မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ သြဂုတ် ၁၄။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။
ခ။ ကုလသမဂ္ဂ၏လုပ်ငန်းစဉ်မူဘောင်။
B. FRAMEWORK FOR UN ACTION
ကုလသမဂ္ဂ၏လုပ်ငန်းစဉ်များတွင် မြေ ယာနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးတ ည်ဆောက်မှုကို ဆောင်ရွက်နိုင်သော (Priority Entry Points)များနှင့်အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်သော(Catalytic Levers) များအတွက် မဟာဗျူဟာမြောက် ရွေးချယ်မှုများပါရှိရမည်ဖြစ်သည်။
ပဋိပက္ခအပေါ် ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ် ဖြင့်ချဉ်းကပ်မှုနှင့် ပဋိပက္ခစက်ဝန်းအားကိုင်တွယ်ရန်အတွက်လည်း မဟာဗျူဟာမြောက်ရွေးချယ်မှုများပါရှိရမည်ဖြစ်သည်။
နိုင်ငံတခုချင်းစီ၏အခြေအနေအတွက် ဝင်ရောက်စွက်ဖက်မှုခိုင်မာအားကော င်းစေရန် ကုလသမဂ္ဂစနစ်များနှင့်ထိုယန္တရားများက ဦးဆောင်မှုများကြောင့် နိုင်ငံရေးနယ်ပယ်နှင့်နည်းပညာနယ်ပ ယ်တွင် ပူးပေါင်းချမှတ်သော မဟာဗျူဟာများကို အားကောင်းစေရမည်ဖြစ်သည်။
မြေလွှာကြောမြေပုံ၊မြေပေါ်မြေအောက် တည်ရှိသောအရာများ စသည့် (Embedding Land)များနှင့်ပတ်သက်၍ မူဘောင်များမှာ ကုလသမဂ္ဂ၏ မြေပြင်ယန္တရားများတွင် ရှိနေရမည်ဖြစ်သည်။
အဆိုပါမူဘောင်များနှင့်ပတ်သက်၍ အရည်အသွေးမြှင့်တင်ခြင်း၊ပူးပေါင်းဆောင်ရွက်မှုခိုင်မာခြင်းများရှိရမည်ဖြစ်သည်။
ထို Embedding land ဆိုင်ရာ မူဘောင်များကို ဖော်ဆောင်သည့်အခါ ကုလသ မဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)နှင့်လည်းကွဲလွဲကောင်း ကွဲလွဲစွာဆောင်ရွက်နိုင်သည်။
ခ.၁။ ပဋိပက္ခအပေါ်ခွဲခြမ်းစိတ်ဖြာမှုတွ င် မြေသည်အရေးပါသော အစိတ်အပိုင်းတရပ်ဖြစ်သည်ကို သေချာစေခြင်း။
B.1 Ensure Land is an Integral Part of Conflict Analysis။
- ပဋိပက္ခတခုအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာတွင် မြေသည်ပဋိပက္ခနှင့်ဆက်စပ်နေသောရေသောက်မြစ်(Root Causes)လား။ ပဋိပက္ခအားအရှိန်မြင့်စေသောကိစ္စ (Drivers)လား။ ပဋိပက္ခဖြ စ်စေရန် မောင်းခလုပ် (Triggers)လား ဆိုသည်ကို အချက်အလက်ကောက်ယူဆန်းစစ်သင့်သည်။
- မြေယာအား ပဋိပက္ခ၏အစိတ်အပိုင်းတရပ်အဖြစ်သတ်မှတ်ရာတွင် မြေယာပဋိပက္ခ၏ဇစ်မြစ်ကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။
ထိုသို့ခွဲခြမ်းမှုအားနိုင်ငံရေးဆိုင်ရာဆွေးနွေးစေ့စပ်မှုနှင့်အစီအစဉ်ရေးဆွဲမှုများကို ဖော်ဆောင်ရာတွင် အသုံးပြုသင့်သည်။
- မြေယာပဋိပက္ခ၏ဇစ်မြစ်အား ခွဲခြမ်း စိတ်ဖြာခြင်း(Root Cause Analysis of Land Issues)။
ပဋိပက္ခနှင့်ဆက်နွယ်သော မြေယာပြ ဿနာလား။ ပဋိပက္ခ၏ဇစ်မြစ်လား။ ပဋိပက္ခအားစတင်စေသော အချက်လား ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာမှု အစိတ်အပိုင်းများ။
၁။ နိုင်ငံရေးအရဖယ်ထုတ်ခြင်းပုံစံ (Politics of Exclusion)မြောက်မှုအချက်များ။
- လူများအား ၎င်းတို့နေထိုင်ရာ ရပ်ရွာ (မြေယာနှင့်အိုးအိမ်)မှရွေ့ပြောင်းစေခြင်း။(နိုင်ငံအတွင်းရွေ့ပြောင်းစေခြင်း (သို့မဟုတ်)နိုင်ငံဖြတ်ကျော်ရွေ့ပြောင်းစေခြင်း စသည့်အချက်နှစ်ခုစလုံး အကြုံးဝင်သည်။)
၂။ သဘာဝအရင်းအမြစ် နည်းပါးလာမှု (Scarce natural resources) ပုံစံမြော က်မှုအချက်များ။
- ဦးရေသိပ်သည်းမှု(Population Pressure)မှ ဖြစ်လာသော ရိုက်ခတ်မှုများရှိခြင်း။သဘာဝပတ်ဝန်းကျင် အရ ည်အသွေးနှိမ့်ကျပျက်ယွင်းလာခြင်း၊ မြေယာအရည်အသွေးနိမ့်ကျလာခြင်း၊ ရေအရင်းအမြစ်အပေါ်တွင် အငြင်းပွားမှု ဖြစ်လာခြင်း။
၃။ ဦးရေသိပ်သည်းမှု(Population Pressure)ပုံစံမြောက်မှုအချက်များ။
- လူဦးရေနှင့်မြေယာဆက်စပ်မှု(လူဦးရေပထဝီဝင်)အရ လူဦးရေအရ မြေကိုလိုအပ်လာခြင်း။လူနှင့်မြေအချိုးမညီ မျှခြင်း(Increased land-to-people occupancy ratio)၊မြို့ပြဖြစ်ထွန်းလာခြင်း။မြို့ပြကြီးမားကျယ်ပြန့်လာခြင်း၊ လူငယ်ဦးရေးတိုးပွားနေခြင်း (youth population bulge)။
၄။ နိုင်ငံ၏ လက်တံခြေတံများမှ အုပ်စီးဝါးမြိုမှု(Capture of State Instruments)ပုံစံမြောက်မှုအချက်များ။
- လာဘ်စားလာဘ်ယူခြင်း၊အဂတိလို က်စားခြင်း၊မြေယာဌာနဆိုင်ရာအဖွဲ့အ စည်းများကို နိုင်ငံခေါင်းဆောင်များမှ နိုင်ငံရေးဇတ်သွင်းပေးထားခြင်း၊ဩ ဇာအာဏာရှိသော အသိုင်းအဝန်းနှင့် ချမ်းသာကြွယ်ဝသူများမှမြေယာမှတ် ပုံတင်ကိစ္စရပ်များကို အုပ်စီးဝါးမြိုထားခြင်းနှင့် မြေယာဥပဒေအား ၎င်းတို့အကျိုးအမြတ်အတွက် ပုံဖော်ခြင်း။
၅။ အသုံးချပိုင်ခွင့် အခွင့်အရေးအပေါ် အားပြိုင်မှု (Competition over use rights)ပုံစံမြောက်မှုအချက်များ။
- မြေယာနှင့်ဆက်စပ်ပတ်သက်မှုရှိသော သရုပ်သကန်များကိုပိုင်ထားသော အုပ် စုအချင်းချင်းကြား အငြင်းပွားမှုများ၊ ဥပမာ- တိရစ္ဆာန်များကို မွေးမြူ၍ ရွေ့ပြောင်းသွားလာနေသူ(Pastoralists) များနှင့်လယ်သမား(Farmers) များကြား အငြင်းပွားမှုများ။
၆။ သဘာဝသယံဇာတကို အလွန်အကြူးထုတ်ယူခြင်းနှင့်ရာဇဝတ်ပြစ်မှုမြောက်ခြင်း(Natural Resource Exploitation And Criminality)ပုံစံ မြောက်အချက်များ။
- လက်နက်ကိုင်ပုန်ကန်မှု၊အာခံတွန်းလှန်မှု (သို့မဟုတ်) ရာဇဝတ်အုပ်စုများက ရံပုံငွေရရှိရန် သဘာဝသယံဇာတအား အလွန်အကြူးထုတ်ယူခြင်း။
၇။ အမျိုးသားနိုင်ငံတော်များကွဲပိုင်း ရှင်သန်ခြင်း(Nation State Fragmentation)ပုံစံမြောက်အချက်များ။
- နယ်မြေနှင့်ဆက်နွယ်သော သရုပ်သ ကန်အုပ်စုများအနေဖြင့် လှုပ်ရှားလာခြင်း။
၈။ ဆင်းရဲမွဲတေမှု၊ဆင်းရဲချို့တဲ့မှု (Poverty)ပုံစံမြောက်မှုအချက်များ။
- ဆင်းရဲမွဲတေမှု၊မညီမျှမှုနှင့်မြေကိုလက်ရှိလက်ခံရယူခွင့်မရှိခြင်း၊မြေယာဆိုင်ရာအခွင့်အရေးများချို့တဲ့ကန့်သ တ်ခံရခြင်း။
၉။ သိမ်းပိုက်အုပ်ချုပ်ထားခြင်း (Occupation of land)ပုံစံမြောက်အချ က်များ။
- လက်နက်ကိုင်အုပ်စုများကသော်လ ည်းကောင်းသိမ်းယူခြင်း၊နိုင်ငံခြားတပ် ဖွဲ့များကသော်လည်းကောင်း သိမ်းယူခြင်း၊နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ အငြင်းပွားခြင်း စသည့်အချက်များ
ကြောင့် ဖြစ်လာခြင်း။
၁၀။ ဥပဒေစနစ်ယန္တရားများ စုံလင်ခြင်း (Plural legal systems)ပုံစံမြောက်မှု၊ ဥပဒေအချင်းချင်းပွတ်တိုက်ခြင်း ပုံစံမြောက်မှုအချက်များ။
- ပုဂ္ဂလိကနှင့်နိုင်ငံတော်ကြားတွင် အငြင်းပွားမှု၊(ရပ်ရွာဒေသထုံးတမ်းအရ ပိုင် ဆိုင်မှု၊ဓလေ့ထုံးတမ်းအရပိုင်ဆိုင်မှု၊ ဌာနေလူမျိုးစုများ၏ ဒေသန္တရထုံးတမ်းအရ ပိုင်ဆိုင်မှု၊တိရိစ္ဆာန်များကို မွေးမြူ ၍လှည့်လည်သွားလာသူ (Pastoralists)များ၏ အစဥ်အလာအရပိုင်ဆိုင်မှု)စသဖြင့် ပိုင်ဆိုင်မှုပုံစံအမျိုးမျိုးဖြင့်အငြင်းပွားခြင်း။
(အငြင်းပွားကြသူများတွင် မြေယာနှင့် သက်ဆိုင်ဆက်နွယ်မှု၊ လက်ရှိအသုံးချခွင့်ရမှုတို့နှင့်ပတ်သက်၍ အထောက် အထားကိုယ်စီကိုယ်စီရှိနေကြသည်။ ထိုအထောက်အထားများကို ထုတ်ပေးသည့်ဥပဒေများသည်လည်းတည်ဆဲ ကျင့်သုံးဆဲ ဖြစ်နေကြသည်။ ထိုအခြေအနေမျိုးဖြင့် အငြင်းပွားကြခြင်းဖြစ်သည်။)
၁၁။ ပါဝါထုတည်အုပ်စုများကြားတွင် စီးပွားရေယဉ်ပြိုင်မှု၊နိုင်ငံရေးယဉ်ပြိုင်မှု (Economic and Political Competition Between Power Blocks) ပုံစံမြောက်မှုအချက်များ။
- နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့်ဒေသ ခံရပ်ရွာ လူမှုအသိုင်းအဝန်းကြား အား ပြိုင်ကြခြင်း။
၁၂။ မြေယာစီမံခန့်ခွဲမှု၊အုပ်ချုပ်မှု၊ တ ရားစီရင်ဆုံးဖြတ်မှုနှင့်ဥပဒေမူဝါဒများ ရေးဆွဲရာတွင် အားနည်းချက္များရှိမှု (Weak Land Administration Systems)ပုံစံမြောက်မှုအချက်များ။
- အားနည်းသောနိုင်ငံဖြစ်နေခြင်း၊ မြေယာမူဝါဒ၊ ဥပဒေ၊ အင်စတီကျူးရှင်းများ၊ မြေယာစီမံခန့်ခွဲမှု၊ မြေယာကြီးကြပ်မှု၊ မြေအသုံးချမှုအစီအစဥ်စနစ်ယန္တရားများရေးဆွဲမှု၊ မြေယာအုပ်ချုပ်ရေးစွမ်းရည်၊ မြေယာအုပ်ချုပ်ရေးအဆောက်အအုံ စသည့်အချက်များအားလုံးအားနည်းခြင်းနှင့် အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်သော၊ ကိုင်တွယ်နိုင်သော စွမ်းရည်ပျောက်ဆုံးခြင်း။
၁၃။ သဘာဝဘေးအန္တရာယ်များ (Natural Disaster) ကြောင့် ပုံစံမြောက်အချက်များ။
- သဘာဝဘေးဒဏ်သင့်နေရာမှ လူများနေရာပြောင်းရွေ့ရခြင်း၊ထိုသို့နေရာပြောင်းရွေ့သူများကို နေရာချရာတွင် မြေသိမ်းယူမှုများ ဖြစ်လာခြင်း။
၁၄။ မျိုးရိုးစက်ဝန်းတွင်း(သို့မဟုတ် ) မိသားစုစက်ဝန်းတွင်းအကြမ်းဖက်မှု(Inter-Generational Violence) ပုံစံမြောက်မှုအချက်များ။
- ကျား/မလိင်ကွဲပြားမှုကိုအခြေခံ၍ အ ကြမ်းဖက်ခြင်း၊မိသားစုအတွင်းအမွေ၊ဘုံပိုင်မြေယာကိစ္စများတွင် အားပြိုင်ကြခြင်း၊ထိုသို့အားပြိုင်ရာတွင် ကျား/မ တန်းတူအခွင့်အရေးကို အသိအမှတ်မပြုခြင်း။
၁၅။ ပုံမကျပန်းမကျ မြို့ပြဖြစ်ထွန်းခြင်း(Chaotic urbanization)ပုံစံမြောက်မှုအချက်များ။
- ရပ်ရွာနယ်မြေတခုအတွင်းသို့ အစုအ ပြုံလိုက်အပြင်မှလူများဝင်ရောက်လာသောအခါ ဝင်လာသူများအတွက် မြေ ယာများ၊အိုးအိမ်များ၊အခြေခံအဆော က်အအုံများလိုအပ်လာခြင်း။ထိုသို့လို အပ်လာသောအခါ ပုံပန်းမကျ မြို့ပြများဖြစ်လာခြင်း။
ဆက်လက်ဖော်ပြပါမည်။