အာရက္ခပြည်၊ စစ်တွေခရိုင်အတွင်း တိုက်ပွဲကာလနဲ့မိုးတွင်းမှာ ယိုယွင်းပျက်စီးခဲ့တဲ့ မြို့ချင်းဆက်၊ရွာချင်းဆက်လမ်းပိုင်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုပြင်မွမ်းမံပေးနေပါတယ်။ အဲဒီစစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အဝေးပြေးလမ်းမကြီးတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းမကြီး၊ရသေ့တောင် - ဘူးသီးတောင် လမ်းမကြီးတွေအပြင် ရွာချင်းဆက်လမ်းတွေ ပြုပြင်နေမှုဟာရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။ အဲဒါကြောင့် လမ်းတွေပြန်ကောင်းလာတာအပြင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုတွေပါ ရှိလာတာကြောင့် အရင်ကမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ယာဉ်တိုက်မှုတွေဟာလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒါပေမယ့် စက်ယန္တရား မလုံလောက်မှုနဲ့ ကုန်ကျစရိတ်ကြီးမားတာတွေကြောင့် လမ်းပိုင်းတချို့မှာတော့လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အဲဒီလိုလမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာတာဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ လူမှုစီးပွားဘဝတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ကျန်ရှိနေတဲ့ လမ်းပိုင်းတွေကိုလည်း အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဈေးဆိုင်ပိုင်ရှင်တွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးနေပါတယ်။ အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ပိုင်ရှင်တွေအနေနဲ့ စည်ပင်ကချမှတ်ထားတဲ့ ဈေးစည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာခြင်း ရှိ၊ မရှိကို အဓိကထား ကြည့်ရှုနေတာဖြစ်ပါတယ်။ အဲဒီထဲအထူးသဖြင့် သတ်မှတ်ထားတဲ့မျဉ်းကို ကျော်ပြီး လူသွားလမ်းတွေပေါ်မှာ ဈေးပစ္စည်းတွေ တိုးချဲ့ခင်းကျင်း ရောင်းချတာမျိုး ရှိ၊ မရှိကို လိုက်လံစစ်ဆေးနေတာပါ။ အဲဒီလိုစစ်ဆေးတာတွေကို စည်ပင်သာယာရေးဌာနနဲ့အတူ ဈေးကော်မတီ၊ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELPS) နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီစစ်ဆေးချိန်အတွင်း စည်းကမ်းမလိုက်နာတဲ့ ဆိုင်ပိုင်ရှင်တွေကို သတိပေးတာတွေပြုလုပ်ခဲ့ပြီး စည်းကမ်းချိုးဖောက်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူသွားမယ်လို့သိရပါတယ်။
Read moreကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ၂ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးရှောင်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ ကျောက်ဖြူမြို့နယ်၊မော်ကြီးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊ည ၅ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ပါရာမော်တာတစီးနဲ့ရည်ရွယ်ချက်ရှိရှိဗုံးငါးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ မော်ကြီးရွာမှာစစ်ဘေးရှောင်နေတဲ့ ငပုချွိန်ရွာသားအသက် ရှစ်ဆယ့်ငါးနှစ်အရွယ်ဦးခိုင်အောင် သေဆုံးသွားခဲ့ပြီး၊ဦးခင်မောင်ချေနဲ့ ဦးသိန်းကျော်နုတို့ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်မော်ကြီးရွာရှိ နေအိမ်နှစ်လုံးလည်း မီးလောင်ပြာကျခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊မူရွင်းရွာရှိဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်ကဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့လို့ ကိုးလသားအရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြေ
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၄။ ရခိုင်-မကွေးအစပ်ကို ဗဟိုပြုပြီး ပြင်းအား ၅.၉ (Mw) အင်အားပြင်းငလျင်နဲ့ ၄.၂ (Mw) ရှိတဲ့ ငလျင်ငယ်တခု ဖေဖော်ဝါရီလ ၃ ရက်၊ညပိုင်းမှာ လှုပ်ခတ်သွားတယ်လို့ USGS ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီငလျင်ဟာ ရေနံချောင်းမြို့ရဲ့ အနောကဘက် ၉၅ ကီလိုမီတာအကွာ ရခိုင်ရိုးမတောင်တန်းအတွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ရခိုင်တစ်ပြည်လုံးအပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ ပြင်းထန်စွာ တုန်ခါသွားခဲ့တာပါ။ အဲဒီလှုပ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောမြို့နယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီမောင်တောဒေသကို မနေ့ည ၁၀ နာရီ ၇ မိနစ်မှာအမြင့်ဆုံးစကေး ၅.၁ (Mw) အဆင့်နဲ့ ပထမတကြိမ် လှုပ်ခတ်ခဲ့ပြီး၊ ၁၀ နာရီ ၂၃ မိနစ်မှာတော့ ၄.၂ (Mw) အဆင့်နဲ့ ဒုတိယတကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ USGS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဲဒီငလျင်ဟာ မောင်တောမြို့ရဲ့ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြေပြင်အောက်အနက် ၁၂ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တဲ့ အလွန်တိမ်တဲ့ငလျင်ဖြစ်တာကြောင့် မောင်တောမြို့ပေါ်မှာ တုန်ခါမှု အတော်လေး ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အအုံတွေနဲ့ ဘုန်းကြီးကျောင်းတွေ သိသိသာသာ တုန်ခါသွားလို့ လူတွေဟာ နေအိမ်အပြင်ဘက်ကို ထွက်ပြေးခဲ့ကြရတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။ "ပထမတကြိမ် လှုပ်တာက အရမ်းပြင်းတယ်။ငါးမိနစ်လောက်ကို တုန်နေတာ။ ဘုန်းကြီးကျောင်းတွေလည်း အတော်လေး တုန်ခါသွားလို့ အပေါ်ထပ်တောင် မတက်ရဲဘူး ဖြစ်နေတယ်။"လို့ မောင်တောမြို့ခံကျောင်းထိုင်ဆရာတော်တပါးက Border News Agency ကို မိန့်ကြားပါတယ်။ အဲဒါကြောင့် ညအချိန်မတော် ငလျင်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့အတွက် မောင်တောဒေသခံတွေဟာ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ကျောက်ပန္ဒူကျေးရွာအနီးက ရာမ၊ လက္ခဏတောင်ခြေရင်းမှာ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ "ရာမ" အသံမစဲပဋ္ဌာန်းပွဲတော်ကို ဇန်နဝါရီ လ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတော်ဟာ ရာမ၊ လက္ခဏနဲ့ မယ်သီတာတို့ကို ရိုးရာအစဉ်အလာအတိုင်း ဆုတောင်းပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာ ကြီးကြပ်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး အနီးအနားက ရခိုင်လူမျိုးတွေလည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီအပြင် ULA/AA က တာဝန်ရှိသူတွေဟာ ဒီဘာသာရေးပွဲတော်ကို တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ပွဲတော်ဖြစ်မြောက်ရေးအတွက် အာရက္ခတပ်တော်က ငွေကျပ် သိန်း ၃၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုမျိုးဘာသာရေးပွဲတော်တွေကို စည်းစည်းကားကား ကျင်းပနိုင်တာဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လူမျိုးစုအချင်းချင်း ချစ်ကြည်လေးစားမှုကို ပြသရာရောက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၃။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ အစ္စလာမ်ဘာသာရေးတက္ကသိုလ်တခုမှာဖေဖော်ဝါရီလ ၂ ရက်၊ မနေ့က ဘွဲ့နှင်းသဘင်နဲ့ဆုပေးပွဲအခမ်းအနားကို စည်စည်ကားကား ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဘာသာရေးစာမေးပွဲတွေနဲ့ကုရ်အာန်ကျမ်းမြတ်အာဂုံဆောင်သင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘွဲ့လက်မှတ်တွေနဲ့...
Read moreBorder News Agencyကျောက်တော်၊ ဖေဖော်ဝါရီ ၂။ နွေဦးတော်လှန်ရေးငါးနှစ်နီးပါးကာလအတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ မတရားသတ်ဖြတ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ ၁၁,၄၇၂ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာ အာရက္ခဒေသဟာ သေဆုံးမှုနှုန်း အမြင့်ဆုံးဒေသတွေထဲက တခုဖြစ်နေတယ်လို့ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ...
Read moreBorder News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၂။ အာရက္ခဒေသမှာရှိတဲ့ အာရက္ခပြည်သူ့ရေးရာမူဝါဒနဲ့ စီမံအုပ်ချုပ်ရေးကျောင်း (ASPPA) မှာလစ်လပ်နေတဲ့ နေရာတွေအတွက် ဝန်ထမ်းအသစ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကတည်းက စတင်ခေါ်ယူနေတာ ဖြစ်ပါတယ်။ အဲဒီကျောင်းမှာ တာဝန်ထမ်းဆောင်မယ့်သူတွေဟာစည်းကမ်းတွေကို...
Read moreBorder News Agencyကျောက်ဖြူ၊ ဖေဖော်ဝါရီ ၁။ ကျောက်ဖြူမြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်၊ ညနေပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သားတဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီဇင်ချောင်းကုန်ဘွယ်ရွာက အသက်လေးဆယ်ငါးနှစ်အရွယ် ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေးသေဆုံးသွားခဲ့တာပါ။...
Read moreBorder News Agencyမောင်တော၊ ဖေဖော်ဝါရီ ၁။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဦးဆောင်ပြီး ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲကို စည်ကားစွာကျင်းပနေပါတယ်။ အဲဒီပြိုင်ပွဲမှာ ရပ်ကွက်၊ ကလပ်နဲ့ ဌာနဆိုင်ရာအသင်း စုစုပေါင်း ၁၇ သင်းပါဝင်ပြီး...
Read moreHey! Don't Copy my content.