Border News Agency
ဖားကန့်၊ မတ် ၇။
ဖားကန့်မြို့နယ်၊တာမခံကျေးရွာကို မတ်လ ၇ ရက်၊ဒီနေ့နေလည် ၁ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
တာမခံကျေးရွာအုပ်စုရှိ ကျော်နိူင် ကျောက်စိမ်းလုပ်ကွက်အတွင်းကို စစ်ကော်မရှင်တပ်မှ လက်နက်ကြီး၊ ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အဆောင်တွင်းမှ အမျိုးသမီးတဦး လက်နက်ကြီးအစထိမှန်ပြီး သေဆုံးခဲ့ရသလို အရပ်သားသုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိပဲ ပြည်သူတွေနေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိလေကြောင်းကနေပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။








