Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ဆောင်းပါး ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

တော်လှန်ရေးစိတ္တဇနာမ်နဲ့ အမျိုးသမီးတွေရဲ့ဒဏ်ရာကို ကုစားခြင်း

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ သြဂုတ် ၂။

တော်လှန်ရေးကာလ၊ စစ်ပွဲကာလနဲ့အကူးအပြောင်းကာလရောက်နေတဲ့ လူမှုအသိုင်းအဝန်းတွေမှာ အတွေးအခေါ်ပိုင်းမှာ ဘေးကျပ်နံကျပ်အခြေအနေ (Dilemma)တွေရှိတတ်ကြပါတယ်။

အဲဒီလိုအတွေးအခေါ်ပိုင်းဘေးကျပ်နံကျပ်အခြေအနေတွေအောက် အမျိုးသမီးတွေအပါအဝင် ထိခိုက်လွယ်သူတွေအရေးဖော်ထုတ်ရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။

သင်္ဘောနဲ့ ပင်လယ်ခရီးနမူနာ

ဂရိအတွေးအခေါ်ပညာရှင်ပလေတိုက သူ့ရဲ့(The Republic)စာအုပ်မှာ နိုင်ငံတော်၊ လူ့အသိုင်းအဝန်းကို သင်္ဘောနဲ့တင်စားပြီးရှင်းပြတတ်လို့ တော်လှန်ရေးပဋိပက္ခကာလ၊စစ်ပွဲကာလကို သင်္ဘောနဲ့ဥပမာပြုပါရစေ။

သင်္ဘောတစီးဟာ သားရဲတွေ၊အန္တရာယ်တွေ၊လှိုင်းကြမ်းကျောက်ဆောင်တွေများတဲ့ ပင်လယ်ခရီးကိုဖြတ်သန်းနေပါတယ်။

သင်္ဘောပေါ်မှာ သင်္ဘောတပ်မကိုကိုင်နိုင်သူကတယောက်ပဲရှိသလို စက်ပြင်နိုင်သူလည်းတယောက်ပဲရှိပါတယ်။ ကျန်သူတွေက ခရီးသည်တွေပါ။ ပင်လယ်ခရီးကကြမ်းပါတယ်။ အန္တရာယ်တွေလည်း များပါတယ်။ သင်္ဘောလိုရာခရီးရောက်အောင်၊သင်္ဘောမမှောက်အောင်အတွက် အတော်ကြီးကိုဂရုစိုက်မောင်းနေရမယ့်အခြေအနေမျိုးမှာရှိနေပါတယ်။

အဲဒီအချိန်မှာသင်္ဘောမောင်းသူနဲ့ စက်ပြင်သူက သင်္ဘောပေါ်မှာပါလာတဲ့ခရီးသည်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေလုပ်လာပါတယ်။

အဲဒီလိုအနေအထားမျိုးမှာ ခရီးသည်တွေ အချင်းချင်းကြားမှာ အုပ်စုအမျိုးမျိုးကွဲလာပါတယ်။

၁။ တရားမျှတမှုကို ဖော်ထုတ်ဖို့အတွက် ငါတို့ခရီးဆုံးအောင်စောင့်ရမယ်။ တကယ်လို့ သင်္ဘောမောင်းသူမရှိရင်၊စက်ပြင်သူမရှိတော့ရင် အစော်ကားခံရသူရော ၊မခံရသူတွေ အကုန်လုံးနစ်မြုပ်ပြီးသေသွားနိုင်ပါတယ်။ ဒါကြောင့်လောလောဆယ် ဒါတွေကိုခဏဘေးဖယ်ထားဆိုတဲ့အုပ်စု။

၂။ အဲဒီလိုဘေးဖယ်ထားလို့မရသေးဘူး။ ခရီးမဆုံးသေးတာမှန်တယ်။ ကျူးလွန်သူတွေဟာ ခရီစဉ်မှာမရှိမဖြစ်အရေးပါနေတာလည်း မှန်တယ်။

ဒါပေမယ့် ဒီလိုမရှိမဖြစ်အရေးပါမှုဟာ မတရားမှုအတွက် အကာအကွယ်မဖြစ်သင့်ဘူး။

လက်ရှိအနေအထားမှာ သူတို့ကိုအရေးယူခိုင်းနေတာ မဟုတ်ဘူး။ ကျူးလွန်သူတွေကို အခုချက်ချင်းအပြစ်ပေးခိုင်းနေတာလည်း မဟုတ်ဘူး။

ဒါပေမယ့် ဒါဟာမတရားမှုဖြစ်တယ်။ မတရားမှုဖြစ်နေတာကို အနည်းဆုံး မကြိုက်ကြောင်းပြောဆိုထားရမယ်။

ဒါမှလောလောဆယ်မှာ အရေးမယူနိုင်သေးရင်လည်း အတားအဆီးတခုတော့ ဖြစ်လာမှာဆိုတဲ့အုပ်စုရယ်ဆိုပြီး နှစ်မျိုးကွဲလာပါတယ်။

အရေးပါဇာတ်ဆောင် (Crucial Role)

သင်္ဘောကို မောင်းနှင်နိုင်သူ၊စက်ပြင်နိုင်သူတွေဟာ တော်လှန်ရေးကို ဦးဆောင်နေသူတွေ၊ပါဝင်နေသူတွေနဲ့တူပါတယ်။

အဲဒီလိုလူမျိုးတွေဟာ သိပ်များများစားစားမရှိပါဘူး။

အဲဒီတော့ သူတို့တွေဟာ”မရှိမဖြစ်အရေးပါတဲ့နေရာ(Crucial Role)”ကို ရောက်လာပါတယ်။

ပင်လယ်ခရီးကြီးဟာ လက်ရှိတော်လှန်ရေးကာလ လက်နက်ကိုင်ပဋိပက္ခစစ်ပွဲကိုရည်ညွှန်းပါတယ်။

လက်ရှိတော်လှန်ရေးအခြေအနေဟာ “အရေးပေါ် အခြေအနေ”၊ “သေရေးရှင်ရေးအခြေအနေပါ”။ အရေးပေါ် အခြေအနေအောက်မှာ အရေးကြီးတဲ့ကိစ္စကလွှဲလို့ ကျန်တဲ့ကိစ္စတွေကို နောက်ကိုပို့ထားရပါတယ်။

အဲဒါကြောင့်လည်း အမျိုးသမီးတွေအပါအဝင်ထိခိုက်လွယ်သူတွေအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေဟာ ပဋိပက္ခကာလ၊စစ်ပွဲကာလမှာ နောက်ကိုဆု တ်နေရပါတယ်။

အရေးပါဇာတ်ကောင်မောင်ပိုင်စီး အခြေအနေ

အဲဒီလိုအခြေအနေမျိုးမှာ “အရေးပါဇာတ်ကောင်(Crucial Role)”တွေလက်ထဲ လူ့အသိုက်အဝန်းတခုလုံးရဲ့ “သေရေး ရှင်ရေးအနေအထား”ရောက်သွားပါတ ယ်။

အဲဒီသေရေးရှင်ရေးအနေအထားကို လက်ဝါးကြီးအုပ်အမြတ်ထုတ်မှု (Emergency Monopoly)”လည်း ဖြစ်လာတတ်ပါတယ်။

သင်္ဘောမောင်းသူနဲ့ စက်ပြင်သူရဲ့လုပ်ရပ်ဟာ”အရေးပါဇာတ်ကောင်နေရာကိုယူပြီး အခြေအနေကို မောင်ပိုင်စီးအမြတ်ထုတ်မှုဖြစ်ပါတယ်။

ခရီးသည်တွေက လူထုကို ရည်ညွှန်းပြီးခရီးသည်တွေဘက်ကကြည့်ရင် သူတို့ကိုအကျပ်အတည်းကာလမှာ သူတို့ကိုအကာအကွယ်ပေးရမယ့်၊အထိအခိုက်နည်းနိုင်သမျှနည်းအောင် ဦးဆောင်ရမယ့်သူတွေက”အရေးပါဇာတ်ကောင် (Crucial Role)”နေရာမှာနေပြီး”ငါတို့မရှိရင် သင်္ဘောမှောက်ကုန်မယ်၊အကုန်သေသွားမယ်”(အာဏာရှင်လက်ထဲပြန်ရောက်သွားမယ်)ဆိုတဲ့ အခြေအနေကို အသုံးချပြီး ထိမ်းချုပ်အကျပ်ကိုင်မှု (Coercive Control)ပါပဲ။

နောက်ပြီး “ငါတို့က အရေးပါသူတွေဖြစ်လို့ လုပ်ချင်တာလုပ်မယ်။ ဘာမှလာမပြောနဲ့၊လိုက်လျောရမယ်။” ဆိုပြီး လူမှုအသိုင်းအဝန်းတခုရဲ့အမှားကို ထောက်ပြတားဆီးခွင့်ဆိုတဲ့ “ကိုယ်ကျင့်တရားကိုပါအကျပ်ကိုင်မှု(Moral Blackmail)”လုပ်ခံလိုက်ရတာပါပဲ။

အဲဒီလိုမျိုးအကျပ်အတည်းကာလကို ဖြတ်သန်းနေချိန်မှာ ယုံကြည်ပြီး အားကိုးအားထားပြုထားရသူတွေ ကိုယ်တိုင်ကတန်းတူညီမျှစိတ်မထားဘဲ ပြန်စော်ကားလာတဲ့အခါ လူထုမှာစိတ်ပညာအရ”အာဏာအဆောက်အအုံမှသစ္စာဖောက်မှုကြောင့် စိတ်ဒဏ်ရာ (Institutional Betrayal Trauma )ကိုဖြစ်စေပါတယ်။

ခရီးသည်တွေကြား အုပ်စုကွဲသွားမှုအပေါ် ဆန်းစစ်ချက်

အဲဒီလိုမျိုးပဋိပက္ခနဲ့စစ်ပွဲကာလတွေမှာ လူထုဟာ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာအရ လမ်းဆုံလမ်းခွ(Ethical Dilemma) ထဲကို ရောက်သွားတတ်တာဟာ ရခိုင်လူ့အဖွဲ့အစည်းတခုတည်းမဟုတ်ပါဘူး ။

အဲဒါဟာ လူမှုအဖွဲ့အစည်းဆိုင်ရာအတွေးအမြင်တုံ့ပြန်မှု(Sociological Response)ရဲ့ သဘာဝတရားတခုပါ။

အန္တရာယ်ရှိတဲ့အခြေအနေတခုမှာလူတွေမှာ ဘာကို ဦးစားပေးသင့်တယ်ဆိုတဲ့ “ဦးစားပေးမတူညီမှုပဋိပက္ခ (Conflicting Priorities)”ဖြစ်တတ်ပါတယ်။

သင်္ဘောဥပမာမှာ နံပါတ်(၁)အုပ်စုဟာ “ရုပ်ပိုင်းဆိုင်ရာရှင်သန်ရပ်တည်ရေး (Physical Survival)”ကို ပထမဦးစားပေးအဖြစ်ထားတဲ့အုပ်စုပါ။

သူတို့ သဘောတရားက သင်္ဘောပေါ်မှာပါလာတဲ့ “အများစုရှင်သန်ရေးနဲ့ခရီးဆုံးပန်တိုင်ရောက်ရှိရေးဟာ အရေးကြီးဆုံးဖြစ်တယ်။”ဆိုတဲ့ (ရလဒ်သာအဓိကဝါဒ (Utilitarianism)ကို အခြေခံပါတယ်။

Utilitarianismဆိုတာက “လုပ်ရပ်တခုအပေါ်မှာ အမှား၊အမှန်ဆိုတာကိုထွက်ပေါ်လာတဲ့ရလဒ်နဲ့အများစုရရှိသွားတဲ့ အကျိုးအမြတ်ကိုတိုင်းတာတာပါ။ အား သာချက်က လောလောဆယ်မှာ လက်တွေ့(Pragmatic)ဆန်ပါတယ်။

သင်္ဘောမှောက်သွားရင်(တော်လှန်ရေးမအောင်မြင်ခဲ့ရင်)ကျူးလွန်သူရော၊မတရားခံရသူရော အကုန်လုံးရေထဲနစ်မြှုပ်ပြီး ခရီးစဉ်ပျက်စီးသွားပါမယ်။

အဲဒါကြောင့် လောလောဆယ်မှာ(တော်လှန်ရေးနဲ့သင်္ဘောပေါ်က လူတွေအကုန်လုံးရှင်သန်ရေးအတွက်)စဉ်းစားရမယ် ဆိုတဲ့သဘောပါ။

အားနည်းချက်ကတော့ ကျူးလွန်သူနဲ့ မတရားမှုကို အခွင့်အရေးပိုပေးလိုက်သလို ဖြစ်သွားတာပါ။

မတရားမှုကို နှုတ်ဆိတ်နေခြင်းဟာ ကျူးလွန်သူအတွက်”ငါတို့ကို ဘာမှမလုပ်နိုင်ပါလား။”ဆိုတဲ့ ရဲတင်းမှုကို ပေးလိုက်ပြီး စော်ကားမှုတွေကို ပိုမိုကြီးမားလာစေနိုင်ပါတယ်။

နံပါတ်(၂)အုပ်စုက”ကိုယ်ကျင့်ဂုဏ်သိက္ခာနဲ့တရားမျှတမှု(Moral Integrity& Justice)”အတွက် ပါးစပ်ပိတ်မခံနိုင်တဲ့အုပ်စုဖြစ်ပါတယ်။

မကောင်းမှုဟာ ဘယ်အချိန်မဆို ဘယ်နေရာမှာမဆိုမကောင်းဘူးဖြစ်ပါတယ်။ မကောင်းမှုကို ကောင်းတယ်လို့တော့မပြောဖို့ တာဝန်ရှိတယ်ဆိုတဲ့(တာဝန်ကျင့်ဝတ်ဝါဒ(Deontology)မျိုးပါ။

Utilitarianismက ရလဒ်ထွက်လာမှုကိုသာ ဦးတည်စဉ်းစားပေမယ့် Deontology မျိုးက”မှန်ကန်တဲ့နည်းလမ်းနဲ့မှန်ကန်တဲ့အရာကို လုပ်ရပါမယ်။” ဆိုတဲ့သဘောပါ။

Deontology မှာက မူရင်းသဘောသဘာဝအရမကောင်းမှုကို ပြန်လည်တွန်းလှန်မှု(Resistance)ပါနေပါတယ်။

သင်္ဘောနမူနာထဲက နံပါတ်(၂)အုပ်စုရဲ့ “လက်ရှိ အရေးမယူနိုင်သေးရင်တောင် မတရားမှုကိုမတရားမှုလို့ ထုတ်ဖော်ပြောဆိုခြင်းဟာ နောက်ထပ်မတရားမှုဖြစ်မလာဖို့ အကာအကွယ်ဖြစ်စေတယ်။”ဆိုတဲ့သဘောဟာ အဲဒီလိုမျိုးပါ။

အဲဒီအယူအဆရဲ့အားသာချက်က လူ့ဂုဏ်သိက္ခာနဲ့တည်ရှိမှုကို ကာကွယ်ပေးပါတယ်။ အနည်းဆုံးတော့ စိတ်ဓာတ်ရေးရာအရ ဒူးမထောက်ကြောင်းပြသပြီး ကျူးလွန်သူကို အကန့်အသတ် (Boundary)တခု သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

အဲဒါဟာ နောင်တချိန်ရောက်ရှိသွားချိန်မှာ ထိုက်တန်တဲ့အရေးယူမှုရရှိဖို့ ပထမခြေလှမ်းဖြစ်လာပါတယ်။

အားနည်းချက်က ကျူးလွန်သူတွေက ရန်လိုပြီး သင်္ဘောကို စွန့်ပစ်တာ ဒါမှမဟုတ် တာဝန်မကျေတာမျိုးလုပ်သွားတာကြောင့် ခရီးသည်အားလုံးအသက်အန္တရာယ်ကျရောက်နိုင်ပါတယ်။

အဲဒါဟာ လူ့အဖွဲ့အစည်းတွေမှာဖြစ်တတ်တဲ့အကြောက်တရားနဲ့အရေးပေါ်အခြေအနေတွေမှာ အမှန်နဲ့အမှားကြားခွဲခြားဖို့ထက်”ရေတိုလုံခြုံရေး”နဲ့”ရေရှည် စံတန်ဖိုး”ဘာကိုရွေးမလဲဆိုတဲ့ အတွေးအမြင်ဆိုင်ရာအကျပ်အတည်းလည်းဖြစ်ပါတယ်။

ဘာကို ရွေးကြမလဲ

အဲဒီလို ရွေးရခက်လှတဲ့ အကျပ်အတည်းမျိုးမှာ အကောင်းဆုံးနည်းလမ်းကတော့”အသက်ဘေးလုံခြုံစွာပန်းတိုင်ကိုရောက်ရှိရေး”နဲ့”တရားမျှတမှု”နှစ်ခုလုံးကို မဆုံးရှုံးရအောင် လူထုဟာကြိုးစားနိုင်ဖို့လိုပါတယ်။

ရခိုင်လူမှုအသိုက်အဝန်းဟာ အဲဒီလိုလုပ်နိုင်တဲ့အသိုက်အဝန်းဖြစ်ဖို့လိုပါတယ်။

မြှုပ်ကွယ်နေတဲ့အဆိုးဆုံးအခြအနေ

သင်္ဘောနမူနာထဲမှာ မြှုပ်ကွယ်နေတဲ့အဆိုးဝါးဆုံးအခြေအနေတခုရှိနေပါတယ်။

အဲဒါကအုပ်စု(၁)အတိုင်း ဘာမှမပြောဘဲ ပေကလပ်ပေကလပ်လုပ်နေရင် ခရီးဆုံးကိုလည်းမရောက်ခင်မှာပဲ ကျူးလွန်သူတွေရဲ့ဖိနှိပ်မှုက ပိုမိုဆိုးရွားလာပြီး သင်္ဘောပေါ်မှာ ရေနစ်မသေခင်”ငရဲစခန်း(Hell in ship)”ဖြစ်သွားနိုင်တဲ့အခြေအနေမျိုးပါ။

အဲဒါကြောင့် စွန့်စားရတာချင်းအတူတူ အုပ်စု(၂)လို တုံ့ပြန်မှုကသာအ​ကျပ်အတည်းဆိုက်နေတဲ့လူမှုအသိုင်းအဝန်းတခုအတွက် လိုအပ်တဲ့သဘောထားဖြစ်ပါတယ်။

ရေတိုမှာ တရားမျှတမှုကို မယူနိုင်သေးရင်တောင် “ဒါဟာမတရားမှုဖြစ်တယ်။” လို့စည်းတားမှု(Boundaries Setting)နဲ့ ကျူးလွန်သူကို အရေးမယူနိုင်ရင်တောင်အတားအဆီးဖြစ်စေဖို့လိုပါတယ်။

ခရီးသည်တွေကြားမှာလည်း အမှန်အတိုင်းရပ်တည်လိုတဲ့”စုစည်းမှုအား”ကို မပျောက်ပျက်အောင်ထိန်းသိမ်းပြီး အပြန်အလှန်ဖေးမကြဖို့လည်းလိုပါတယ်။

သင်္ဘောလိုရာခရီးမရောက်ခင်မှာ အရေးပါဇာတ်ကောင်တွေကို အလုံးစုံဆန့်ကျင်တာမျိုးနဲ့ ဥပက္ခာပြုလျစ်လျူရှုတာမျိုးလည်း လုပ်လို့မရပါဘူး။

ဒါပေမယ့်အုပ်စု (၂)ရဲ့အယူအဆအတိုင်းလူ့အဖွဲ့အစည်းထဲမှာ မတရားမှုကိုလက်မခံနိုင်ဘူးဆိုတဲ့အချက်ကို အစုအဖွဲ့လိုက် စတင်တိတ်ဆိတ်လေးနက်တဲ့စုစ ည်းသတိပေးမှု(Collective Warning) မျိုးပေးရပါမယ်။

ကျူးလွန်သူတွေကို “မင်းတို့မရှိရင် ခရီးမရောက်နိုင်ဘူးဆိုတာမှန်ပေမယ့် မင်းတို့ထိပါးလာရင် ခရီးသည်အကုန်လုံးဝို င်းဝန်းခုခံမယ်။”ဆိုတဲ့ အသံဖော်ထုတ်နိုင်ဖို့လိုပါတယ်။

ကိုးကား…

https://academic.oup.com/isr/article/23/4/1959/6290930
https://arxiv.org/html/2603.25100v1
https://en.wikipedia.org/wiki/Ship_of_State
PrevPreviousမီဇိုရမ်မှာ ဘီလီယံခြောက်ဆယ်နီးပါးတန် မူးယစ်ဆေးဝါးတွေနဲ့ အိန္ဒိယနိုင်ငံသားသုံးဦးဖမ်းခံရ
Next​တာချီလိတ်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးရေလျှံနေNext
Previous Post

မီဇိုရမ်မှာ ဘီလီယံခြောက်ဆယ်နီးပါးတန် မူးယစ်ဆေးဝါးတွေနဲ့ အိန္ဒိယနိုင်ငံသားသုံးဦးဖမ်းခံရ

Next Post

​တာချီလိတ်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးရေလျှံနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

August 7, 2026

ပုဏ္ဏားကျွန်းမုဒိမ်းကျင့်လူသတ်မှု တရားခံကိုသေဒဏ်ချ

August 6, 2026
ဓာတ်ပုံ-အာရက္ခတပ်တော်

မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရလို့ လေးဦးဒဏ်ရာရ

August 6, 2026

ကျောက်တော်မှာ မြစ်ရေတိုက်စားလို့ အိမ်တွေပြိုကျတာကို အာရက္ခအစိုးရထောက်ပံ့ (ဓာတ်ပုံသတင်း)

August 5, 2026

ထိုင်းကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးရှိလာ

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

ထိုင်းမှာ ကျောင်းသားတဦး သေနတ်ပစ်ခတ်လို့ သေဆုံးသူ များ

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် ထပ်တောင်းဆို

ခင်ဦးမှာ မူးမြစ်ရေဝင်လို့ ရွာအများအပြား ဘေးလွတ်ရာရွှေ့ပြောင်းနေရ

ပုဏ္ဏားကျွန်းမုဒိမ်းကျင့်လူသတ်မှု တရားခံကိုသေဒဏ်ချ

Releated Post

ဓာတ်ပုံ - Khaosod

ထိုင်းကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးရှိလာ

August 7, 2026

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

August 7, 2026

ထိုင်းမှာ ကျောင်းသားတဦး သေနတ်ပစ်ခတ်လို့ သေဆုံးသူ များ

August 7, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် ထပ်တောင်းဆို

August 7, 2026

ခင်ဦးမှာ မူးမြစ်ရေဝင်လို့ ရွာအများအပြား ဘေးလွတ်ရာရွှေ့ပြောင်းနေရ

August 7, 2026

ပုဏ္ဏားကျွန်းမုဒိမ်းကျင့်လူသတ်မှု တရားခံကိုသေဒဏ်ချ

August 6, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page