ပုဏ္ဏားကျွန်းမြို့နယ်

အမိုးအကာတွေလိုအပ်နေကြတဲ့ စစ်ဘေးရှောင်တွေ

Border News Agencyပုဏ္ဏားကျွန်း၊ မေ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့အာရက္ခဒေသက စစ်ဘေးရှောင်တွေအတွက် မိုးရာသီမရောက်ခင် အမိုးအကာတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အာရက္ခဒေသမှာ နေ့စဥ်ရက်ဆက်အချိန်ကျမိုးတွေရွာသွန်းနေတာမို့ အမိုးအကာတွေမရှိတာကြောင့် စစ်ဘေးရှောင်တွေဟာ လမ်းဘေးတွေနဲ့ ကွင်းပြင်နေရာတွေမှာ တဲအိမ်ထိုးပြီးနေကြရတယ်လို့ ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒါကြောင့်...

Read more

စစ်ဘေးရှောင်ကလေးငယ်တွေ ပညာသင်ကြားဖို့ အကူအညီတွေ လိုအပ်နေ

Border News Agencyပုဏ္ဏားကျွန်း၊ မေ ၂၀။ အာရက္ခဒေသက စစ်ဘေးရှောင်က လေးငယ်တွေ ပညာသင်ကြားဖို့ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေကြောင့် ကလေးတွေကို ပညာသင်ကြားဖို့အခက်အခဲတွေ အများကြီးရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။...

Read more

စစ်ဘေးရှောင်မြိုလူမျိုးတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေ

Border News Agencyပုဏ္ဏားကျွန်း၊ မေ ၁၄။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ့စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်မြိုလူမျိုးတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်မြိုလူမျိုးတွေက ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်သည်ဖျား၊အောင်မကျော်၊လောင်းဘုတ်စတဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတွေက စစ်ဘေးရှောင်လာကြတဲ့မြိုလူမျိုးတွေဖြစ်ကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေပြည်လည်ထူထောင်ရေးအတွက်...

Read more

ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတဲ့ မြိုစစ်ဘေးရှောင်တွေ (ဓာတ်ပုံသတင်း)

Border News Agencyပုဏ္ဏားကျွန်း၊ မေ ၁၄။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ့စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်မြိုလူမျိုးတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်သည်ဖျား၊ အောင်မကျော်၊ လောင်းဘုတ်စတဲ့ ဝေးလံခေါင် ဖျားတဲ့နေရာတွေက စစ်ဘေးရှောင်လာကြတဲ့မြိုလူမျိုးတွေဖြစ်ကြပါတယ်။...

Read more

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

Border News Agencyပုဏ္ဏားကျွန်း၊ မေ ၁၂။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းနဲ့စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါအပြင် အသည်းရောင်အသားဝါရောဂါတွေဖြစ်ပွားနေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှု တွေ လိုအပ်နေကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။...

Read more

အာရက္ခဒေသက စုံလင်ကွဲပြားလူမှုဘ၀တွေကို ဘယ်လိုတည်ဆောက်ကြမလဲ

လင်းခိုင် ရေးတယ်။ အာရက္ခဒေသတခုလုံးကို သိမ်းပိုက်ထိန်းချုပ်သွားမယ်လို့ ကြွေးကြော်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စလုပ်နေပြီဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော်နေတာဖြစ်ကာ တရားစီရင်ရေး၊အခွန်ကောက်ခံရေး၊စည်ပင်သာယာရေး၊လမ်းတံတားတည် ဆောက်ရေး၊ပညာရေး၊ကျန်းမာရေးစတဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ဆောင်နေတာတွေ့ရပါတယ်။ အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရေးအတွက်တိုက်ခိုက်နေတယ်ဆိုတဲ့...

Read more

မိုးများဒေသက သောက်သုံးရေရှားပါးမှုဘေးဒုက္ခ

Border News Agencyပုဏ္ဏားကျွန်း၊ ဧပြီ ၂၀။ နွေရောက်ပြီဆိုတာနဲ့ရေရှားပါးမှုက စလာပြီ။ သောက်ရေသုံးရေကအစ ရေအရင်းအမြစ်တွေ တဖြည်းဖြည်းနည်းလာပါတော့တယ်။ တနှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ်တဲ့ဒီရေရှားပါးမှုပြဿနာက အာရက္ခဒေသက ပြည်သူတွေအတွက် ခေါင်းခဲစရာပါ။ သောက်သုံးရေရှားပါးတာကြောင့် မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေကြ ရပါတယ်။ မသန့်တဲ့ရေတွေကို...

Read more

အာရက္ခပြည်သူတွေ ရေရှားပါးမှုကြုံနေကြ

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေ ရေရှားပါးမှုကြုံနေကြရပြီ သောက်ရေတွေကအစအခက်အခဲရှိနေတာမို့ အရေပြားရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်သူတွေလည်းရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေမြို့နယ်အပါအဝင် ဒေသစုံမှစစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်တော်မြို့နယ်၊ရသေ့တောင်မြို့နယ်နဲ့မောင်တောမြို့နယ်မှာ ရေရှားပါးမှုနဲ့ ကြုံနေကြရတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကတော့ ရေရှားမှုဒဏ်အဆိုးဆုံးခံရတဲ့ဒေသဖြစ်တယ်လို့ ဆိုကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ...

Read more

ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို မတ်လ ၂၅ ရက်၊ ညနေ ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီးဆယ့်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့၊ လိပ်ကုန်းပြင်ရပ်ကွက်က အသက်ဆယ့်ကိုးနှစ်အရွယ် ကိုမောင်သက်နိုင်၊ အသက်လေးဆယ်ငါးနှစ်အရွယ်ဒေါ်မရီ၊ အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးသန်းမောင်၊အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ရဲလင်းစိုး သေဆုံးသွားခဲ့ပါတယ်။ သူတို့ဟာ ပုဏ္ဏားကျွန်းမြို့မှ...

Read more

ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ မတ်လ ၇ ရက်နေ့ဆေးကုသပေးနေကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်က အရေပြားရောဂါဖြစ်ပွားနေတဲ့အမျိုးသား ၆၀ ဦး၊အမျိုးသမီး ၁၀၄ ဦး၊စုစုပေါင်း၁၆၄ ဦးကို ဆေးကုသပေးခဲ့ပါတယ်။ အဲဒီအပြင် ကျန်းမာရေးဆိုင်ရာအသိပညာဟောပြောတာတွေ၊လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကိုလည်း လုပ်ခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း...

Read more
Page 10 of 11 1 9 10 11

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here