Border News Agencyကျောက်ဖြူ၊ အောက်တိုဘာ ၁၃။ ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်ရေတပ်က လက်နက်ကြီးပစ်ခတ်လို့ သုံးနှစ်အရွယ်ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ စစ်ကော်မရှင်ရေတပ်ဟာအောက်တိုဘာလ ၁၂ ရက်၊ ညနေ ၇ နာရီအချိန်က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီလိုလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်...
Read moreBorder News Agencyမောင်တော၊ အောက်တိုဘာ ၁၂။ အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အရာရှိတချို့ထောက်ပံ့ကူညီပေးနေတယ်လို့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ဆိုပါတယ်။ အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်အကြမ်းဖက်အဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော်စစ်ရေးလှုပ်ရှားမှု၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၁ ရက်၊မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီအဖွဲ့တွေဆီက အာရက္ခတပ်တော်သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း၊...
Read moreBorder News Agencyမောင်တော၊ အောက်တိုဘာ ၁၁။ မောင်တောမြို့နယ်မှာ အကြမ်းဖက်သမားတွေသတ်ဖြတ်လို့ အရပ်သားတဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က အောက်တိုဘာလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီမောင်တောမြို့နယ်၊ လိပ်ရခွဆုံတောင်ဘက်မီတာနှစ်ရာခန့်အကွာမှာ အောက်တိုဘာလ ၁၁ ရက်၊ဒီနေ့ နေ့လည်...
Read moreBorder News Agencyကျောက်ဖြူ၊ အောက်တိုဘာ ၁၁။ ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်ရေတပ်က လက်နက်ကြီးပစ်ခတ်လို့ အမျိုးသားတဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ငအုပ်ကျေးရွာကို အောက်တိုဘာလ ၁၀ ရက်နေ့ညက စစ်ကော်မရှင်ရေတပ်ကရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ဆိုကြပါတယ်။ အဲဒီလိုပစ်ခတ်တာကြောင့်...
Read moreBorder News Agencyကျောက်ဖြူ၊ အောက်တိုဘာ ၁၁။ စစ်ကော်မရှင်ရေတပ်က ဖမ်းဆီးမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာ ရေလုပ်သားတွေဟာ အသက်စွန့်ဝမ်းစာရှာဖွေနေကြရတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။ တရုတ်စီမံကိန်းတွေတည်ရှိတဲ့ မဒေးကျွန်းအနီးသံဇစ်မြစ်မှာ ကျောက်ဖြူမြို့နယ်က ရေလုပ်သားတွေဟာ ငါးဖမ်းခွင့်မရကြတာမို့ ဘဝရပ်တည်ရေးခက်ခဲနေကြတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။...
Read moreBorder News Agencyကျောက်ဖြူ၊ အောက်တိုဘာ ၁၁။ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်ကြား နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာငါးနေရာမှာ အပြန်အလှန်ထိုးစစ်တွေ နေ့စဉ်ဖြစ်နေခဲ့ကြတာ ကြာမြင့်ခဲ့ပြီလို့ အောက်တိုဘာလ ၁၀ ရက်၊ မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။ မကွေးတိုင်းမှာနတ်ရေကန်ဗျူဟာ၊ ပဲခူးတိုင်းမှာညောင်ကျိုးဗျူဟာကုန်း၊ ဧရာဝတီတိုင်းအစပ်လေးမျက်နှာမြို့နယ်မှာ...
Read moreBorder News Agencyမြောက်ဦး၊ အောက်တိုဘာ ၁၁။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတချို့ကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ရန် ပြင်ဆင်နေတယ်လို့ အောက်တိုဘာလ ၁၀ ရက်၊ မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်ဟာ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာနေရာငါးခုမှာအပြန်အလှန်ထိုးစစ်တွေ နေ့စဉ်တိုက်ခိုက်နေခဲ့ကြတာကြာနေပြီလို့ အာရက္ခတပ်တော်က...
Read moreBorder News Agencyသံတွဲ၊ အောက်တိုဘာ ၁၀။ စစ်ကော်မရှင်တပ်ဟာ သံတွဲ၊ ဂွစတဲ့မြို့အနီးကို စစ်သင်္ဘောတွေကလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၁၀ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ဆေးခန်းနဲ့...
Read moreBorder News Agencyသံတွဲ၊ အောက်တိုဘာ ၁၀။ စစ်ကော်မရှင်တပ်ဟာ သူတို့လွတ်လပ်ဆုံးရှုံးထားရတဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်တွေအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရအချက်အချာကျပြီး သူတို့ စွန့်လွှတ်ခဲ့ရတဲ့နေရာတချို့၊ မြို့၊ ရပ်ရွာတွေကို ပြန်ပြီးသိမ်းပိုက်ရယူဖို့ ကြိုးစားနေတာကြောင့် ပြည်သူတွေစစ်ရေးသတိရှိကြဖို့ အာရက္ခတပ်တော်...
Read moreBorder News Agencyသံတွဲ၊ အောက်တိုဘာ ၁၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်ကို အောက်တိုဘာလ ၁၀ ရက်၊ ဒီမနက် ၈ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီသံတွဲမြို့နယ်၊ ဇလွန်အနီးရှိ ရွာရှည်ကျေးရွာရဲ့အရှေ့ဘက် တောင်ခြေရင်းတွေကို နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုဟာ တောထဲမှာကျရောက်ပေါက်ကွဲခဲ့တာမို့...
Read moreHey! Don't Copy my content.