Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၁။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကော်မရှင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားတာတွေပြုလုပ်ခဲ့တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုမှ ဒီဇင်ဘာလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားရေးကို တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီးစာသားတွေနဲ့ အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း လှုပ်ရှားမှုပြုလုပ်ခဲ့တာလို့ဆိုပါတယ်။











