Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၂

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၅။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။

ခ.၆။မြေယာနှင့်ပဋိပက္ခကြားဆက်စပ်မှုများကို ကိုင်တွယ်နိုင်သောယန္တရားများ၏စွမ်းဆောင်ရည်ကိုတိုးတက်မှုရှိစေခြင်း။

ကုလသမဂ္ဂယန္တရားစနစ်အတွင်းတွင်ပင်နိုင်ငံရေးနယ်ပယ်ထဲမှလည်းကောင်း၊နည်းပညာနယ်ပယ်ထဲမှလည်းကောင်းမြေယာနှင့်ပဋိပက္ခကိစ္စရပ်များကိုကိုင်တွယ်ရန်စွမ်းဆောင်ရည်မှာကွာဟချက်များရှိနေသည်။

မြေယာနှင့်ပဋိပက္ခများကို နိုင်ငံရေးနယ်ပယ်နှင့်နည်းပညာနယ်ပယ်ထဲမှ ကိုင်တွယ်ရန် ကျယ်ပြန့်သောအမြင်နှင့်နှိုင်းယှဉ်သုံးသပ်အဖြေထုတ်မှုများ လို အပ်သည်။

ကုလအထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ်များ၊လက်ထောက်အထူးကိုယ်စားလှယ်များ၊ဌာနေညှိနှိုင်းရေးကိုယ်စားလှယ်များ၊လူသားချင်းစာ နာမှုဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်များမှာ တပြည်လုံးအရကျွမ်းကျင်သူ များနှင့်ထိစပ်မှုရှိသည်။

အဆိုပါပုဂ္ဂိုလ်များတွင် မြေယာနှင့်သက်ဆိုင်သောပဋိပက္ခအား ဝင်ရောက်စွ က်ဖက်ရန်၊ကိုင်တွယ်ဆောင်ရွက်မှုပြုရန်၊ဆော်ဩရန်အတွက် အရင်းအမြစ်များ၊နည်းလမ်းများ၊လုပ်ငန်းစဉ်များရှိသင့်သည်။

ထိုပုဂ္ဂိုလ်များသည် ပဋိပက္ခတွင်မြေယာကိစ္စမှာ အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်နေသာကိစ္စများ၌ မဟာဗျူဟာမြောက်စေ့စပ်မှုများ၊အစီအစဉ်များ၊ကု လသမဂ္ဂအချက်အလက်စုဆောင်းမှုများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သင့်သည်။

ကုလသမဂ္ဂတွင် နိုင်ငံအဆင့်လုပ်ရည် ကိုင်ရည်များရှိရမည်ဖြစ်ပြီး နိုင်ငံများတွင် လုပ်ရည်ကိုင်ရည်များရှိစေရန်အ တွက်လည်း ကုလသမဂ္ဂမှမဟာဗျူဟာမြောက်ချဉ်းကပ်မှုများရှိရမည်ဖြစ်သည်။

ထိုချဉ်းကပ်မှုများတွင် အင်စတီကျူရှင်းအလိုက် လုပ်ရည်ကိုင်ရည်များ၊ဦးဆောင်မှုခေါင်းဆောင်မှုပိုင်းမှလုပ်ရည် ကိုင်ရည်များနှင့်အလယ်အလတ်အဆင့်စီမံခန့်ခွဲသူများ၏လုပ်ရည်ကိုင်ရည်များရှိစေရန် အထောက်အကူများပေးရမည်ဖြစ်သည်။

နည်းပညာရပ်ဆိုင်ရာဝန်ထမ်းများ၊အကြံဥာဏ်ပေးရေးဆိုင်ရာဝန်ထမ်းများအား မြေယာနှင့်ပတ်သက်သောပဋိပက္ခများအား ပိုမိုထိတွေ့လာနိုင်ရန်၊ကုလ သမဂ္ဂ၏နည်းလမ်းများ၊ယန္တရားများကို နိုင်ငံတကာအရေး၊ပြည်တွင်းရေးများ၌ မည်သည်အချိန်တွင် မည်သို့သုံးစွဲနိုင်သည်ကို ပိုမိုနားလည်နိုင်ရန်အတွက်ထိရောက်သောသင်တန်းများပေးရမည်။

ကုလသမဂ္ဂ၏ယန္တရားများကိုလည်း မြေကိစ္စများနှင့်ပတ်သက်၍စောစီးကြို တင်အသိပေးချက်များ၊စစ်တမ်းကော က်ယူအချက်အလက်စုဆောင်းမှုများ၊ ပဋိပက္ခအားခွဲခြမ်းစိတ်ဖြာမှုများ၊အစီအစဉ်ရေးဆွဲမှုများ၊နိုင်ငံရေးအရစေ့စပ်ညှိနှိုင်းမှုများ၊လုပ်ငန်းစဉ်များရေးဆွဲမှုများ၊စောင့်ကြည့်မှုများနှင့်ပြန်လည်အ စီရင်ခံမှုများတွင် စွမ်းဆောင်ရည်များခိုင်မာအားကောင်းနေစေသင့်သည်။

မြေယာကိစ္စရပ်များပေါ်ပေါက်လာသောအခါ ကျွမ်းကျင်သူများ၊ပညာရှင်များသည် အစုအဖွဲ့ငယ်များစုဖွဲ့ကာနေရာအသီးသီးခွဲဝေ၍ ပြည်တွင်းအစိုးရများ၊ပြည်တွင်းရှိ ကုလသမဂ္ဂယန္တရားများအား ဖြစ်နိုင်သမျှစောစီးစွာအကူ အညီပေးသင့်သည်။

ထိုပြင် ကျွမ်းကျင်သူ၊ပညာရှင်အစုအဖွဲ့ငယ်များသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမှငြိမ်းချမ်းရေးရေရှည်တည်တံရေး၊ ဖွံဖြိုးရေးလုပ်ငန်းစဉ်များဆောက်ရွက်ရေးထိ အသွင်းကူးပြောင်းမှုကာလများတွင်လည်း ဖြစ်နိုင်သမျှစောစီးစွာ အကူ အညီပေးသင့်သည်။

ပဋိပက္ခစက်ဝန်းထဲမှအချိန်မဆွဲသင့်သောအချက်များအတွက် ပြင်ဆင်မှု

ပဋိပက္ခစက်ဝန်းတွင် မြေယာကိစ္စရပ်သည် ဖြေရှင်းရန်အချိန်မဆွဲသင့်သော အချက်များထဲတွင်ပါဝင်နေပြီး ထိုမြေကိစ္စရပ်ဖြစ်စဉ်တလျှောက် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက်အညွှန်းကိန်းများနှင့်ဆန့်ကျင်နေသော အချက်များရှိနေပါက ထိုအချက်များကို အစီရင်ခံခြင်း၊ခိုင်မာသေချာသော အချက်အလက်များကိုစုဆောင်းခြင်းများအပြင် ခွဲခြမ်းစိတ်ဖြာမှုများပြုနိုင်ရန်အတွက် ခိုင်မာသောအချက်အလက်ယန္တရားအဆောက်အအုံများ ပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့များတွင်ရှိနေရမည်။

အသိအမြင်နှင့်စွမ်းရည်ဆိုင်ရာဘုံစု ဆောင်းမှုအားတည်ဆောက်ခြင်း။

ကုလသမဂ္ဂ၏အတွင်းစည်းတွင်ရော၊ အပြင်စည်းတွင်ပါ နိုင်ငံတကာအဆင့်၊ ဒေသတွင်းနိုင်ငံများအဆင့်၊ပြည်တွင်းအဆင့်နှင့်ဒေသန္တရအဆင့်များ၌ယန္တ ရားများထံမှ ကျယ်ပြန့်သောအထောက်အပံ့ကိုပေးနိုင်ရန် ဘုံအသိအမြင်နှင့် စွမ်းရည်ဆိုင်ရာစုဆောင်းမှုများရှိနေရမည်။

ထိုအချက်အလက်များတွင် ပြည်တွင်း ၌လူ့အခွင့်အရေးစံနှုန်းများကို ကျင့်သုံးနိုင်ရန် ပြင်ဆင်ထားမှု၊အဆင့်အလိုက်သတ်မှတ်ချက်များထားရှိမှု၊စည်းမျဉ်းလိုက်နာမှုများ၊အထောက်အထားသိမ်းဆည်းထားရှိခြင်းများရှိမှုစသည့် ကောင်းသောအလေ့အကျင့်များ၏မှတ်တမ်းမှတ်ရာများလည်း ပါရှိနေရမည်။

ကုလသမဂ္ဂယန္တရားများထဲတွင်ပင်လျှင် မြေနှင့်ပဋိပက္ခ၏ဆက်စပ်သောအစိတ်အပိုင်းများကို သိမြင်သဘောပေါက်မှု၊မြေကိစ္စရပ်မှာ မည်သို့ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊ကျားမတန်းတူမှုများနှင့်ဆက်စပ်နေသည်ကို နားလည်မှုအား ကောင်းစွာရှိစေရမည်ဖြစ်သည်။

မြေယာဆိုင်ရာရှူဒေါင့်ပေါင်းစုံရှိခြင်း။

မြေယာဆိုင်ရာရှုဒေါင့်စုံမှသုံးသပ်ချက်များကို ပဋိပက္ခခွဲခြမ်းစိတ်ဖြာရာတွင် ထိရောက်သော အချက်များအဖြစ်အ သုံးချသင့်ပေသည်။

ထိုအချက်များကို ကုလသမဂ္ဂ၏လုပ်ငန်းမစ်ရှင်များဖော်ဆောင်ရေးတွင်လည်းကောင်း၊ကုလသမဂ္ဂပါဝင်သောအချက်အလက်ကောက်ယူရေးမစ်ရှင်များနှင့်ကုလသမဂ္ဂမပါဝင်သောအချက်အလက်မစ်ရှင်များ၊အစီအစဉ်များတွင်လည်းကောင်း အသုံးချသင့်သည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ၏မြေယာလုပ်ပိုင်ခွင့်

အသိအမြင်ပိုင်းနှင့်နည်းပညာပိုင်းအရ ပဋိပက္ခများကို စေ့စပ်ခြင်း၊ပြန်လည်သုံးသပ်ခြင်းများအတွက် ကုလသမဂ္ဂ ၏ယန္တရားများတွင် မြေယာနှင့်ပတ်သ က်၍လုပ်ပိုင်ခွင့်များ ရှိရမည်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousထိုင်းစားသုံးသူများကောင်စီက Facebook နဲ့ Meta ကုမ္ပဏီကို တရားစွဲမယ်
Previous Post

ထိုင်းစားသုံးသူများကောင်စီက Facebook နဲ့ Meta ကုမ္ပဏီကို တရားစွဲမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ထိုင်းစားသုံးသူများကောင်စီက Facebook နဲ့ Meta ကုမ္ပဏီကို တရားစွဲမယ်

June 4, 2026

အမေရိကန်နဲ့ ဆွေးနွေးမှု တိုးတက်မှုမရှိဘူးလို့အီရန်ပြော

June 4, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

နယ်စပ်က လက်နက်ကိုင်ကိစ္စတွေ ရှင်းလင်းမယ်လို့ မင်းအောင်လှိုင်ပြော

June 4, 2026

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ-၁၁

June 4, 2026

ထိုင်းစားသုံးသူများကောင်စီက Facebook နဲ့ Meta ကုမ္ပဏီကို တရားစွဲမယ်

အမေရိကန်နဲ့ ဆွေးနွေးမှု တိုးတက်မှုမရှိဘူးလို့အီရန်ပြော

နယ်စပ်က လက်နက်ကိုင်ကိစ္စတွေ ရှင်းလင်းမယ်လို့ မင်းအောင်လှိုင်ပြော

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ-၁၁

ရိုဟင်ဂျာအကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ပစ်ခတ်

လေးတောင်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Releated Post

ထိုင်းစားသုံးသူများကောင်စီက Facebook နဲ့ Meta ကုမ္ပဏီကို တရားစွဲမယ်

June 4, 2026

အမေရိကန်နဲ့ ဆွေးနွေးမှု တိုးတက်မှုမရှိဘူးလို့အီရန်ပြော

June 4, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

နယ်စပ်က လက်နက်ကိုင်ကိစ္စတွေ ရှင်းလင်းမယ်လို့ မင်းအောင်လှိုင်ပြော

June 4, 2026

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ-၁၁

June 4, 2026

ရိုဟင်ဂျာအကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ပစ်ခတ်

June 4, 2026

လေးတောင်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

June 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page