Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင် ရာစော်ကားမှု- ၂

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊သြဂုတ် ၇။

အဖွဲ့အစည်းဆိုင်ရာတာဝန်ခံမှု၊တာဝန်ယူမှု

ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၉၆၀ အရ လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ အရေးယူထားတဲ့အချက်အလက်တွေကို ကုလသမဂ္ဂဖြစ်စေ၊ လွှတ်တော် ဒါမှမဟုတ် အများပြည်သူအတွက် အစီရင်ခံစာထုတ်ပြန်ပေးဖို့ တိုက်တွန်းထားပါတယ်။

အဲဒါကို စောင့်ကြည့်သုံးသပ်အစီရင်ခံတဲ့လုပ်ငန်းစဉ်(Monitoring, Analysis and Reporting Arrangements – MARA)လို့ ခေါ်ပါတယ်။

လက်နက်ကိုင်အုပ်စုတွေသဘောသဘာဝ(Military Culture)

လက်နက်ကိုင်အုပ်စုတွေရဲ့သဘာဝအရ စောင့်ကြည့်သုံးသပ်အစီရင်ခံလုပ်ငန်းစဉ်(MARA)နဲ့ပတ်သက်လို့ အခက်အခဲတွေလည်းရှိနေပါတယ်။

အဲဒီနေရာမှာ လက်နက်ကိုင်တပ်ဖွဲ့ရဲ့မူလကျင့်ဝတ်တန်ဖိုး အနှစ်သာရကိုမသွယ်ဖယ်သွားဖို့လိုပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တခုရဲ့ မူလပိုင်ရှင်အာဏာအရင်းအမြစ်ဟာ ပြည်သူလူထုသာဖြစ်ပြီး အထက်အရာရှိမဟုတ်ပါဘူး။

လက်နက်ကိုင်တပ်ဖွဲ့ဟာ ပြည်သူလူထုကိုကာကွယ်ဖို့အတွက်သာ အထက်အမိန့်ကိုနာခံရတာဖြစ်ပါတယ်။

အဲဒီနေရာမှာမူလကျင့်ဝတ်တန်ဖိုးဟာ ခဏခဏမှိန်ဖျော့ခံရပြီး အထက်အမိန့်ဆိုတာကိုသာ ဒေါင်းတင်မောင်းတင်လာတတ်တဲ့ သဘာဝဟာလည်း လက်နက်ကိုင်တပ်ဖွဲ့တိုင်းမှာရှိပါတယ်။

အဲဒီတော့ လက်နက်ကိုင်တပ်ဖွဲ့ထဲကလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊အနိုင်ကျင့်မှုတွေဟာ ကျူးလွန်ခံရသူတွေဘက်ကဖော်ထုတ်ဖို့ရာမှာ သဘာဝအားနဲ့ကို အခက်အခဲတွေရှိပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အထက်အောက်အမိန့်ပေးစနစ်အဓိကဖြစ်တာကြောင့် အောက်ခြေစစ်သည်တွေအနေနဲ့ မိမိအထက်အရာရှိ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ကျူးလွန်မှုကို အရေးယူခံရဖို့တိုင်ကြားဖို့အတွက် ကြီးမားတဲ့ဖိအားနဲ့စိုးရိမ်မှုတွေ၊အခက်အခဲတွေရှိပါတယ်။

လက်နက်ကိုင်တပ်တွေမှာ တပ်တွင်းကိစ္စကိုတပ်တွင်းမှာပဲဖြေရှင်းမယ်” ဆိုတဲ့ အလေ့အထနဲ့အဖိုဆန်မှု၊ရဲရင့်တည်ကြည်မှု၊သန်မာမှုစတဲ့ မာချို(Macho)ယဉ် ကျေးမှုတွေကြောင့် ပြဿနာတွေကို ဖုံးကွယ်ဖို့ ဒါမှမဟုတ် သေးငယ်သွားအောင်လုပ်ဖို့အားသန်ကြပါတယ်။

ပြီးရင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပုံရိပ်နဲ့ဂုဏ်သိက္ခာကျဆင်းသွားမှာကိုစိုးရိမ်တဲ့အတွက် တချို့အရာရှိတွေနဲ့ဦးဆောင်သူတွေဟာ ပြဿနာတွေပြင်ပကို မပေါက်ကြားအောင် တရားဝင်အပြစ်ပေးအရေးယူမှုတွေ မရောက်သွားအောင်လျော့ပေါ့ကိုင်တွယ်တတ်ကြပါတယ်။

အဲဒါကြောင့်လည်း ပရိုဖက်ရှင်နယ်ပီသတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ မီဒီကရေစီနိုင်ငံတွေမှာတောင် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေကို လုံးဝဥဿုံပပျောက်အောင် ထိန်းကျောင်းနိုင်ဖို့ကတော့ ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်နေပေမယ့် အစီရင်ခံစာတွေနဲ့လွှတ်တော်၊လူထုကိုချပြတဲ့(MA RA)အလေ့အထတွေ ပြုစုပျိုးထောင်လာကြပါတယ်။

အစ္စရေးစစ်တပ်နဲ့MARA

၂၀၂၆ ခုနှစ်၊မေလ ၁၉ ရက်နေ့က အစ္စရေးပါလီမန်(Knesset)ထဲမှာ အစ္စရေးစစ်တပ်ထဲက လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေနဲ့ပတ်သက်ပြီး လွတ်တော်ကြားနာပွဲလုပ်ခဲ့ပါတယ်။

လွှတ်တော်ရဲ့နိုင်ငံခြားရေးနဲ့ကာကွယ်ရေးဆိုင်ရာကော်မတီက အစ္စရေးစစ်တပ်ထဲကလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ကြားနာခဲ့ပါတယ်။

အစ္စရေးလွှတ်တော်(Knesset)ရဲ့တရား ဝင်ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း အစ္စရေးစစ်တပ်ရဲ့အမျိုးသမီးရေးရာအကြံပေးဌာန(Gender Affairs Advisory Unit)သို့ တိုင်ကြားချက် ပေါ င်း ၂,၄၂၀ မှု ရရှိခဲ့ပြီး ဒါဟာအရင်နှစ်ထက် ၃၅၀ ခန့် ပိုများနေတယ်လို့ဆိုပါတယ်။

အဲဒီတိုင်ကြားမှုပေါင်း ၇၀၀ ကျော်ဟာ ဌာနတွင်းစည်းကမ်းထိန်းသိမ်းရေးကြားနာပွဲအဆင့်နဲ့သာပြီးဆုံးခဲ့ပြီး ၄၂ မှုကိုတော့ တရားဝင်စွဲချက်တင် (Formal Indictment)တဲ့ထိ အရေးယူနိုင်ခဲ့ပါတယ်။

၂၁ မှုက စည်းကမ်းထိန်းသိမ်းရေးတရားခွင်တွေရောက်ခဲ့ပြီး တိုင်ကြားသူတွေစွဲချက်ပြန်လည်ရုပ်သိမ်းခဲ့တာက ၄၈ မှုရှိခဲ့ပါတယ်။

အဲဒါဟာ ဂါဇာစစ်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲခံထားရပြီး အစ္စရေးကိုယ်တိုင်လည်း ဂျီနိူဆိုက်အမှုနဲ့ ICJ ကို ရောက်နေပါတယ်။

အဲဒီလို နိုင်ငံတကာဖိအားတွေရှိနေတဲ့၊ လက်ရှိတိုက်ပွဲတရပ်ကိုဆင်နွဲနေတဲ့ စစ်တပ်တခုအတွက်လွတ်တော်တွင်းမှာတပ်ဖွဲ့ထဲက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ပွင့်လင်းမြင်သာစွာချပြတာဟာတဖက်မှာ အသက်ရှူပေါက်ရစေပါတယ်။

ပုံရိပ်ထိခိုက်မှာလား

လက်ရှိ အစ္စရေးဟာစစ်ပွဲတရပ်ကိုဆင်နွဲနေရပါတယ်။ အဲဒီလိုချပြရတာဟာအစ္စရေးစစ်တပ်အတွက် သိက္ခာကျစရာ ဒါမှမဟုတ် လူထုအမြင်မှာမကောင်းတဲ့ပုံရိပ်တွေမဖြစ်လာဘူးလားလို့တချို့အတွက် မေးစရာရှိကောင်းရှိမှာပါ။

လက်တွေ့မှာကအဲဒီအကျိုးဆက်နဲ့ပြောင်းပြန်ပါ။ ပြဿနာကိုရှိနေမှန်းသိရက်သားနဲ့ မရှိပါဘူးလို့ပြောနေခြင်းကသာ ပိုလို့လူထုရဲ့အယုံအကြည်မဲ့မှုကိုဖြစ်စေပါတယ်။

အမှန်တကယ်လည်းစစ်တပ်အတွင်း ဒီလိုလိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူထုနဲ့လွှတ်တော်(Knesset)အမတ်တွေကြား စိုးရိမ်ပူပန်မှုတွေရှိနေလို့ ခုလိုဝေဖန်ဆွေးနွေးမှုတွေဖြစ်ပေါ်လာရတာပါ ။

တိုင်ကြားမှုဟာ တနှစ်ထက်တနှစ်ပိုများလာပြီး နှစ်စဉ်တိုင်ကြားမှုပေါင်းဟာ နှစ်ထောင်ကျော်ထိရှိလာပါတယ်။

အရင်နှစ်တွေကထက် ရာနှင့်ချီပိုမိုများပြားလာတာက စစ်တပ်အတွင်းမလိုလားအပ်တဲ့ အလေ့အထတွေနဲ့ကျူးလွန်မှုတွေ ကျယ်ပြန့်စွာရှိနေတာကို ပြသနေတာကြောင့် လွှတ်တော်အမတ်တွေစိုးရိမ်နေပါတယ်။

တိုင်ကြားချက်ပေါင်း ၂,၄၂၀ ကျော်ထဲက တရားရုံးမှာစွဲချက်တင်အရေးယူနိုင်တဲ့ အမှုအရေအတွက်အလွန်နည်းပါးနေပါသေးတယ်။

အများစုဟာစစ်တပ်တွင်းစည်းကမ်းထိန်းသိမ်းရေးပိုင်းနဲ့ တပ်တွင်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာ သက်သက်နဲ့ပဲအလွယ်တကူအဆုံးသတ်လေ့ရှိနေတာက စစ်တပ်ဟာ ပြစ်ဒဏ်ပေးရာမှာပျော့ညံ့နေပြီး အဲဒါဟာနောက်ထပ်ကျူးလွန်မှုတွေအတွက် လမ်းဖွင့်ပေးနေသလိုဖြစ်နေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

နောက်တချက်က ကျူးလွန်ခံရသူတွေ ဘက်ကတရားမျှတမှုမရရှိလို ခံစားရတာပါ။ ထိခိုက်ခံရသူတွေကို လွှတ်တော်အတွင်းဆွေးနွေးမှုတွေမှာ တပ်တွင်းစနစ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတာရှိပါတယ်။

အဆင့်မြင့်အရာရှိတွေဘက်က စစ်တပ်ရဲ့ဂုဏ်သိက္ခာကိုသာ အဓိကကာကွယ်ပေးပြီး ကျူးလွန်သူတွေကိုအပြစ်မပေးဘဲ အမှုများကိုဖုံးကွယ်တာ ဒါမှမဟုတ် လျော့ပေါ့ဖြေရှင်းဖို့ ကြိုးစားကြတာတွေရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ထဲတာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ၊ဝန်ထမ်းတွေရဲ့လုံခြုံရေး၊ဂုဏ်သိက္ခာနဲ့အခွင့်အရေးတွေကို အပြည့်အဝအကာအကွယ်မပေးနိုင်သေးဘူးလို့လည်း ထောက်ပြကြပါတယ်။

အဲဒါကြောင့် အစ္စရေးဥပဒေပြုလွှတ်တော်အမတ်တွေက စစ်တပ်ဟာပိုမိုတင်းကျပ်စွာကိုင်တွယ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖိုတောင်းဆိုလာကြတာဖြစ်ပါတယ်။

အဲဒီနေရာမှာအစ္စရေးဟာ ကိုယ့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့တာဝန်ယူတာဝန်ခံရမယ့်အချက်အပေါ် အကြောင်းပြချက်မပေးဘဲကျင့်ဝတ်ပိုင်းဆိုင်ရာကိုအထိအခိုက်မခံတာပါဘဲ။

ဂါဇာစစ်ပွဲမပြီးသေးလို့၊တေဟစ်ဇဘိုလာတွေရှိနေသေးလို့၊အီရန်နဲ့ မရှင်းသေးရလို့စတဲ့ အကြောင်းပြချက်တွေနဲ့ ကျင့်ဝတ်ပျက်ယွင်းမှုကို ဖုံးဖိခွင့်မပေးတာ သတိပြုဖို့လိုပါတယ်။

အစ္စရေးဟာ စစ်တပ်နဲ့လူထုတသားတည်းရှိတဲ့လူ့အဖွဲ့အစည်းလို့တောင် ပြောလို့ရပါတယ်။အစ္စရေးစစ်တပ်တည်ရှိမှုကို အစ္စရေးလူထုတသားတည်းရပ်တည်ပါတယ်။

တကယ်လို့ ကျင့်ဝတ်ပိုင်းဆိုင်ရာပျက် ကွက်ရင်လူထုနဲ့တသားတည်းဖြစ်မှုကိုပါ ထိခိုက်မှာကို သူတို့နားလည်ကြပါတယ်။

အဲဒါတောင်မှအစ္စရေးဟာ စိန်ခေါ်ချက်တွေရှိနေပါသေးတယ်။လက်ရှိအခြေအနေမှာ ကမ္ဘာကြီးမှာလည်းလက်နက်ကိုင်တပ်ဖွဲ့တွေထဲက လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ချိုးဖောက်မှုတွေကို တိုင်ကြားနိုင်ဖို့အတွက်သာ မန်စစ်ဘက်ဆိုင်ရာအထက်အောက်အ မိန့်ပေးစနစ်(Chain of Command)သက်သက်အပေါ်မှာပဲ မမှီခိုတော့ဘဲလွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့တိုင်ကြားမှုယန္တရားတွေကို ဖန်တီးကျင့်သုံးလာကြပါတယ်။

အဲဒီလိုနည်းလမ်းတွေထဲမှာ လက်နက်ကိုင်တပ်ဖွဲ့နဲ့မသက်ဆိုင်တဲ့လွတ်လပ်တဲ့ အစိုးရစောင့်ကြည့်ရေးအဖွဲ့တွေ၊လူ့အခွင့်အရေးယန္တယားတွေ ဒါမှမဟုတ် သီး သန့်ခန့်အပ်ထားတဲ့ စစ်ဘက်ဆိုင်ရာ စုံစမ်းရေးယန္တရာတွေဆီတိုက်ရိုက်တိုင် ကြားနိုင်တဲ့လမ်းကြောင်းတွေ ဖန်တီးပေးထားတာလည်းပါပါတယ်။

အဲဒီလိုသီးခြားလမ်းကြောင်းတွေ၊ယန္တရားတွေကို ဖန်တီးလာတဲ့အခါ အထက်အရာရှိတွေရဲ့ဖိအားပေးတာ၊အမှုဖုံးကွယ်ခံရတာကို စိုးရိမ်စရာမလိုဘဲ လွတ်လပ်စွာတိုင်ကြားနိုင်ပါတယ်။

အဲဒီထိခိုက်ခံရသူတွေဟာ အမည်နဲ့အချက်အလက်တွေကို လျှို့ဝှက်ထားပြီး လုံခြုံစိတ်ချစွာတိုင်ကြားနိုင်တဲ့သီးသန့်ဖုန်းလိုင်းတွေ၊ဝဘ်ဆိုဒ်တွေ၊လိပ်စာတွေ၊အက်ပ်လီကေးရှင်း(Apps)တွေကို ဖန်တီးပေးထားပါတယ်။

အဲဒီလိုအနေအထားဟာ တိုင်ကြားသူတွေလက်စားချေခံရမှာကို ကြောက်ရွံ့မှုကင်းဝေးစေပြီး အချက်အလက်တွေလွယ်ကူစွာပေးပို့နိုင်ပါတယ်။

စစ်တပ်အတွင်းက သာမန်တပ်ရင်းမှူး၊ တပ်မှူးတွေလက်ထဲမှာ အမှုတွေကို ဆုံး ဖြတ်ခွင့်မပေးတော့ဘဲ တရားဥပဒေရေးရာကျွမ်းကျင်သူတွေ၊သီးသန့်စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ အထူးဌာနယန္တရားတွေကသာ တိုက်ရိုက်ကိုင်တွယ် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ကြပါတယ်။

အဲဒါကတပ်တွင်းယဉ်ကျေးမှုဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအကာအကွယ်ပေးတဲ့(Buddy-buddy system)တွေကို လျှော့ချနိုင်ပြီး ဥပဒေနဲ့အညီတိကျစွာအရေးယူနိုင်ပါတယ်။

စစ်ဘက်ဆိုင်ရာယဉ်ကျေးမှုသက်ရောက်မှုကင်းပြီး တရားမျှတမှုပိုမိုရရှိစေဖို့အတွက် ဥပမာ-အမေရိကန်လို နိုင်ငံတချို့မှာပြင်းထန်တဲ့လိင်ပိုင်းဆိုင်ရာကျူး လွန်မှုအမှုအခင်းတွေကို စစ်ဘက်ဆိုင်ရာတရားရုံးစစ်ဆေးမှုတွေထက် အရပ်ဘက်တရားရုံးတွေနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေကို လွှဲပြောင်းပေး အပ်ပြီး စစ်ဆေးအရေးယူမှုတွေ ပြုလုပ်လာကြပါတယ်။

ပြီးရင် တိုင်ကြားပြီးနောက်ပိုင်းမှာကျူးလွန်သူတွေဘက်က လက်စားချေတာ၊ အလုပ်အကိုင်ထိခိုက်အောင်လုပ်တာတွေမဖြစ်စေဖို့ တိုင်ကြားသူကို ဥပဒေအရအကာအကွယ်ပေးတဲ့ စနစ်တွေ၊စိတ်ပိုင်းဆိုင်ရာကုသအားပေးမှုတွေနဲ့ တရားဝင်အကြံပေးပံ့ပိုးမှု(Victim Advocates)တွေကိုပါ တွဲဖက်လုပ်ဆောင်ပေးလေ့ရှိပါတယ်။

ဆက်ရန်…

ကိုးကား…

https://www.aa.com.tr/en/middle-east/israeli-army-records-sharp-rise-in-sexual-assault-complaints-in-2025-report/3942110
https://main.knesset.gov.il/en/APPS/committees/3710/news/27249?hl=en-GB
https://m.knesset.gov.il/EN/News/PressReleases/Pages/press111225m.aspx?hl=en-GB
https://www.un.org/unispal/document/conflict-related-sexual-violence-report-of-the-secretary-general-s-2026-321/?hl=en-GB
PrevPreviousထိုင်းကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးရှိလာ
Nextဝက်လက်မြို့နယ်မှာ ကျေးရွာတချို့ရေဝင်နေNext
Previous Post

ထိုင်းကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးရှိလာ

Next Post

ဝက်လက်မြို့နယ်မှာ ကျေးရွာတချို့ရေဝင်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
ဓာတ်ပုံ-ဝင်းမြင့်

မြောက်ဦးမှာ စက်လှေမှောက်လို့ပျောက်ဆုံးနေတဲ့ သားဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေပြန်တွေ့

September 27, 2026

အဥ္ဇနပူရကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရ

September 27, 2026

ပါတီဝင်တွေ ပြည်သူအပေါ် စောင့်ထိန်းရမယ့်ကျင့်ဝတ် ULA သတ်မှတ်

September 27, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page