BNA Author

BNA Author

မြေယာ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ – ၁၂

မောင်တူရေးသည်။ Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၃။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။ ခ.၆။မြေယာနှင့်ပဋိပက္ခကြားဆက်စပ်မှုများကို ကိုင်တွယ်နိုင်သောယန္တရားများ၏စွမ်းဆောင်ရည်ကိုတိုးတက်မှုရှိစေခြင်း။ ကုလသမဂ္ဂယန္တရားစနစ်အတွင်းတွင်ပင် နိုင်ငံရေးနယ်ပယ်ထဲမှလည်းကောင်း၊ နည်းပညာနယ်ပယ်ထဲမှလည်းကောင်းမြေယာနှင့် ပဋိပက္ခကိစ္စရပ်များကိုကိုင်တွယ်ရန်စွမ်းဆောင်ရည်မှာကွာဟချက်များရှိနေသည်။ မြေယာနှင့် ပဋိပက္ခများကို နိုင်ငံရေးနယ်ပယ်နှင့် နည်းပညာနယ်ပယ်ထဲမှ ကိုင်တွယ်ရန် ကျယ်ပြန်သောအမြင်နှင့်နှိုင်းယှဉ်သုံးသပ် အဖြေထုတ်မှုများ...

ကျောက်တော်မြို့ ရဲစခန်းအချုပ်ခန်းမှ အချုပ်သားနှစ်ဦးထွက်ပြေးသွား

Border News Agencyကျောက်တော်၊ စက်တင်ဘာ ၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားထားတဲ့ကျောက်တော်မြို့အချုပ်ခန်းမှအချုပ်သားနှစ်ဦးဟာ သြဂုတ်လ ၂၈ ရက်နေ့က ထွက်ပြေးသွားကြတယ်လို့ကျောက်တော်မြို့ခံတွေနဲ့ရဲတပ်ဖွဲ့ဝင်တချို့က အတည်ပြုပြောကြပါတယ်။ အဲဒီကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးရွာမှာဇူလိုင်လ ၂၄ ရက်နေ့ညက လူသတ်ဓားမြတိုက်ရွှေတွေ၊ငွေတွေယူ သွားသူစွပ်စွဲတရားခံအသက်သုံးဆယ်ငါးနှစ်အရွယ်ညီညီစိုးနဲ့နောက်တဦးထွ က်ပြေးသွားကြတာလို့ ဆို​ကြပါတယ်။ အဲဒီလူသတ်ဓားမြတိုက်စွပ်စွဲတရားခံညီညီစိုးဟာ လူသတ်ဓားမြတိုက်ခဲ့တာကိုဝန်ခံထားပြီး...

ရခိုင်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း OHCHR ပြော

Border News Agencyမောင်တော၊စက်တင်ဘာ ၂။ ရခိုင်မှာ အာရက္ခတပ်တော်(AA)ရော စစ်ကော်မရှင်ကပါ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)က စက်တင်ဘာ ၂ ရက် ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာရက္ခတပ်တော်ဟာ သတ်ဖြတ်မှု၊ အဓမ္မစစ်သားစုဆောင်းမှု၊အဓမ္မနေရပ်ရွှေ့...

Photo - APM

အာရက္ခအစိုးရရဲတပ်ဖွဲ့ဝင်ခုနှစ်ဦးအပါ အဝင် ဆယ့်တဦးကို မူးယစ်ဆေးဝါးအ မှုနဲ့ဖမ်းဆီး

Border News Agencyပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ရဲတပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင်မူးယစ်ဆေးဝါးရောင်း ချဖြန့်ဖြူးသုံးစွဲသူ တဆယ့်တဦးကို သြဂုတ်လ ၃၁ရက်နေ့ကအာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(DLEPS)အဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီအသက်၂၁ နှစ်အရွယ်တပ်သားခန့်စိုးလင်း၊အသက်၂၄ နှစ်အရွယ်ဒု-တပ် ကြပ်သန်းဟန်၊အသက် ၃၅ နှစ်အရွယ်တပ်သားကျော်စိုးလှိုင်၊အသက် ၂၀ အ...

(ဓာတ်ပုံ - အာရက္ခဒေသက လယ်ယာလုပ်ငန်းခွင့်တခု / BNA)

အာရက္ခဒေသမှာ ဝယ်ယူသူမရှိတော့လို့ စပါးဈေးကျဆင်းနေ

Border News Agencyကျောက်တော်၊ စက်တင်ဘာ ၂။ အာရက္ခဒေသမှာ ဒေသတွင်းဆန်၊ စပါးတွေကို ဝယ်ယူသူတွေမရှိလို့ စပါးဈေးတွေကျဆင်းနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။ အာရက္ခ​ဒေသမှာ ပေါ်ဆန်းမွှေးစပါးတင်းတရာကို ခုနှစ်သိန်းခွဲကျပ်၊ အိန္ဒိယဆန်ချေစပါးတင်းတရာကို ခြောက်သိန်းကျပ်နဲ့သီရိဒုံစပါးတင်းတရာကို ငါးသိန်းကျပ်ထိဈေးကျဆင်းနေတယ်လို့ ဆိုကြပါတယ်။ စစ်ပွဲမဖြစ်ပွားခင်က...

(ဓာတ်ပုံ - ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေတာကို PKPF မှ ၂၀၂၅ ခုနှစ်၊ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။)

အာဏာသိမ်း ၅ နှစ်နီးပါးအတွင်း ကရင်နီနဲ့ ကယန်းဒေသမှာ အရပ်သား ၈၀၀ ကျော်သေဆုံး

Border News Agencyရန်ကုန်၊ စက်တင်ဘာ ၂ ။ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၅ ဩဂုတ်လကုန်ထိ ကရင်နီပြည်နဲ့ကယန်းဒေသမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူနဲ့ စစ်ဘေးရှောင် ၈၁၆ ဦးထိ သေဆုံးခဲ့ရတ ယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က...

တရုတ်မယားအဖြစ်ရောင်းစားတဲ့ လူပွဲစား​လေးဦးကို ထောင်ဆယ်နှစ်စီချ

Border News Agencyရန်ကုန်၊ စက်တင်ဘာ ၂ ။ ရန်ကုန်၊ ကချင်နဲ့ရှမ်းပြည်က အမျိုးသမီးလေးဦးကို တရုတ်မယားအဖြစ်ရောင်းစားဖို့ ပို့ဆောင်ပေးခဲ့တဲ့ဖြစ်ရပ် သုံးခုအတွက် လူပွဲစားအမျိုးသမီးလေးဦးကို ထောင်ဆယ်နှစ်စီချမှတ်လိုက်တယ်လို့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ စက်တင်ဘာ ၂ ရက်၊ ဒီနေ့...

ကရင်အမျိုးသားအစည်းအရုံးမှာ ကျားမရေးရာမှုဝါဒထုတ်ပြန်

Border News Agencyကရင်ပြည်၊ စက်တင်ဘာ ၁။ ကရင်အမျိုးသားအစည်းအရုံးမှ ကျားမရေးရာမှုဝါဒတွေနဲ့ ပတ်သက်လို့ ပြည်သူတွေပွင့်လင်းမြင်သာမှုရှိအောင်စက်တင်ဘာလ ၁ ရက်၊ bဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ သူတို့ထိန်းချုပ်နယ်မြေတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပိတ်ပင်ထားပြီး ကျား၊ မခွဲခြားဆက်ဆံမှုပြဿနာပပျောက်ရေးအတွက် ကြိုးစားသွားမယ်နေတယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ...

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ တိုက်ခိုက်ခံရမှု သိသိသာသာမြင့်တက်လာနေ

Border News Agencyနေပြည်တော်၊စက်တင်ဘာ ၁။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ခုအချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှုတွေအပေါ် တိုက်ခိုက်ခံရမှု သိသိသာ သာမြင့်တက်လာနေတယ်လို့ ကုလသမ ဂ္ဂရဲ့ဂျီနီဗာအခြေစိုက်ကျန်းမာရေးက ဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအ ဖွဲ့ (Health Cluster)က စက်တင်ဘာလ...

(ဓာတ်ပုံ - ကျောက်တော်မြို့နယ်မှနေအိမ်တလုံးမှာရေဒီယိုနားထောင်နေကြစဥ် / BNA)

အာရက္ခဒေသမှာ ရေဒီယိုဈေးကျဆင်းနေပေမယ့် အသုံးပြုသူနည်းပါး

Border News Agencyကျောက်တော်၊ စက်တင်ဘာ ၁။ အာရက္ခဒေသမှာ ရေဒီယို ၁ လုံးကို ကျပ်ခုနှစ်သောင်းကျော်ထိဈေးကျဆင်းသွားပေမယ့် သတင်းအချက်အလက်သိရဖို့အသုံးပြုသူနည်းပါးနေတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တွေက ဆိုကြပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမစတင်ခင်က ရေဒီယို ၁ လုံးကို အမြင့်ဆုံးဈေးကျပ်တသောင်းကျော်ဝန်းကျင်ခန့်သာရှိခဲ့တယ်လို့ ဆိုကြပါတယ်။ စစ်ပွဲဖြစ်ပွားပြီးနောက်မှာ...

Page 94 of 134 1 93 94 95 134

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here