မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၁။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်း ညွှန်ချက်မှတ်စု။
ခ.၅။ နိုင်ငံတော်အဆင့် ဝင်ရောက်စွက် ဖက်မှုတွင် မြေယာ၊ပဋိပက္ခနှင့်သက်ဆို င်သောအချက်ကို ထည့်သွင်းခြင်း။
- ဝင်ရောက်ဖြန့်ဖြေညှိနှိုင်းမှုများနှင့်အ ငြင်းပွားမှုဖြေရှင်းရေးတွင်မြေယာကိစ္စရပ်များအားထည့်သွင်းခြင်း။
ညှိနိုင်းဖြေရှင်းပေးမှုများနှင့်အငြင်း ပွားမှုအားဖြေရှင်းရေးများသည် ပဋိပက္ခများ၊ ပြဿနာများအရှိန်မြင့်နေသော နေရာဒေသများကိုချဉ်းကပ်ရာတွင်သုံး သင့်သည်။ဝင်ရောက်စွက်ဖက်မှုမပြုခ င်အချိန်တွင်လည်း ကြိုတင်ချဉ်းကပ် သည်အနေဖြင့် သုံးသင့်သည်။
ပဋိပက္ခနှင့်အကျိုးစီးပွားသက်ဆိုင်သူ များကြားအငြင်းပွားမှုများကို ကိုင်တွယ်ရန်ဦးတည်ချက်ထားသောအချက် များတွင်လည်း သုံးသင့်သည်။
ညှိနှိုင်းဖြေရှင်းမှုလှုပ်ငန်းစဉ်များကို နိုင်ငံရေးဆိုင်ရာ စေ့စပ်မှုများဆောင်ရွ က်ခြင်းနှင့်နိုင်ငံရေးအစီအမံများရေးဆွဲခြင်းများတွင်လည်း ကျယ်ကျယ်ပြန်ပြန့်သုံးသင့်ပေသည်။
ထိုသို့အသုံးပြုရာတွင်ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက်ကြားခံနယ်များကိုလည်းထားရှိသင့်သည်။ ပဋိပက္ခအဝိုင်းအဝန်းများထဲတွင်ပင် အ မျိုးသားအဆင့်တရားရုံးများကို သီး ခြားလွတ်လပ်စွာ ဖွဲ့စည်းသင့်သည်။
ထိုသို့ဖွဲ့စည်းရာတွင် မြေယာအငြင်းပွားမှုများ ထုထည်ကြီးမားသည့်ဧရိယာအားလုံးအတွက် တပြိုင်နက်တချိန်တ ည်းဖွဲ့စည်းချင်မှဖွဲ့စည်းနိုင်မည်ဖြစ်သ ည်။မဖွဲ့စည်းနိုင်သေးပါက ဖွဲ့စည်းနိုင်ရန်အထောက်အပံ့ပြုရမည်ဖြစ်သည်။
ထိုသို့တရားရုံးများ၊ခုံရုံးများကို ဖွဲ့စည်းရာတွင် ပဋိပက္ခနေရာ၏ဥပဒေများ၊ကျ င့်သုံးနေသည့်လူမှုဆိုင်ရာစံများ၊စနစ်များ၊စုံစမ်းစစ်ဆေးရေး၊တရားစီရင်ရေးနှင့်ကြားနာဆုံးဖြတ်ရေးများတွင် ကျင့်သုံးနေသည့်ဒေသဓလေ့ထုံးတမ်းပုံစံများကို အထောက်အပံ့ဖြစ်စေရန်အ တွက်ဖွဲ့စည်းရမည်ဖြစ်သည်။
ပဋိပက္ခနှင့်အငြင်းပွားမှုအား ဖြေရှင်းပုံဖြေရှင်းနည်းတွင် ဒေသ၌ကျင့်သုံးလေ့ရှိသောစနစ်များ၊ယန္တရားများကိုကုလ သမဂ္ဂ၏ကြားဝင်စေ့စပ်မှုကြောင့် ခိုင် မာအားကောင်းလာစေရမည်ဖြစ်သည်။
ပဋိပက္ခနှင့်အငြင်းပွားမှုဖြစ်နေသော နေရာဒေသ၏မြေယာအမှုအခင်းသီးသန့်ကိုင်တွယ်သောတရားရုံးများ၊ခုံရုံးများကိုလည်း အထောက်အပံ့များပေးရမည်ဖြစ်သည်။
အမျိုးသမီးအုပ်စုများ၊ရပ်ရွာအခြေပြုလူမှုအသင်းအဖွဲ့များတွင် ပဋိပက္ခနှင့် အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းမှုအစပြုလာစေရန် အရေးပါသောအခ န်းကဏ္ဍများတွင်ရှိသည်ကိုလည်း အသိ အမှတ်ပြု၍ အထောက်အပံ့များပေးသင့်ပါသည်။
စေ့စပ်ညှိနှိုင်းဖြေရှင်းမှုများကြောင့် ကျင့်သုံးဆဲလုပ်ထုံးလုပ်မြဲဖြစ်သော ဥပဒေများအချင်းချင်းတွင် ဟန်ချက်ညီချိတ်ဆက်နိုင်မှုနှင့်ဥပဒေရလဒ်များအချင်းချင်းချိတ်ဆက်မှုများ ခိုင်မာအားကောင်းစေသင့်သည်။
- တရားဥပဒေစိုးမိုးရေးအတွက်ဆောင် ရွက်ချက်တွင် မြေယာကိစ္စရပ်အားထည့်သွင်းဆောင်ရွက်ခြင်း။
ကုလသမဂ္ဂ၏ဝင်ရောက်စွက်ဖက်မှုကြောင့် တရားဥပဒေစိုးမိုးရေးအင်စတီကျူရှင်းများခိုင်မာလာစေရမည်ဖြစ်သ ည်။အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ပြန်လည်ရင်ကြားစေ့ရေး၊နိုင်ငံ ရေးဆိုင်ရာအငြင်းပွားမှုများကိုဖြေရှင်းခြင်း၊ငြိမ်းချမ်းရေးသဘောတူညီချက်များစသည့်အချက်များမှာကုလသမဂ္ဂ၏ဝင်ရောက်စွက်ဖက်မှုမှ အထောက်အပံ့ပြုရမည့်အဓိကအချက်များဖြစ်သ ည်။
မြေအားဖျက်ဆီးခြင်း၊ ချိတ်ပိတ်သိမ်းယူခြင်း၊ ထိန်းချုပ်ခြင်းနှင့်လုယက်ခြင်းများအပါအဝင် အတင်းအကျပ်နှင်ထုတ်ခြင်းကဲ့သို့ကိစ္စရပ်များအား ဝင်ရောက်စွက်ဖက်မှုတွင် ကုလသမဂ္ဂသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေများနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို လိုက်နာပါသည်။
အစိုးရတရပ်အနေဖြင့် ဥပဒေကြောင်းအရ တရားဝင်မှုတရပ်ရပ်ဖြင့် ပိုင်ဆိုင်သောမြေများမှ အတင်းအကြပ်နှင်ထု တ်ခံရမှုမရှိစေရန် အကာအကွယ်ပေးရမည်ဖြစ်သည်။
မြေနှင့်ပတ်သက်၍ ဖိအားများခံစားရစေခြင်း၊ခြိမ်းခြောက်ခြင်းများမှာ နိုင်ငံဥပဒေနှင့်နိုင်ငံတကာဥပဒေအောက်တွင် အစိုးရတရပ်မှ ကျင့်သုံးသောလုပ်င န်းစဉ်များ မဖြစ်သင့်ပေ။
မြေနှင့်ပတ်သက်၍ ဥပဒေများဆိုင်ရာ အချက်များ၌ အောက်တွင်ဖော်ပြထားသော စံနှုန်းများနှင့် ပြည့်စုံသင့်သည်။
- မြေနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများတွင် စီရင်ဆုံးဖြတ်ခွင့်၊ ညှိနှိုင်းပေးခွင့်၊လျော်ကြေးပေး၊ နစ်နာကြေးပေးရေးစသည့်ဆုံးဖြတ်ချက် များချမှတ်ပိုင်ခွင့်များ ရှိသင့်သည်။
- မြေနှင့်သက်ဆိုင်သော လူ့အခွင့်အ ရေးများကို အကာအကွယ်ပေးသည့် ဥ ပဒေများကို ပြဋ္ဌာန်းခြင်း၊ပြင်ဆင်ခြင်း စသည့် ဥပဒေပြုရေးအာဏာများရှိသင့်သည်။
- ဥပဒေအဖြစ်သတ်မှတ်ရာတွင် မြေနှင့်သက်ဆိုင်သောဓလေ့ထုံးတမ်းအစဉ်အ လာများ၊ဌာနေလူမျိုးစုများ၏မြေနှင့်သက်ဆိုင်သော ထုံးထမ်းဓလေ့များ၊ ကြိုတင်အသိပေး၍လွတ်လပ်သော သ ဘောဆန္ဒရယူခြင်း ဖြစ်စဉ်များကိုလ ည်း ဥပဒေများအဖြစ်သတ်မှတ်သင့်သည်။
ထိုသို့သတ်မှတ်သောအခါ ပုံမှန်တည်ဆဲဥပဒေ၊ဓလေ့ထုံးတမ်း၊ဘာသာရေးနှင့်လူမျိုးစုစသဖြင့်ဆိုင်ရာဆိုင်ရာအလို က် ဥပဒေများဖြစ်နေပြီး ရောပြွန်းဥပ ဒေဆိုင်ရာစနစ်ဖြစ်လာသောကြောင့် ဥ ပဒေတခုနှင့်တခုကြားတွင် ဟန်ချက်ညီမှုများလည်းရှိသင့်သည်။
- မြေယာနှင့်ပတ်သက်၍ အမျိုးသမီးများတွင်လည်းတန်းတူအခွင့်အရေးရှိသင့်သည်။
- မြေယာပိုင်ဆိုင်ခွင့်သည် အိုးအိမ်ရရှိခွင့်၏အစိတ်အပိုင်းဖြစ်သောကြောင့်မြေ ပိုင်ခွင့်အပေါ်အကာအကွယ်ပေးသော ဥပဒေစိုးမိုးမှုများရှိသင့်သည်။
- မြေယာအခွင့်အရေးနှင့်ပတ်သက်၍မကြေနပ်ချက်ရှိပါက တရားမျှတအောင် ဆောင်ရွက်ပေးနိုင်သည့်လမ်းကြောင်းရှိသင့်သည်။
ထိုသို့တရားမျှတမှုများရရှိရန် ဥပဒေစိုးမိုးရန်အားထုတ်ခြင်းကိုလည်းဆောင်ရွက်သင့်သည်။
အများပြည်သူလူထုအတွက် မြေယာအားရယူရသည့်အခါ တရားမျှတမှုရှိစေခြင်း၊ပြည့်စုံသောလျှော်ကြေးပေးခြင်းများရှိသင့်သည်။
- ပြည်တွင်း၌ ကျင့်သုံးသောဥပဒေများ၊ အမိန့်များသည် အတင်းအကျပ်နှင်ထု တ်ခြင်းကို တားဆီးပေးသည့် နိုင်ငံတ ကာစံနှုန်းများကို လေးစားသင့်သည်။
- မြေယာနှင့်ပတ်သက်၍ တောင်းဆိုမှုများ၊ အငြင်းပွားမှုများတွင် ဥပဒေပိုင်း အထောက်အကူများပေးသင့်သည်။
အရပ်ဘက်လူမှုအသိုင်းအဝန်းနှင့်လူ့အခွင့်အရေးကို လေးစားကာကွယ်သူများအား မြေယာနှင့်ပတ်သက်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်နိုင်ရန် အရည်အသွေးများကို မြင့်တင်ပေးသင့်သည်။
ဆက်လက်ဖော်ပြပါမည်။