Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် လူမျိုးရေးရာ သတင်း အာရက္ခဒေသ

ဘိုတီးယား ၁

Author picture

By

BNA Author
Reading Time: 6 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဒီဇင်ဘာ ၂၁။

တိဘက်လူမျိုးများက သူတို့ကိုယ်သူတို့ ဘိုပါ(Bhopa)ဟုခေါ်သည်။ ဘိုပါအခေါ်အဝေါ်ကိုပင် ဥရောပသားအချို့က ဘိုတီးယား(Bhotia)ဟု ဆိုကြသည်။တိဘက်၊ ဘူတန်၊ ဆစ်ကင်သည် ဘိုတီးယားများဖြစ်ကြသည်။

လိုသျှမ်ပါ(Lhotshampa)များကို ဘူတန်များ မကြိုက်ရသည့်ကိစ္စ၏အ ကြောင်းရင်းခံများထဲတွင် ဆစ်ကင်း (Sikkim)ပြည်နယ်၏ အကြောင်းတရားလည်းပါသည်။

လိုသျှမ်ပါအကြောင်းကိုပြောလျှင် လောလောဆယ် တရုတ်ပြည်ထဲတွင်ပါနေသော တိဘက်အခြမ်းကို ဖယ်ထား ၍ရသည်။

ဆစ်ကင်ပြည်နယ်ဖြစ်စဉ်နှင့်ဘူတန်၏ လိုသျှမ်ပါအကြောက်ရောဂါ

ဆစ်ကင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ဘူတန်သည် အိပ်မက်ဆိုးတခုရှိသည်။

တိဘက်နှင့်ဘူတန်သည် “ညီအစ်ကို တော်စပ်သူများ” ဖြစ်သည်။

ဆစ်ကင်း၏မူလအခြေချမျိုးနွယ်စုကြီးနှစ်ခုထဲမှတခုဖြစ်သောဘူတီးယား (Bhutia)များလည်း တိဘက်အနွယ်များဖြစ်သည်။ ဘူတီးယားများ တိဘက်မှဆစ်ကင်ကိုဝင်ရောက်လာသောအချိန်မှာ ၁၄ ရာစုဝန်းကျင်ဖြစ်သည်။

ဘူတီးယား “Bhutia” ဆိုသောစကားလုံးက “တိဘက်ကလာသူ” ဟူသော သဘောဖြစ်သည်။

တိဘက်၊ဘူတန်နှင့်ဆစ်ကင်သည် ရင်း မြစ်တခုတည်းက ဆင်းသက်လာသော်လည်း သမိုင်းကြောင်း၊ ပထဝီဝင်နှင့်နိုင်ငံရေးအခြေအနေများက ကိုယ်ပိုင်သီးခြားဝိသေသလက္ခဏာများရှိနေကြသည်။

အုပ်ချုပ်ရေးစနစ်တွင် တခုနှင့်တခုမတူကြပေ။

ဆစ်ကင်တွင် တိဘက်နွယ်ဖွားချိုဂယယ်(Chogyal)မင်းဆက်ရှိခဲ့သည်။ ထိုမင်းဆက်ကဆစ်ကင်ကို ၁၆၄၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ အုပ်ချုပ်ခဲ့သည်။

ချိုဂယယ်မင်းဆက်ကာလတွင် ဆစ်ကင်မှာ သီးခြားလွတ်လပ်သောဗုဒ္ဓဘာသာ ဘုရင်စနစ်နိုင်ငံတော်တခုဖြစ်သည်။

ချိုဂယယ်မင်းဆက်ကာလဆစ်ကင်၏ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဘာသာရေး ထုံးတမ်းစဉ်လာများမှတိဘက်နှင့် တထပ်တည်းနီးပါးတူညီခဲ့သည်။

ဘူတန်၏အဓိကတိုင်းရင်းသားဖြစ်သောဒရွတ်ပ(Drukpa)များသည် ၉ ရာစုတွင် တိဘက်မှဘူတန်ကို ပြောင်းရွှေ့အခြေချလာသူများဖြစ်သည်။ ဘူတန် ၏ရုံးသုံးဘာသာစကားဖြစ်သော ဒရွန်ခါ(Dzongkha)မှာ တိဘက်ဘာသာစ ကား၏ဒေသန္တရမျိုးကွဲတခုဖြစ်သည်။

အက္ခရာစာရေးသားပုံ(Alphabet)က တိဘက်နှင့်တူညီသော်လည်း စကားပြောသောအခါအသံထွက်၊ ဝေါဟာရအသုံးအနှုန်းများတွင် သိသိသာသာ ကွဲပြားသွားခဲဲ့ပြီဖြစ်သည်။ (ဥပမာ – မြန်မာစကားနှင့်ရခိုင်စကားကွဲပြားသလိုမျိုးဖြစ်သည်။)

တိဘက်ရော ဘူတန်ပါ ဝဇ္ဇရာယနဗုဒ္ဓဘာသာ(Vajrayana Buddhism)ကို ကိုးကွယ်ကြသည်။ သို့ရာတွင် ဂိုဏ်းခွဲခြင်းမှာ ကွဲပြားကြသည်။

တိဘက်တွင် အဓိကအားဖြင့် ဂေလုပါ (Gelugpa)ဂိုဏ်း(အဝါရောင်ဦးထုပ် ဆောင်းဂိုဏ်း)က လွှမ်းမိုးထားပြီးဒလို င်းလားမား(Dalai Lama)ကို အထွတ် အထိပ်ထားသည်။

ဘူတန်တွင် အဓိကအားဖြင့် ဒရွတ်ပကာဂယူးပါ(Drukpa Kagyu)ဂိုဏ်း(အနီရောင်ဦးထုပ်ဆောင်းဂိုဏ်း)ကို ကိုးကွယ်ကြသည်။ ထိုဂိုဏ်းသည် ဘူတန်၏ နိုင်ငံတော်ဘာသာလည်းဖြစ်သည်။

ဘူတန်အမျိုးသားများဝတ်စုံဂို(Gho)နှင့် အမျိုးသမီးများဝတ်စုံကီရာ(Kira)မှာ တိဘက်ဝတ်စုံချူပါ(Chupa)ကနေဆင်းသက်လာခြင်းဖြစ်သည်။

တိဘက်နှင့်ဘူတန်သည် မူလရင်းမြစ်တူညီသော်လည်း ဘူတန်က သူကိုယ်သူ တိဘက်လူမျိုးလို့ မခေါ်ပေ။

“ဘူတန်လူမျိုး” (Drukpa)အဖြစ်သာ ဂုဏ်ယူစွာခံယူကြသည်။ တိဘက်မှာ ၎င်းတို့၏ “ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာမိခင်မြေ” ဖြစ်သော်လည်း နိုင်ငံရေးအရလုံးဝသီးခြားစီရပ်တည်သည်။

၁၉ ရာစုလောက်တွင် ဗြိတိသျှများက ဆစ်ကင်နှင့် ဘူတန်ဘက်သို့ နီပေါလူမျိုးများကို ခေါ်သွင်းလာပြီး စိုက်ပျိုးရေးအတွက် အသုံးချခဲ့သည်။

ပြဿနာ ဇစ်မြစ်အစက ဆစ်ကင်တွင် အခြေစတည်ခဲ့သည်။ နီပေါလူမျိုးလူဦးရေက ဆစ်ကင်တွင် တဖြေးဖြေးတိုး ပွားလာခဲ့သည်။

ထိုသို့တိုးပွားလာသောအခါ မူရင်းဌာနေတိဘက်အနွယ်များနှင့် ပဋိပက္ခများရှိလာတော့သည်။

၁၉၇၀ ပြည့်လွန်ကာလများတွင် ဆစ်ကင်၏ချိုဂယယ်(Chogyal)မင်းဆက်အုပ်ချုပ်မှုအပေါ် နီပေါနွယ်ဖွားများ ဦးဆောင်သော နိုင်ငံရေးပါတီများက ဆန့်ကျင်လာခဲ့သည်။

“တဦးလျှင်တမဲစနစ်”

နီပေါနွယ်ဖွား နိုင်ငံရေးပါတီများက ဆစ်ကင်တွင် တဦးလျှင်တမဲ(One Man, One Vote)စနစ်ကို တောင်းဆိုသည်။

ထိုအချိန်ကဆစ်ကင်တွင်ကျင့်သုံးနေသောရွေးကောက်ပွဲစနစ်က(Parity System)အညီအမျှခွဲဝေယူစနစ်ဖြစ်သည်။

၁၉၇၀ ပြည့်လွန်ကာလများတွင် နီပေါအနွယ်များက ဆစ်ကင်လူဦးရေ၏ ၇၅ ရာခိုင်နှုန်းကို ရောက်နေပြီဖြစ်သည်။ ဌာနေဘူတီးယား(Bhutia)နှင့်လီပချာ (Lepcha)များက ၂၅ ရာခိုင်နှုန်းသာရှိတော့သည်။

ဆစ်ကင်း၏အုပ်ချုပ်သူ ချိုဂယယ် (Chogyal)မင်းဆက်က ဌာနေဘူတီးယား(Bhutia)နှင့်လီပချာ(Lepcha)များ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက်စဉ်းစားကာ “အညီအမျှခွဲဝေယူစနစ် (Parity System)” ကိုကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

ဆစ်ကင်ဘုရင်ချိုဂယယ်မင်းဆက်၏ Parity System စနစ်

၁။ ပါလီမန်ထိုင်ခုံ(Parliament Seat)

ဆစ်ကင်ပါလီမန်လွတ်တော်တွင် နီပေါအနွယ်များကို တဝက်၊ ဘူတီးယား- လီပချာများကို တဝက်ပေးထားသည်။

သို့ဖြစ်၍ ဆစ်ကင်ပါလီမန်တွင် နီပေါအနွယ်များက ကိုယ်စားလှယ်တဝက်ကိုရရှိပြီးဘူတီးယား-လီပချာများကကိုယ် စားလှယ်တဝက်ကို ရရှိမည်ဖြစ်သည်။

၂။ မဲရေတွက်ပုံ၊ မဲပေးပုံစနစ်(Voting Rules)

ပါလီမန်ထိုင်ခုံအား ညီတူညီမျှခွဲဝေပေးခြင်းက လူဦးရေကိုအခြေမခံ၊ လူမျိုးစုကို အခြေခံသည့်သဘောဖြစ်သည်။

လူမျိုးစုအချင်းချင်းကြား ဝေစုခွဲဝေမှု (Quota Solution)က သာမန်အရဆိုလျှင် သင့်တော်ညီညွှတ်သော ဖြေရှင်းနည်းဖြစ်သည်။

သို့သော် မြုပ်ကွက်က ရှိနေသည်။ ထိုမြုပ်ကွက်က မဲရေတွက်ပုံစနစ်(Voting Rules)ဖြစ်သည်။ မဲရေတွက်ပုံစနစ်တွင် အမတ်တဦးသည် မဲအနိုင်ရရန် မိမိလူမျိုးစု၏ ထောက်ခံမဲလောက်သာမဟုတ်၊ အခြားမိမိနှင့်မတူညီသော လူမျိုးစုဆီက မဲအချိုးအစားတခုလိုသည်။ ဥပမာ – အခြားလူမျိုးစုတခုဆီမှ ၁၅မဲရထားရန်လိုသည်။

ထိုမဲမရပါက မိမိလူမျိုးစုထံမှပေးသောမဲမည်မျှပင်များပါစေ မဲမအောင်တော့ပေ။

၃။ ဘုရင်ကတိုက်ရိုက်ခန့်အပ်သောအမတ်များ

ဆစ်ကင်ပါလီမန်တွင် ရွေးကောက်ပွဲနှင့် တက်လာသော အမတ်များပင်မဟုတ် ဘုရင်က တိုက်ရိုက်ခန့်အပ်သောအမတ်များရှိသည်။

၁၉၇၀ ပြည့်လွန့်နှစ်များတွင် ဆစ်ကင်ဥပဒေအရ ဘုရင်ကခန့်အပ်သော အမတ်ဦးရေမှာ ဆစ်ကင်ပါလီမန်၏ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည်။

၄။ ပြဿနာ

ဤသို့ဆိုပါလျှင် ထိုအချိန်ကာလ ဆစ်ကင်ပြည်ကို မြင်ယောင်ကြည့်ပါက နီပေါအနွယ်များသည် ဆစ်ကင်ပြည်၏ ၇၅ ရာခိုင်နှုန်းရှိနေသည်။

ဆစ်ကင်မူလဌာနေဘူတီးယာ-လီပချာက လူနည်းစုဖြစ်နေသည်။အညီအမျှ ခွဲဝေယူစနစ်ကညီမျှမှု၊မျှတမှု(Equalit y)နှင့် ဒီမိုကရက်တန်ဖိုးပါမှအနှစ်သာရရှိသည်။

မဲပေးပုံ၊ မဲရေတွက်ပုံစနစ်အရ မိမိလူ မျိုးစုမဟုတ်သော အခြားလူမျိုးစု၏ ၁၅ မဲလိုအပ်သည်။

ဘူတီးယားနှင့်လီပချာက လူမျိုးမတူ၊ သို့သော် တွဲစပ်နေသည်။

သို့ဖြစ်၍ မိမိလူမျိုးစု မဟုတ်သောသူများထံမှ ၁၅ မဲက ဘူတီးယားကို လီပချာက ထောက်ခံလျှင်ဖြစ်စေ၊လီပချာကို ဘူတီးယားက ထောက်ခံလျှင်ဖြစ်စေ ကိစ္စမရှိတော့။

ကိစ္စရှိနေသည်က နီပေါအနွယ်အမတ်များက ဒုက္ခတွေ့တော့သည်။ ပို၍ ရုပ်ပျက်သည်က ဘုရင်ကတိုက်ရိုက်ခန့်သော အမတ်များဖြစ်သည်။

ထိုအမတ်များထဲတွင် အများစုမှာဘူတီးယားနှင့် လီပချာထဲကသာဖြစ်သည်။ နီပေါအနွယ်က ပါသော်လည်းနည်းသည်။ အညီအမျှခွဲဝေယူစနစ်က ညီမျှမှု၊မျှတမှု(Equality)နှင့် ဒီမိုကရက်တန် ဖိုးပါမှ အနှစ်သာရရှိမည်ဖြစ်သော်လည်းဆစ်ကင်ဘုရင်၏ အညီအမျှခွဲဝေယူစနစ်ကား နီပေါအနွယ်တို့အတွက် တန်းတူညီမျှမှုနှင့်ဒီမိုကရက်တန်ဖိုးမရှိဖြစ်နေသည်။

ဤသို့ဖြင့် ဆစ်ကင်ရှိ နီပေါအနွယ်များက လူဦးရေကို အခြေခံသောလူတကို ယ်မဲတမဲ(One man, One Vote)စနစ်ကို တောင်းဆိုလာတော့သည်။ One man, One Vote အရဆိုလျှင် သူတို့က ၇၅ ရာခိုင်နှုန်းရှိသည်ဖြစ်၍ Majority အများစုမဲဖြင့် ပွဲသိမ်းမည်ဖြစ်သည်။

ဆစ်ကင်၏မြေပြင်အရှိတရားအရ Parity System စနစ်မှာ တရားမျှတမှုနှင့် ဒီမိုကရက်တန်ဖိုးသာပြည့်ဝခဲ့လျှင်ဆစ်ကင်အတွက် လူမျိုးစုအချင်းချင်းကြားတွင် နိုင်ငံရေးအရ လိုက်လျောညီ ထွေရှိနိုင်သည့်စနစ်တခုဖြစ်သည်။

သို့သော် ထိုသို့ဖြစ်မလာခဲ့။ နီပေါအနွယ်များကိုလည်း နောက်မှဝင်လာသူတွေ ဆစ်ကင်သားမဟုတ်ဟု ပြော၍လည်းမရတော့ပြီ။ ဌာနေ ဘူတီးယား – လီပချာ များကလည်း ဌာနေအိမ်ရှင်ဖြစ်သော်လည်း လူနည်းစုဖြစ်နေသည်။

ဆစ်ကင်၏အနာဂတ်အတွက် အပြန်အ လှန်အသာစီးယူချင်မှုက အဆင်မပြေတော့ပေ။

နီပေါအနွယ်အုပ်စုများက လူမျိုးစုအလိုက် အမတ်နေရာ ခွဲတမ်းချစနစ်မှာ ၎င်းတို့အတွက် ဒီမိုကရေစီမဆန်ဟု ယူဆလာကြသည်။

ဘူတီးယား – လီပချာက နီပေါအနွယ်များအရာရာကို လွှမ်းမိုးသွားပြီး ၎င်းတို့နေရာ ပျောက်မှာကို စိုးရိမ်ကြသည်။

၁၉၇၃ ခုနှစ်တွင် ဆန္ဒပြပွဲတွေ အကြီး အကျယ်ဖြစ်ပွားလာသည်။ ဆစ်ကင်ဘုရင်လည်း မထိန်းနိုင်တော့ချေ။ အိန္ဒိယအား ကြားဝင်ထိန်းသိမ်းရန်အကူအညီလှမ်းတောင်းရသည်။အိန္ဒိယလည်း ဆစ်ကင်သပွတ်အူတွင် အစလိုက်ကောက်ရတော့သည်။ အိန္ဒိယဝင်လာပြီးနောက်တွင် ဆစ်ကင်၌ အချိုးအကွေ့များဖြစ်လာခဲ့သည်။

၁။ သုံးပွင့်ဆိုင်သဘောတူညီချက် (Tripartite Agreement – 1973)

၁၉၇၃ ခုနှစ် နန်းတော်ရှေ့ဆန္ဒပြပွဲအပြီးဘုရင်ချိုဂယယ်(Chogyal)၊ နီပေါနွယ်ဝင် နိုင်ငံရေးပါတီများနှင့်အိန္ဒိယအစိုးရသဘောတူညီချက်ရရှိခဲ့သည်။

ထိုသဘောတူညီချက်တွင်…

“တဦးလျှင်တမဲ” စနစ် ရွေးကောက်ပွဲကျင်းပပေးမည်။

ဘုရင်၏အာဏာကို လျှော့ချပြီးအိန္ဒိယက ခန့်အပ်သောအုပ်ချုပ်ရေးမှူးက စီမံခန့်ခွဲမည်။

၂။ ၁၉၇၄ ရွေးကောက်ပွဲနှင့် အပြတ်အသတ်အနိုင်ရမှု

၁၉၇၄ ခုနှစ်တွင် “တဦးလျှင်တမဲ” စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရာကာဇီလဲင်ဒပ်ဒိုရ်ဂျီး(Kazi Lhendup Dorjee)ဦး ဆောင်သော ဆစ်ကင်ကွန်ဂရက်စ် (Sikkim Congress)ပါတီက အမတ်နေ ရာ ၃၂ နေရာတွင် ၃၁ နေရာထိ အပြတ်အသတ်အနိုင်ရခဲ့သည်။

၃။ ၁၉၇၄ ခုနှစ် ဆစ်ကင်အစိုးရအက် ဥပဒေ

အနိုင်ရလွှတ်တော်မှဘုရင်၏အာဏာကို “ရုပ်သေး” အဆင့်ထားသော ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်သည်။ ဆစ်ကင် ဘုရင်မှ ထိုဥပဒေကို လက်မှတ်မထိုးဘဲငြင်းဆန်ရန် ကြိုးစားခဲ့သော်လည်း အိန္ဒိယဖိအားကြောင့်လက်မှတ်ထိုးခဲ့ရသည်။

ထိုဥပဒေက ဆစ်ကင်မှာအိန္ဒိယ၏ “တွဲဖက်ပြည်နယ်” (Associate State) ဖြစ်လာသည်။

၄။ လူထုဆန္ဒခံယူပွဲသို့ ဦးတည်ခြင်း (၁၉၇၅)

ဘုရင်က သူ့၏အချုပ်အခြာအာဏာကို ပြန်ရနိုင်ရန်ကုလသမဂ္ဂအား တိုင်တန်းကြိုးစားလာသောအခါ အိန္ဒိယနှင့်ဆစ်ကင်လွှတ်တော်(နီပေါနွယ်ဝင်အမတ်များ)က ဘုရင်စနစ်အား အပြီးတိုင်ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်သည်။

၁၉၇၅ ခုနှစ်တွင် ဆစ်ကင်ဘုရင်နန်းတော်အား အိန္ဒိယစစ်တပ်မှဝိုင်းရံထားပြီးဘုရင်နန်းစောင့်တပ်အား လက်နက်ဖြုတ်သိမ်းလိုက်သည်။

၁၉၇၅ ဧပြီလ ၁၀ ရက်နေ့ ဆစ်ကင်လွှတ်တော်မှ “ဘုရင်စနစ်ကို ဖျက်သိမ်းပြီး အိန္ဒိယနှင့်အပြည့်အဝ ပူးပေါင်းရန်” တညီတညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်သည်။

လွှတ်တော်၏ဆုံးဖြတ်ချက်ကို ပြည်သူမှသဘောတူမှုကို သက်သေပြရန် ဧပြီလ ၁၄ ရက်နေ့၌ လူထုဆန္ဒခံယူပွဲအရေးပေါ် ကျင်းပရန်ဆုံးဖြတ်လိုက်ကြသည်။

၅။ ဆစ်ကင်လူထုဆန္ဒခံယူပွဲ(၁၉၇၅)

အိန္ဒိယကြီးကြပ်မှုဖြင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။ ဆစ်ကင်ပြည်သူ ၉၇ ရာခိုင်နှုန်းကျော်က ဘုရင်စနစ်ကို ဖျက်သိမ်းပြီး အိန္ဒိယနှင့်ပူးပေါင်းရန်မဲပေးခဲ့ကြသည်။ (ဤနေရာတွင်လူဦးရေအ များစုဖြစ်သော နီပေါနွယ်ဖွားများ၏ မဲက အဆုံးအဖြတ်ဖြစ်သွားခဲ့သည်ဆိုသော်လည်း ဘူတီးယား-လီပချာ၏ မဲဆန္ဒလည်း ပါနေသည်။

အဘယ်ကြောင့်ဆိုသော် နီပေါအနွယ်က ၇၅ ရာခိုင်နှုန်းရှိရာ ၉၇ ရာခိုင်နှုန်းကိုရရန် ၂၂ ရာခိုင်နှုန်းလိုနေသည်။

ထိုလိုနေသော ၂၂ ရာခိုင်နှုန်းမှာဘူတီးယား-လီပချာ၂၅ ရာခိုင်နှုန်းဖြစ်သည်။

၁၉၇၅ ခုနှစ်၊မေလ ၁၆ ရက်နေ့ ဆစ်က င်သည် အိန္ဒိယ၏၂၂ ခုမြောက်ပြည် နယ်ဖြစ်လာခဲ့သည်။

၆။ အငြင်းပွားဖွယ်ရာအချက်များ

ဆစ်ကင်ဘုရင်ကလူထုဆန္ဒခံယူပွဲအား နှုတ်ထွက်ခဲ့သည်။

လူထုဆန္ဒခံယူပွဲနှင့်ပတ်သက်၍ ၉၇ ရာခိုင်နှုန်းထောက်ခံချက်ဆိုသည်ကလ ည်း အငြင်းပွားစရာများထဲတွင် ရှိနေသည်။

ဘူတီးယား- လီပချာများ အမှန်တကယ်မဲထည့်ခဲ့ပါသလား။

ဘူတီးယားနှင့်လီပချာကြားတွင်လည်း ပြဿနာကရှိသည်။ ဘူတီးယား-လီပချာ အားလုံးမှာ ဘုရင်သစ္စာခံဟူ၍ သတ်မှတ်၍ မရပေ။

အထူးသဖြင့် လီပချာ(Lepcha)မျိုးနွယ်စုဝင်တချို့တွင် ဘုရင် (ဘူတီးယားနွယ်ဖွား)၏ အုပ်ချုပ်မှုအောက် သူတို့အပေါ် “ဒုတိယတန်းစားမျိုးနွယ်စု” အဖြစ်သာ ဆက်ဆံသည်ဟု ခံစားချက်ရှိသည်။

ထိုကဲ့သို့ခံစားချက်ကြောင့်ပင် နီပေါနွ ယ်ဝင်ခေါင်းဆောင်ဖြစ်သူ ကာဇီလဲင်ဒပ်ဒိုရ်ဂျီး( Kazi Lhendup Dorjee )ကိုယ် တိုင်ပင် ဘူတီးယား-လီပချာ အနွယ်ဝင်ဖြစ်သော်လည်း နီပေါအနွယ်များနှင့်ပေါင်းစည်းစေခဲ့သည်။

သူ၏ဦးဆောင်မှုနောက်သို့ လိုက်ပြီး ဘုရင်စနစ်ကို ဆန့်ကျင်ခဲ့သော ဘူတီးယား-လီပချာတွေ အတော်များများ ရှိခဲ့သည်။

လူထုဆန္ဒခံယူပွဲက လွတ်လပ်ပါသလား။

၁၉၇၅ ခုနှစ် လူထုဆန္ဒခံယူပွဲ ကျင်းပချိန်သည် အခြေအနေ ပုံမှန်မဟုတ်ပေ။ အိန္ဒိယစစ်တပ်မှ နန်းတော်ကို ဝိုင်းထားပြီး ဘုရင့်တပ်မတော်ကို လက်နက်ဖြုတ်သိမ်းထားသည်။လမ်းမများပေါ်တွင် အိန္ဒိယစစ်သားများနှင့်အိန္ဒိယလိုလားသူများ ပြည့်နေသည်။

ဘုရင်စနစ်ကို ထောက်ခံသူများ ဖမ်း ဆီးခံရ၊တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြသည်။ဘုရင်ကို ကြိုက်သော်လည်း အန္တရာယ်ကင်းအောင်”အိန္ဒိယနှင့်ပေါ င်းရန်” မဲပေးခဲ့ကြသူများရှိနိုင်သည်။

မဲစာရင်းနှင့်ရလဒ်အပေါ် သံသယများ

သမိုင်းပညာရှင်အချို့နှင့်ဘုရင်ထောက်ခံသူများက ၉၇ ရာခိုင်နှုန်းကိန်းဂဏန်းအား “ပြင်ဆင်ထားတဲ့ရလဒ်” ဟုဆိုကြသည်။

လူထုဆန္ဒခံပွဲအား တက်သုတ်ရိုက်လုပ်မှုကို ထောက်ပြကြသည်။ လွတ်တော်မှ ဆုံးဖြတ်ချက်ချပြီး ၇၂ နာရီအတွင်း လူထုဆန္ဒခံယူပွဲကို အမြန်ကျင်းပခဲ့ခြင်းဖြစ်သည်။

တောတောင်ထူထပ်သော ဆစ်ကင်အတွက် မြန်မြန်ဆန်ဆန်နှင့် ၉၇ ရာခိုင်နှု န်းထိ မဲပေးရန်မဖြစ်နိုင်ဟု ဆိုကြသည်။ မဲရလဒ်ကို ကြီးကြပ်ရေတွက်သူမှာလည်း အိန္ဒိယမှခန့်အပ်ထားသည့်အရာရှိများသာ ဖြစ်သည်။

လူထုဆန္ဒခံယူပွဲကျင်းပချိန် ဆစ်ကင်ပြည်နယ်အတွင်း ပြင်ပသတင်းထောက်များနှင့်နိုင်ငံခြားသား ဝင်ရောက်ခွင့် တင်းကျပ်ထားခဲ့သည်။

ဆစ်ကင်သတင်းမှန်သမျှ အိန္ဒိယအစိုး ရသတင်းပြန်ကြားရေးဌာနမှ ထွက်လာနေခြင်းသာရှိသည်။

ဆစ်ကင်ဘုရင် ကုလသမဂ္ဂထံ အကြိမ်ကြိမ်ဆက်သွယ်ပြီး ကြားဝင်ပေးရန် တောင်းဆိုခဲ့ရာတွင် အိန္ဒိယကတယ်လီ ဖုန်းလိုင်း ဖြတ်တောက်ထားခဲ့သည်။

နယူးဒေလီရှိ နိုင်ငံခြားသံတမန်များကိုလည်း ဆစ်ကင်အရေးသည်အိန္ဒိယ၏ ပြည်တွင်းရေကိစ္စသာဖြစ်ကြောင်း ပြောဆိုထားသည်။

အကြောင်းပြချက်က အိန္ဒိယအစိုးရနှင့် ဆစ်ကင် ၁၉၅၀ စာချုပ်အရ အိန္ဒိယ၏ အကာအကွယ်ပေးခံ(Protectorate State)ဖြစ်ရာ ဆစ်ကင်တွင် ဖြစ်ပျက်မှုက အိန္ဒိယ၏ပြည်တွင်းရေးသာဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ကုလသမဂ္ဂကဲ့သို့ အဖွဲ့အစ ည်းများ ဝင်ရောက်စွက်ဖက်ရန်လမ်းကြောင်းကို ပိတ်ပင်ထားသည်။

နိုင်ငံတကာအခြေအနေ

ဗီဲယက်နမ်စစ်ပွဲအပြီးသတ်ကာလဖြစ်နေချိန် အမေရိကန်အနေဖြင့် အာရှနိုင်ငံငယ်လေးအရေးဖြင့် အိန္ဒိယနှင့်ပြဿနာမတက်ချင်ပေ။

တရုတ်ကအိန္ဒိယ၏လုပ်ရပ်အား “နယ်ချဲ့ဝါဒ” ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သော်လည်း စစ်ရေးအရဝင်ရောက်ကူ ညီဖို့ရန်စိတ်မပါပေ။

အမှန်က ဆစ်ကင်ကို တရုတ်လည်းမျက်စိနေကျနေခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် တိဘက်ကို တရုတ်က စစ်တပ်အင်အားဖြင့် သိမ်းထားပြီးပြီ ဖြစ်သည်။

လူထုဆန္ဒခံယူပွဲ၏ထူးဆန်းမှုများ

နိုင်ငံတကာစောင့်ကြည့်သူ မရှိသော ဆစ်ကင်ဆန္ဒခံယူပွဲတွင် သံသယဖြစ်စ ရာများက ပြွတ်သိပ်ကျန်နေခဲ့သည်။

ရွေးကောက်ပွဲကျင်းပကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်းမှာတင် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော် မဲရုံကိုလာရောက်နိုင်မှုက တောတောင်ထူထပ်သော ဆစ်ကင်အတွက် မယုံနိုင်စရာပင်။

မဲရလဒ် ၉၇ရာခိုင်နှုန်းဟူသည်ဒီမိုကရေစီသမိုင်းတွင် အလွန်ရှားပါးသည့် ကိန်းဂဏန်းဖြစ်ပြီး ပုံမှန်အားဖြင့် အာ ဏာရှင်နိုင်ငံများတွင်သာတွေ့ရလေ့ရှိသော ရလဒ်မျိုးဖြစ်သည်။

၁၉၇၅ ခုနှစ်၊အိန္ဒိယအုပ်ချုပ်ရေးမှူးအ ဖြစ်တာဝန်ယူခဲ့သော ဘီအက်စ်ဒါစ် (B.S. Das)၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် “ဆစ်ကင်လူထုဆန္ဒခံယူပွဲသည် နိုင်ငံရေးအရလိုအပ်ချက်အရ လုပ် ဆောင်မှုဟန်ပြပွဲ(Charade)” ဟု ဝန်ခံထားသည်။

“ကျွန်တော်မှားခဲ့ပါတယ်”

ဤစကား၏ အဓိကဇာတ်ဆောင်ဖြစ်သူ နီပေါအနွယ်ပါတီခေါင်းဆောင်ကာဇီလဲင်ဒပ်ဒိုရ်ဂျီး(Kazi Lhendup Dorjee)၏ ကြေကွဲဖွယ်ရာစကားဖြစ်သည်။

သူက ဘုရင်စနစ်ကို ဖြုတ်ချပြီး ဆစ်ကင်ကို ဒီမိုကရေစီနိုင်ငံအဖြစ် မြင်ချင်ခဲ့သည်။

သို့သော် အိန္ဒိယပြည်နယ်ဖြစ်သွားပြီးနောက်ပိုင်းအာဏာသည် သူတို့ရွေး ကောက်ထားသောအစိုးရလက်ထဲမရှိတော့ပေ။

နယူးဒေလီမှလာသော ပြည်နယ်အုပ်ချုပ်ရေးမှူး(Governor)လက်ထဲကို ရောက်သွားသည်။

အိန္ဒိယက ဆစ်ကင်ကို ကိုယ်ပိုင်အုပ် ချုပ်ခွင့်(Autonomy)အတိုင်းအတာထိ ပေးမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင် အိန္ဒိယ၏တခြားပြည်နယ်များကဲ့သို့ တိုက်ရိုက်ထိန်းချုပ်ခံနေရသည်။

၁၉၇၅ ခုနှစ်မှာ ၉၇ ရာခိုင်နှုန်းမဲဖြင့်အနိုင်ရခဲ့သူကာဇီလဲင်ဒပ်ဒိုရ်ဂျီးတစ်ယောက် ၄ နှစ်ကြာ ၁၉၇၉ ခုနှစ်ရွေးကောက် ပွဲ၌ တနေရာမှမနိုင်တော့ပေ။

ဆစ်ကင်ပြည်သူများ (နီပေါအနွယ်ဝင်နှင့်ဘူတီးယား)က အိန္ဒိယလက်အောက်ရောက်သွားပြီးနောက်ပိုင်းလွတ်လပ်မှုဆုံးရှုံးသွားမှုကို သတိပြုမိလာပြီး သူ့အား “နိုင်ငံကိုရောင်းစားသူ” ဟု ထင် မြင်သွားကြသည်။

နိုင်ငံရေးလောကမှအထီးကျန်စွာ ဖယ် ထုတ်ခံလိုက်ရပြီးကာလင်ပွန် (Kalimpong)ရှိ သူ့၏အိမ်တွင် တဦးတည်းနေထိုင်သွားခဲ့ရသည်။

“ကျွန်တော်မှားခဲ့ပါတယ်”၊ “ကျွန်တော်ဟာ ဆစ်ကင်ပြည်သူတွေအတွက် ဒီမိုကရေစီကို ယူဆောင်ပေးချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ဟာ အိန္ဒိယရဲ့နယ်ချဲ့အစီအစဉ်မှာ အသုံးချခံလိုက်ရတဲ့ နယ်ရုပ်ဖြစ်သွားခဲ့တယ်ဆိုတာ နောက်ကျမှ သိလိုက်ရပါတယ်။”ဟု သူ့ဘဝ နောက်ဆုံးနှစ်များတွင် သတင်းထောက်များလာရောက်တွေ့ဆုံသောအခါည ည်းတွားခဲ့သည်။

၂၀၀၇ ခုနှစ် အသက် ၁၀၃ နှစ်အရွယ်တွင် သူကွယ်လွန်သွားခဲ့သည်။

ဘူတန်အတွက်အိပ်မက်ဆိုး

ဆစ်ကင်ဖြစ်ရပ်သည် ဘူတန်အစိုးရအတွက် ခြောက်လန့်စရာအိပ်မက်ဆိုးဖြစ်သည်။

နီပေါနွယ်ဖွားလိုသျှမ်ပါလူဦးရေများလာလျှင် တနေ့ဆစ်ကင်လို ဖြစ်သွားမည်လား။ မူလဘူတန်(တိဗက်နွယ်ဖွား) ယဉ်ကျေးမှုက လိုသျှမ်ပါ နီပေါယဉ် ကျေးမှုအောက် ပျောက်သွားမည်လား ဆိုသည့် အတွေးဝင်လာတော့သည်။

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဘူတန်သည် “Citizen Act” ဥပဒေထုတ်ကာလိုသျှမ်ပါတွေကို စိစစ်နှင်ထုတ်ဖို့ ကြိုးစားခဲ့တော့သည်။

ဆစ်ကင်၏ဖြစ်ရပ်က ဘူတန်အတွက် အမျိုးသားလုံခြုံရေးအပေါ် အစွန်းရောက်သည်ထိ ကာကွယ်ရမည်ဆိုသော တွန်းအားကို ဖြစ်ခဲ့သည်။

ဤသို့ဖြင့်လုပ်ရပ်က လူ့အခွင့်အရေး တွင်မှားယွင်းနေသည်ကိုပင်နိုင်ငံပျော က်မသွားအောင်ကာကွယ်မှုဟုယူဆသည်။

ထိုယူဆချက်ကြောင့် ယခုအခါ ဘူတန်ဒစ်လည်နေပြန်သည်။

တဖက်တွင် ဘူတန်အတွက် တရုတ်၏ ခြိမ်းခြောက်မှုရှိသည်။

သို့ဖြစ်၍ ဘူတန်သည် အိန္ဒိယထံတွင် ရင်ငွေ့လုံနေရသည်။

ဒိုကလမ်(Doklam)၏ အရေးပါမှု

တရုတ်က ဘူတန်၏အနောက်ဘက် ဒိုကလမ်ဒေသကို မျက်စိကျသည်။ ဒိုကလမ်ကအိန္ဒိယ၏ “ကြက်လည်ပင်း (Chicken’s Neck)”ဆီလီဂူရီလမ်း ကြောင်း(Siliguri Corridor)ကို အပေါ် စီးကမြင်ရသောနေရာဖြစ်သည်။

တရုတ်က ဒိုကလမ်ကို ထိန်းချုပ်နိုင်လျှင်အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ် ၇ ခုကို အိန္ဒိယကုန်းမကြီးနှင့်ပြတ်တော က်အောင် လုပ်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။

ဒိုကလမ်နားတွင် တရုတ်က လူနေအဆောက်အအုံများ တည်ဆောက်နေသည်။ ဒိုကလမ်နှင့်ဆစ်ကင်က ကပ်လျှက်ရှိသည်။

ဆစ်ကင်အား အိန္ဒိယဆွဲသွင်းမှုက ထိုအချက်ကြောင့်လည်းဖြစ်သည်။ အိန္ဒိယနှင့်တရုတ်အားပြိုင်မှုက ဘင်္ဂလားပင်လယ်အော်တွင်သာရှိသည်မဟုတ်၊ ဟိမဝန္တာအခြမ်းတွင်လည်း ရှိနေသည်။

ဆက်ရန်…

ကိုးကား

  • https://en.wikipedia.org/wiki/Doklam
  • https://en.wikipedia.org/wiki/Kazi_Lhendup_Dorjee
  • https://en.wikipedia.org/wiki/Sikkim
  • https://www.hrw.org/legacy/backgrounder/wrd/refugees/3.htm
PrevPreviousစစ်ကော်မရှင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်
Nextပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ​တချို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်Next
Previous Post

စစ်ကော်မရှင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်

Next Post

ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ​တချို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

ရွှေရေကြည်သပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

January 10, 2026

မူးမြို့နယ်ကိုစစ်ကော်မရှင်တပ်ကြောင်းအရပ်သားလေးဦးသေဆုံး

January 10, 2026

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

January 10, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

အိုင်စီဂျေကြားနာမှုမှာ စစ်ကော်မရှင်လျှောက်လဲချက်ပေးမယ်

January 10, 2026

ရွှေရေကြည်သပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

မူးမြို့နယ်ကိုစစ်ကော်မရှင်တပ်ကြောင်းအရပ်သားလေးဦးသေဆုံး

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

အိုင်စီဂျေကြားနာမှုမှာ စစ်ကော်မရှင်လျှောက်လဲချက်ပေးမယ်

​ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ဒရုန်းမွမ်းမံသင်တန်းဆင်းပွဲ

“ကျနော်တို့မှာစျေးကွက်မရှိပါ။ ကျနော်တို့ဒါကိုဘယ်လိုရောင်းရမလဲ။ ဖရဲသီးစျေးကွက်ရှိရင် ကျနော်တို့သုံးထောင်နဲ့လဲရောင်းနိုင်ပါတယ်…။”

Releated Post

ဓာတ်ပုံ-အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

ရွှေရေကြည်သပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြ

January 10, 2026

မူးမြို့နယ်ကိုစစ်ကော်မရှင်တပ်ကြောင်းအရပ်သားလေးဦးသေဆုံး

January 10, 2026

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

January 10, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

အိုင်စီဂျေကြားနာမှုမှာ စစ်ကော်မရှင်လျှောက်လဲချက်ပေးမယ်

January 10, 2026
ဓာတ်ပုံ-ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း

​ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ဒရုန်းမွမ်းမံသင်တန်းဆင်းပွဲ

January 10, 2026

“ကျနော်တို့မှာစျေးကွက်မရှိပါ။ ကျနော်တို့ဒါကိုဘယ်လိုရောင်းရမလဲ။ ဖရဲသီးစျေးကွက်ရှိရင် ကျနော်တို့သုံးထောင်နဲ့လဲရောင်းနိုင်ပါတယ်…။”

January 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page