Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အဖွဲ့အစည်းတခု၏ အလေ့အထနှင့် လူနည်းစု

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
24
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ မေ ၃။

အချိန်ကာလကား…သံတွဲမြို့သိမ်းပြီးနောက် တောင်ကုတ်မြို့နယ်တွင် မြို့သိမ်းတိုက်ပွဲ အစပြုလာချိန်ကဖြစ်သည်။

အရပ်သားပြည်သူများမှာ အဆင်ပြေရာနေရာများသို့ စစ်ရှောင်ကြရသည်။

“ရပ်”

သုံးဘီးတစီးအား ULA/AA ဂိတ်မှတား မြစ်သံ။သုံးဘီးပေါ်တွင် အမျိုးသမီး သုံးလေးငါးဦးခန့်ပါကြသည်။

ဂိတ်မှတပ်ဖွဲ့တဦးထွက်လာကာ ထိုအမျိုးသမီးများအား မေးလိုက်သည်။

“ဇာကလာလဲ၊ ဇာကိုလားဖို့လဲ”

“ကျွန်မတို့…ရွာကို သွားဖို့အကိုရေ…”

“ကျွန်မလို့ မပြောဂေ့၊ အကျွန်လို့ပြော၊ ဒေနီရာကလူတိ ခွီးစကားလီသံစီ ပြောကတ်တေ”

စစ်ဆေးမှုပြီးသွားပုံရသည်။ သုံးဘီးထွက်ခွာသွားသည်။ သုံးဘီးပေါ်ရှိ အမျိုး သမီးသုံးလေးယောက်မှာ နှုတ်ဆိတ်လျှက်၊မျက်နှာပျက်လျှက်…။

ဤသည်က ဖြစ်ရပ်တခု။ နေရာအတိအကျကိုတော့ ဇာတ်ရှုပ်မည်ဖြစ်၍မပြောလိုတော့ပြီ။

ယင်းတုန်းက ထိုဖြစ်ရပ်ကို ကြည့်၍ တွေးထင်ခဲ့မိသည်။ ULA/AA အနေဖြင့် ဤသို့အောက်ခြေတွင် လူထုအား လေယူလေသိမ်းအပေါ် ခွဲခြားဆက်ဆံသည့် အဖြစ်အပျက်များကို တစုံတရာထိန်း သိမ်းလာလိမ့်မည်ဟု။

သို့သော် ထိုကဲ့သို့အဖြစ်အပျက်များကား အချိန်တခုကြာလာသည့်တိုင် အောင် ရှိနေမြဲ….။

လူထုဆက်ဆံရေးနှင့်ပတ်သက်၍ အရ ပ်သားများနှင့် နိစ္စဒူဝထိတွေ့နေရသည့် နယ်ပယ်တွင် ဆောင်ရွက်နေသော အောက်ခြေအဆင့်အဖွဲ့ဝင်များအား ULA/AA ထိပ်ပိုင်းက လူထုနှင့်ပြေပြေလည်လည်ဆက်ဆံရန် လမ်းညွှန်ထားနိုင်ကောင်းသည်။

သို့သော် အောက်ခြေတွင် အထက်တွင် ဖော်ပြခဲ့သောဖြစ်ရပ်မျိုးက တချက်တချက်ရှိနေအုံးမည့် သဘောလည်းဖြစ်နေသည်။

ထိုတချက်တချက်ရှိနေမှုက “ဒေသိယ လေယူလေသိမ်းမတူသော လူထုမှာ တခါမဟုတ် တခါတော့ ထိုသို့အစော်ကားခံရနိုင်သည်။”ကို ပြနေသည့်သဘောပင်။

အကယ်၍ ထိုကဲ့သို့ဖြစ်ရပ်အား ဟိုး လေးတကျော်ကျော်ဖြစ်သွားပါက အောက်ခြေအဖွဲ့ဝင်အပေါ် ULA/AAက ဒဏ်ပေးပြ၊ အရေးယူပြလာနိုင်သည်။

ထိုသို့မဟုတ်ဘဲ ထိုဖြစ်စဉ်မျိုးမရှိဟု ငြင်းဆန်ပယ်ချသွားနိုင်သည်။

ထိုဒဏ်ပေးအရေးယူပြမှု သို့မဟုတ် ငြ င်းဆန်မှု နှစ်မျိုးစလုံးထက် အရေးကြီးသောအရာက”ထိုကဲ့သို့ ဖြစ်စဉ်များနော က်ထပ်မပေါ်ပေါက်လာစေရန် မည်သို့ ပြင်ဆင်မည်နည်း။”ဆိုသော မေးခွန်းက စဉ်းစားရမည့်အပိုင်းဖြစ်သည်။

ပြစ်ဒဏ်ပေးမှုထက်စနစ်ဖြင့် အာမခံမှုက ပိုကောင်းသည်။ သို့သော် ငြင်းဆန်ပါက စနစ်ကိုလည်း ဘာမှထပ်မျှော်လင့်စရာမရှိတော့ပေ။

ထိုသို့ဖြစ်နေပါက အနီးအနားနီးစပ်ရာ မည်သူကို တိုင်ကြားနိုင်သည်ဆိုသော ယန္တရားစနစ်မျိုးက လူထုအတွက်လိုလာသည်။

သို့ရာတွင် လူထုအတွက် ထိုသို့ယန္တရားစနစ်မျိုးကမရှိပေ။ တိုင်ကြားစရာက လက်လှမ်းတမှီတွင် ရှိသည်ဆိုအုံးတော့။ ခံရသူလူထုက အကြောက်တရားကြောင့် အသံထွက်နိုင်မည်မဟုတ်ပါကလည်း ဘာမှမထူးတော့ပေ။

ဤတွင် စိုးရိမ်စရာကောင်းသော အချက်တခုကရှိသေးသည်။ တိုက်ပွဲကာလ တော်လှန်ရေးကာလဖြစ်၍ အောက်ခြေက မသိနားမလည်သောသူများ နည်းနည်းပါးပါးအမှားအယွင်းဖြစ်နေခြင်းကို ပြောစရာလားဆိုသော အမြင်ဖြစ် သည်။

ဤအမြင်က တဦးတယောက်၏အမူအကျင့်မှာ အဖွဲ့အစည်းတခုအနေဖြင့် ပဲဲ့ပြင်ထိန်းကျောင်းစရာမလိုသောအစိတ်အပိုင်းအဖြစ် လျော့ချထားလိုက်ခြင်းလည်းဖြစ်သည်။

ဤသည်က ကျင့်ဝတ်၊ တန်ဖိုးဆိုသော ဘယ်အချိန်၌မဆို မပစ်ပယ်အပ်သော အရာများကို လွယ်လွယ်ကူကူပစ်ပယ်လိုက်သော အလေ့အထ ထွန်းကားရန် လမ်းပွင့်စေတော့သည်။

ဤသို့ဖြင့် ထိုပစ်ပယ်တတ်သောအလေ့ အထမှာ အဖွဲ့အစည်းတခု၏အလေ့အ ထပုံစံဘက်ကို ရောက်လာတော့သည်။ ကျင့်ဝတ်၊ တန်ဖိုးအပေါ် ဂရုမစိုက်သော အလေ့အထမျိုးနှင့် အကြောက်တရားဖြင့် အသံမထွက်နိုင်မှုမှာ ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းလို အခြေအနေမျိုးဖြစ် သည်။

ထိုအခြေအနေမျိုးတွင် “အတင်းအဓမ္မ ဝန်ခံခိုင်းခြင်း(Coerced Confession)” နှင့် “ခိုင်လုံမှုမရှိသောသက်သေ (Inadmissible Evidence)”ဖြစ်စဉ်များ၏ သားကောင်ဘဝကို လူထုသက်ဆင်းရတတ်ပြန်သည်။

ဤအနေအထားမျိုးက ဒေသန္တရလေယူလေသိမ်းကွဲသော အုပ်စုများအပေါ်တွင်သာ ကွက်၍သက်ရောက်သည်မဟုတ် အခြားမတူညီသော လူနည်းစု (Minorities)များအပေါ်တွင်ပါ သက် ရောက်နေမည့်ကိစ္စလည်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ ပဋိပက္ခဖြစ်နေသော နေရာများတွင် လူနည်းစုများ(Minorities)က ပိုပြီး ထိခိုက်ခံစားရလေ့ရှိသည်။

အာရက္ခပြည်၏လက်ရှိအခြေအနေသ ည်လည်း ပဋိပက္ခအောက်တွင်ရှိနေသည်။ ရောဂါတခုဖြစ်လာလျှင် ကိုယ်ခံအားနည်းသူမှာ ကိုယ်ခံအားကောင်းသူလောက် ရောဂါဒဏ်ကိုမခံနိုင်သည့်သဘောမျိုးဖြစ်သည်။

ဤအနေအထားမျိုးတွင် ကိုယ်ခံအား ကောင်းသူဘက်မှ ငါတို့လည်း ဒီရောဂါဒဏ်ကိုခံရတာပဲ မင်းတို့လည်း ငါတို့လို တောင့်ခံရန် တာဝန်ရှိသည်ဟုတန်းညှိ့နေလျှင်လည်း ထိုတန်းမှဘယ်အခါမှ ညီမည်မဟုတ်သောတန်းဖြစ်နေသည်။

သဘာဝဖြစ်ပေါ်မှုအရပင် လူနည်းစုဖြစ်နေ၍ လူနည်းစုများမှာများသောအား ဖြင့်နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေးအင်အားစုများတွင် ပါဝင်မှုနည်းပါးတတ်သည်။

လူများစုက ထိုသို့မဟုတ်ဘဲ ပါဝင်မှုများတတ်သည်။ နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးအင်အားစုများတွင် ပါဝင်မှုနည်းပါးမှုကပင် လူနည်းစုများအတွက်အပြစ်တင်ခံရမှု(Scapegoating)ကို ဖြစ်စေတော့သည်။

လူများစုက”ငါတို့လောက်ပါဝင်မှုမရှိ”၊ ” ရန်သူ”၊ “ဒလန်”၊ “သစ္စာဖောက်”၊ “မယုံ ကြည်ရသူ”စသဖြင့် လူနည်းစုများကို တံဆိပ်ကပ်ခံရနိုင်သည်။

စစ်ပွဲကဲ့သို့ ပဋိပက္ခများတွင်လူများ၏စိတ်ထဲ၌ “ငါတို့ဘက်၊ သူတို့ဘက်ဆိုသည့်ဘက်အစွန်း”ကို နှိုးဆွပေးတတ်ကြသည်။

ထိုအခါ မိမိတို့နှင့်လေယူလေသိမ်းမတူသူ၊ ကိုးကွယ်မှုမတူသူ၊ ရိုးရာဓလေ့မတူသူများအပေါ် “ငါတို့နှင့်မဆိုင်သူ၊ငါတို့လိုမျိုးမဟုတ်သူ (The Others)” အဖြစ်သတ်မှတ်လိုက်တတ်သည်။

ထိုကဲ့သို့သတ်မှတ်မှုက လူနည်းစုများအပေါ် ကြမ်းတမ်းစွာ ပြုမူပြောဆိုမှုနှင့် စာနာစိတ်နည်းစွာဆက်ဆံမှုကို ဖြစ်လာစေသည်။

ပဋိပက္ခဒေသများတွင် အပြန်အလှန်နိုင်ငံရေးထိုးနှက်တိုက်ခိုက်မှုများအရ လူနည်းစုများမှာ ကစားပွဲ၏ သားကောင်ဖြစ်တတ်ပြန်သည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒေသတခုကို ထိန်းချုပ်ရန်ကြိုးစားသောအခါ “လူနည်းစု” များကို ပြတ်ပြတ်သားသားနှိပ်ကွပ်ပြခြင်းအားဖြင့် ကျန်သောလူထုကို ကြောက်ရွံ့သွားရန် လုပ်ဆောင်သောနည်းဗျူဟာ(Terror Tactics)နှင့်ကြောက်ရွံ့မှုကို အခြေခံသောထိန်းချုပ်မှု(Rule by Fear)ကို အ သုံးပြုတတ်ကြသည်။

ဤကဲ့သို့အခြေအနေမျိုးတွင် မတူကွဲ ပြားသောအုပ်စုများအတွက်အကာအကွယ်မဲ့ခြင်း(Lack of Power and Protection)ဖြစ်လာတတ်သည်။

ဤသည်ကား ပဋိပက္ခအကျပ်အတည်းကာလအတွင်း မတူကွဲပြားသောအုပ်စုများအပေါ် ဖြစ်ပေါ်တတ်သော လူမှုဆိုင်ရာစိတ်ခံစားချက်များဖြစ်သည်။

ထိုစိတ်ခံစားချက်များသည် အဖွဲ့အစည်း၏ အမူအကျင့်(Organizational Behavior)မျိုး မဖြစ်သွားရန်လိုသည်။

PrevPreviousနယူးဒေလီမှာ လူနေအိမ်မီးလောင်လို့ ကလေးငယ်တဦးအပါအဝင် ၉ ဦး သေဆုံး
Next​အမေရိကန်ရဲ့ ပိတ်ဆို့မှုကို တရုတ်က ပြန်လည်ပိတ်ပင်ပြီး အီရန်ဆီကရေနံဆက်ဝယ်မယ်Next
Previous Post

နယူးဒေလီမှာ လူနေအိမ်မီးလောင်လို့ ကလေးငယ်တဦးအပါအဝင် ၉ ဦး သေဆုံး

Next Post

​အမေရိကန်ရဲ့ ပိတ်ဆို့မှုကို တရုတ်က ပြန်လည်ပိတ်ပင်ပြီး အီရန်ဆီကရေနံဆက်ဝယ်မယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အစ္စရေးကလက်ဘနွန်ကိုတိုက်ခိုက်လို့ အမေရိကန်-အီရန် သဘောတူညီချက်အန္တရာယ်ရှိနေ

June 18, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

တရုတ်လုပ်ငန်းရှင်တွေကို ရင်းနှီးမြုပ်နှံဖို့ သမ္မတတုဖိတ်ခေါ်

June 18, 2026

ကျောက်တော်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ တဆယ့်နှစ်ဦးသေဆုံး

June 17, 2026
Photo - Wetlet Informational Network

ဝက်လက်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

June 17, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page