Border News Agency
မြောက်ဦး၊ သြဂုတ် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဥ်အန္တရယ်ကင်းရှင်းရေးတွေ ပြုလုပ်နေပါတယ်။
အဲဒီ အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပြည်သူတွေဝင်ရောက်နေတဲ့အချိန်မှစလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြည်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေက ယာဥ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခစစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက အာရက္ခပြည်သူလူထူတွေ ယာဥ်အန္တရာယ်မဖြစ်စေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခဒေသကမြို့နယ်ဆယ့်လေးမြို့နယ်အပါအဝင် ပလက်ဝဒေသကိုပါသိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တားတွေဖော်ဆောင်နေပါတယ်။
Comments 1
https://geffest.blogspot.com/2025/05/blog-post.html