မောင်တူရေးသည်။ လီဗီးယားသန်(Leviathan)ဟူသည် ရှေးခေတ်ဟီဘရူး(အစ္စရေး)ကျမ်းစာဒဏ္ဍရီလာတွင်ပါသော မကောင်းဆိုးဝါးကြီး၏အမည်ဖြစ်သည်။အဆိုပါမကောင်းဆိုးဝါးကြီးသည် ရက်စက်ကြမ်းကြုတ်လှပြီး တွေ့မြင်သမျှကို ဆွဲယူဝါးမြိုပစ်သည်ဟု အဆိုရှိပေသည်။ နိုင်ငံရေးအယူအဆဘက်ကိုရောက်ရှိလာသော လီဗီးယားသန် ကမ္ဘာ့သမိုင်းတွင် လူသားများသည် သက်ဦးဆံပိုင်ဘုရင်စနစ်၊မြေရှင်ပဒေသရာဇ်စနစ်စသောအကြွင်းမဲ့အာဏာပိုင်စနစ်များ၏ ဆင်းရဲဒုက္ခဆိုးကျိုးများကိိုကြုံလာခဲ့ရသည်။ ဆင်းရဲဒုက္ခများကို မခံနိုင်သောအခါ တော်လှန်ရေးများဖြစ်ပေါခဲ့သည်။တော်လှန်ရေးများတွင် အကြွင်းမဲ့အာဏာပိုင်စနစ်များကို ကျားကန်ပေးထားသောအယူအဆများကို ဖြိုချပစ်သည့်...
Read moreမောင်တူရေးသည်။ ထုတ်ကုန်နည်းပါးလွန်းသောလူ့အဖွဲ့အစည်း ၁ ကုန်ထုတ်လုပ်မှုများသောလူ့အဖွဲ့အစည်းသည် ချမ်းသာသည်။လူသားသမိုင်းကို ပြန်ကြည့်လျှင် ကျောက်ခေတ်ကာလသည် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းဖြစ်သည်။ ကျောက်ခေတ်လူတွင် မည်သည့်ကုန် ထုတ်လုပ်မှုမှမရှိပေ။အစာအတွက်လည်း ထုတ်ကုန်မရှိ၊အဝတ်အထည်အတွက်လည်း ထုတ်ကုန်မရှိ၊နေရန်အတွက်လည်း ထုတ်ကုန်မရှိကြပေ။အစာအတွက် ထုတ်ကုန်မရှိ၍ အမဲထွက်လိုက်ကြရပေသည်။ဝတ်ရန်အဝတ်အထည်မရှိ၍ ရာသီဥတုဒဏ်ခံကြရပေသည်။နေစရာမရှိ၍ ကျောက်ဂူများတွင်နေကြရပေသည်။ ကမ္ဘာပေါ်တွင် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းသည်...
Read moreအာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးကိုယ်ဝန်ဆောင်တွေဟာ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်နေကြပေမယ့်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေတွေ ပုံမှန်ထိုးရမယ့်ကာကွယ်ဆေးတွေမထိုးကြရဘူးလို့ ဆိုကြပါတယ်။ အဲဒီအပြင် ငွေကြေးအခက်ခဲတွေကြောင့်ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါး၊အစာအာဟာရပြည့်ဝစွာမရကြဘူးလို့လည်းဆို ကြပါတယ်။ "အခက်အခဲတွေက အများကြီးပဲ။အ လုပ်အကိုင်ကလည်းအဆင်မပြေဘူး။ အဆင်မပြေရင်လည်း အဆင်ပြေသလို ရှာကြံပြီးစားနေရတာပေါ့။...
Read moreမောင်တူရေးသည်။ စစ်ရာဇဝတ်မှုနှင့်အာရက္ခအစိုးရ အာရက္ခဒေသအတွင်း ဖြစ်ပွားသောစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့အစိုးရတကိုယ်တည်းကိုင်တွယ်နိုင်မည်လော့။နိုင်ငံတကာ၏အမြင်တွင်အားလုံးသောစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတကိုယ်တည်းကိုင်တွယ်နိုင်မည်ဟုမယုံကြည်ကြပေ။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်များကိုယ်တိုင်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုသာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့ရာတွင် ဥပဒေကြောင်းအရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်နယ်မြေ၏အပြင်ဘက်တွင်ရှိနေသော မြန်မာ့စစ်တပ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သောဖြစ်ရပ်များနှင့်မူဆလင်လက်နက်ကိုင်အကြမ်းဖက်သမားများကျူးလွန်ခဲ့သောဖြစ်ရပ်များကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် နိုင်ငံတကာအကူအညီမပါဘဲ တကိုယ်တည်းကိုင်တွယ်ဖြေရှင်းအရေးယူရန် မဖြစ်နိုင်ပေ။ အာရက္ခဒေသအတွင်း စစ်ရာဇဝတ်မှုများအား တားဆီးကာကွယ်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပေါ်တွင် ပြည်သူလူထုအများစုမျှော်လင့်ချက်ထားကြပေသည်။...
Read moreခိုင်ဇော်ရေးပါတယ်။ တဆောင်းကုန်လို့ နွေသို့ကူးပြီ၊တိုက်ခတ်လာတဲ့ လေရူးတွေကလည်း ဟိုးတုန်းကလို အေးမြမြမဟုတ်တော့၊ပူနွေးနွေး။ထိုလေထုထဲ သဲမှုန်များပါ တွဲခိုလွင့်စင့်လာသေးတယ်။တံလျှပ်တို့ကလည်း တလျှပ်လျှပ် ထနေတယ်။ ဖောက်ပြန်လာတဲ့ ရာသီဥတုကြောင့် လေနုအေးတွေ မတိုက်တော့တဲ့ နွေအပူချိန်အောက် အမိုးအရိပ်မရှိ ကန်သင်းရိုးပေါ်ထိုင်ကာ ပိန်လှီဝါဖျင့်နေတဲ့ ငရုတ်စိုက်ခင်းတွေကို ငေးနေသူတဦးလည်း...
Read moreမောင်တူရေးသည်။ အာရက္ခဒေသ၏ စီးပွားရေးအခြေအနေချွတ်ခြုံကျမှုသည် တာရှည်မည့်အလားအလာမျိုးရှိနေသည်။စီးပွားရေးတိုးတက်မှုသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စီမံခန့်ခွဲမှုအပေါ် နိုင်ငံရေးအရ အကဲဖြတ်နိုင်သည့်အချက်များထဲတွင် တခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးစုလက်နက်ကိုင်များထိန်းချုပ်ထားသောနယ်မြေများ၏စီးပွားရေးတိုးတက်မှုသည် အိမ်နီးချင်းတိုင်းပြည်များကို မှီခိုနေရသည်။ လူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ဧရိယာများ၌ ကုန်ပစ္စည်းထုတ်လုပ်နိုင်သောစီးပွားရေးတည်ဆောက်ထားနိုင်သည်ကို သိပ်မတွေ့ရပေ။ဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော ဝပြည်နှင့်မိုင်းလားကဲ့သို့ နယ်မြေများသည်ပင်လျှင် အိမ်နီးချင်းတိုင်းပြည်များအပေါ်တွင်စီးပွားရေးအရ...
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ကကျေးရွာတွေမှာ ရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဆေးဝန်ထမ်းတပ်၊အာရက္ခပြည်သူ့ ကျန်းမာရေးဌာနနဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ပူးပေါင်းပြီး မတ်လ ၁ ရက် နေ့ကစလို့ ဆေးကုသပေးနေကြပါတယ်။ အဲဒီရောဂါတွေထပ်ပြီးမပြန့်ပွားစေဖို့ အနာတွေကိုသန့်သန့်ရှင်းရှင်းထားရန်၊ ပိုးဝင်တဲ့လက္ခဏာ၊ ပြည်တည်တဲ့ လက္ခဏာတွေဖြစ်လာခဲ့ရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းတွေကို...
Read moreရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidary Organization) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊ နက်ဖ်ချောင်းဆရီမြို့အနီးတောတွင်းမှာ စစ်ရေးလေ့ကျင့်ပေးနေတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။ အဲဒီအဖွဲ့ဟာ မောင်တောခရိုင်သိမ်းတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့ကြသလို အာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်မှာအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေကြသေးတယ်လို့လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။ သူတို့ဟာ နတ်မြစ်အတွင်းမှာလည်းလှု...
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့ထဲသို့ ရာမ်ဇာန်ဥပုသ်လမရောက်မီ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးဖို့ အာရက္ခပြည်သူ့အစိုးရကို မွတ်ဆလင်အသိုင်းအဝိုင်းက တောင်းဆိုနေကြပါတယ်။ အဲဒီမောင်တောမြို့ထဲသို့ ရခိုင်၊ ဟိန္ဒူအပါအဝင်တခြားလူမျိုးတွေကို ဝင်ရော က်ခွင့်ပြုထားပေမယ့် မွတ်ဆလင်တွေကိုတော့ မောင်တောမြို့ထဲကို တရားဝင် ဝင်ရောက်နေထိုင်ခွင့်မပြုသေးဘူးလို့မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ရွှေဇားကျေး ရွာအုပ်စုရှိ...
Read moreအာရက္ခဒေသက စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးခက်ခဲနေကြတာမို့နိုင်ငံတကာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာအကူအညီတွေမရကြတာ လေးလခန့်ရှိနေပြီး စားဝတ်နေရေး၊ကျန်းမာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့် နေ့စဥ်စားဝတ်နေရေးအတွက် အခက်ခဲဆုံးအခြေအနေတွကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ "ရွာတွေပတ်ပြီး ဆန် အကူအညီတောင်းတယ်။...
Read moreHey! Don't Copy my content.