Border News Agency
စစ်ကိုင်း၊ သြဂုတ် ၂၂။
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို သြဂုတ်လ ၂၁ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ မနေ့ ညနေ ၁၀ နာရီခွဲအချိန်ခန့်က လေးတိုင်စင်ရွာမူကြိုကျောင်းနဲ့ဆေးခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရသွားတာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီရေနံချောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရသွားသလို မူကြိုကျောင်းနဲ့စာသင်တန်းကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင်ဩဂုတ်လ ၈ ရက်နေ့ကလည်း ရေနံချောင်းမြို့နယ်၊လည်ကျည်းရိုးကျေးရွာ ကိုးတောင်ပြည့်ဘုရားဝင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စေတီပုထိုးတွေပျက်စီးသွားခဲ့ပါတယ်။










