပါတယ်။ကျန်တဲ့လူနည်းစုတွေက တဆယ်ဒသမလေးရှိပါတယ်။

အဓိက ပြဿနာကမြေယာ

လူဦးရေ ငါးဆယ်သုံးရာခိုင်နှုန်းရှိတဲ့ကသည်းတွေက ပြည်နယ်ရဲ့တဆယ်ရာခိုင်နှုန်းသောမြေကိုပိုင်ပြီး လူဦးရေဆယ့်ငါးဒသမခုနှစ်ရာခိုင်နှုန်း ရှိတဲ့ကူကီး-ဇိုတွေကတော့ ကိုးဆယ်ရာခိုင်နှုန်းကိုပိုင်နေတာပါ။

ပဋိပက္ခမြေပုံ (1) – (2)

ကသည်းတွေက မဏိပူရမြေရဲ့ မြေပြန့်လွင်ပြင်နေရာတွေကို ယူထားတာပါ။ မြေပြန့်က တောင်တန်းတွေထက် ဖွံ့ဖြိုးဖို့လွယ်ပါတယ်။

မြေပြန့်က တောင်တန်းထက်မြို့ပြဖြစ် ထွန်းဖို့၊ မြို့ရွာတည်ဖို့နဲ့ စိုက်ပျိုးထွန်ယ က်ဖို့ ပိုလွယ်ပါတယ်။

ပြည်နယ်မြို့တော်အင်ဖာဟာ ကသည်းတွေနေရာယူထားတဲ့အင်ဖာတောင် ကြားဝန်းကျင်ထဲမှာရှိပါတယ်။

ကသည်းတွေက လူဦးရေများလာတဲ့အခါ မြေနေရာတွေပိုလိုအပ်လာပါတယ်။ ဒီတော့ တောင်တန်းတွေကိုလိုက်ဝယ်ကြပါတယ်။

အဲဒီလိုဝယ်ကြတဲ့အခါ ကူကီး-ဇိုတွေက သူတို့နေရာတွေ ပဲ့ပါသွားမှာကိုကြော က်ပြီး သူတို့ရဲ့ဓလေ့ထုံးတမ်းဥပဒေ (Tribal Law)အရ ပိတ်ပင်လိုက်ပါတ ယ်။

ကူကီး-ဇိုတွေက မဏိပူရပြည်နယ်ရဲ့ စာရင်းဝင်လူမျိုးစု(Scheduled list)ထဲမှာပါတဲ့အခါ သူတို့မှာသူတို့နယ်မြေနဲ့ပတ် သက်လို့ (Tribal law)ကို သုံးလို့ရနေပါတယ်။

အဲဒီအခါ ကသည်းတွေကလည်း သူတို့ကို ပြည်နယ်ရဲ့စာရင်းဝင်လူမျိုးစုထဲသတ်မှတ်ဖို့ တောင်းဆိုလာပါတယ်။ ကူကီး-ဇိုတွေက အဲဒါကိုလန့်ပြီးကန့်ကွက်ပါတယ်။

အဲဒီလိုဖြစ်နေတဲ့အခါ (မဏိပူရပြည် နယ်ဝန်ကြီးချုပ်ကသည်းလူမျိုးက)ကူကီး-ဇိုတွေဟာ မြန်မာဘက်ကတရားမဝင်လာသူတွေဖြစ်တယ်။ပြီးရင် တောင် တန်းတွေမှာ ဘိန်းစိုက်တယ်လို့ ပြောလာပါတယ်။

အဲဒီအချက်ကို ဌာနေကူကီး-ဇိုတွေက သူတို့ရဲ့ ဌာနေဖြစ်မှုကို စိန်ခေါ်တဲ့အချက်လို့ ခါးခါးသီးသီးခံစားသွားရပါတော့တယ်။

မဏိပူရပြည်နယ်ထဲမှာ ကသည်း၊ ကူကီး-ဇို၊နာဂလူမျိုးစုတွေထဲမှာ နဂိုက တည်းက ပြဿနာတွေကရှိထားပြီးသားပါ။ပြီးရင် ကိုယ်စီကိုယ်စီ လက် နက်ကိုင်တပ်ဖွဲ့တွေနဲ့နိုင်ငံရေးအာဂျင်တာတွေက ရှိနေကြပါတယ်။

မဏိပူရပြည်နယ်ရဲ့အခြေအနေက သမ္မ တတိုက်ရိုက်ထိန်းချုပ်မှုအောက်မှာတည်ငြိမ်စပြုနေပါပြီ။တည်ငြိမ်အောင်လည်း အားထုတ်ကြိုးစားနေကြသူတွေက ဘက်အသီးသီးမှာရှိသလို ပွဲဖျက်သူတွေလည်းရှိနေပါတယ်။

နောက်ထပ် ခြောက်လအလွန်မှာ တည် ငြိမ်မှုကတည်မြဲနေရင် ဗဟိုအစိုးရက ပြည်နယ်ကို အာဏာပြန်လွှဲပေးရတော့မှာပါ။

အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ပြည်နယ်တွေဟာ ပြဿနာတွေထဲကပဲ တိုးတက်ဖွံ့ဖြိုးမှုလက္ခဏာတွေ ပြနေပါတယ်။

ကိုးကားလင့် – https://m.economictimes.com/news/politics-and-nation/rajya-sabha-adopts-resolution-to-extend-president-rule-in-manipur-for-six-months/articleshow/123115535.cms

ရုပ်ပုံကိုးကားလင့် – https://acleddata.com/infographic/political-violence-indias-manipur-state-2023-2025

PrevPreviousရေနံချောင်းကို စစ်ကောင်စီတပ်ဒရုန်းဗုံးနဲ့တိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရရ၊ စေတီတွေပျက်စီး
Nextကျောက်ဖြူမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်Next
Previous Post

ရေနံချောင်းကို စစ်ကောင်စီတပ်ဒရုန်းဗုံးနဲ့တိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရရ၊ စေတီတွေပျက်စီး

Next Post

ကျောက်ဖြူမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နတ်တလင်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်မှ ၁၀ ဦးသေဆုံး

May 7, 2026
ဓာတ်ပုံ - သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ - ၄

အုတ်ဖိုမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အခိုင်းအစေနှစ်ဦး ဖမ်းဆီးရမိ

May 6, 2026
Ref/Photo - Al Jazeera

အမေရိကန်-အီရန် စစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်က အဓိကအခန်းကဏ္ဍက ပါဝင်လာနိုင်

May 6, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်တပ်ဖွဲ့

တာ့ခ်ခရိုင်မှာ စိတ်ကြွဆေးပြားနှစ်သောင်းကျော်နဲ့အတူ အမျိုးသားတဦး ဖမ်းဆီးခံရ

May 6, 2026

နတ်တလင်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်မှ ၁၀ ဦးသေဆုံး

အုတ်ဖိုမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အခိုင်းအစေနှစ်ဦး ဖမ်းဆီးရမိ

အမေရိကန်-အီရန် စစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်က အဓိကအခန်းကဏ္ဍက ပါဝင်လာနိုင်

တာ့ခ်ခရိုင်မှာ စိတ်ကြွဆေးပြားနှစ်သောင်းကျော်နဲ့အတူ အမျိုးသားတဦး ဖမ်းဆီးခံရ

စစ်အုပ်စုနဲ့ရော်ဂျာစတုန်းတို့ရဲ့ လော်ဘီစာချုပ်အပေါ် JFM ရှုတ်ချ

​တရုတ်သို့ ဆန်တင်ပို့မယ့် ကုမ္ပဏီအသစ်တွေကို EOI တင်ဖို့ဖိတ်ခေါ်

Releated Post

နတ်တလင်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်မှ ၁၀ ဦးသေဆုံး

May 7, 2026
ဓာတ်ပုံ - သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ - ၄

အုတ်ဖိုမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အခိုင်းအစေနှစ်ဦး ဖမ်းဆီးရမိ

May 6, 2026
Ref/Photo - Al Jazeera

အမေရိကန်-အီရန် စစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်က အဓိကအခန်းကဏ္ဍက ပါဝင်လာနိုင်

May 6, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်တပ်ဖွဲ့

တာ့ခ်ခရိုင်မှာ စိတ်ကြွဆေးပြားနှစ်သောင်းကျော်နဲ့အတူ အမျိုးသားတဦး ဖမ်းဆီးခံရ

May 6, 2026

စစ်အုပ်စုနဲ့ရော်ဂျာစတုန်းတို့ရဲ့ လော်ဘီစာချုပ်အပေါ် JFM ရှုတ်ချ

May 6, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​တရုတ်သို့ ဆန်တင်ပို့မယ့် ကုမ္ပဏီအသစ်တွေကို EOI တင်ဖို့ဖိတ်ခေါ်

May 6, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page