ကျောက်တော်ရဲစခန်းအချုပ်ခန်းမှ ထွက်ပြေးအချုပ်သားပြန်လည်ဖမ်းမိ
Border News Agencyကျောက်တော်၊ စက်တင်ဘာ ၂၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာမှာ ဓါးပြတိုက်ပြီးလူသတ်မှုပြစ်မှုနဲ့အချုပ်ခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရာမှထွက်ပြေးသွားတဲ့အချုပ်သားတဦးကို ပြန်လည်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ သူဟာ ကြာညိုပြင်ကျေးရွာဇာတိဖြစ်ပြီး ပြိန်းချောင်းရွာမှာကျပန်းလုပ်ကိုင်စားသောက်နေတဲ့ အသက်သုံးဆယ်ငါးနှစ်အရွယ်ကိုညီညီစိုး ဖြစ်ပါတယ်။ သူ့ကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS)က...









