Border News Agency
တာချီလိတ်၊ သြဂုတ် ၂။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဩဂုတ် ၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့တွင်းဗိုလ်ချုပ်လမ်းမကြီးအပါအဝင် ရပ်ကွက်တချို့ရေကြီးရေလျှံနေပါတယ်။
အဲဒီဆန်ဆိုင်း(က)နဲ့(ခ)၊မကာဟိုခမ်း၊ဝမ်ကောင်း၊တာလောရပ်ကွက်ကလမ်းမတွေ၊အိမ်ဝိုင်းတွေထိ ရေတွေဝင်နေတာပါ။
ဝမ်ကောင်းနဲ့ မကာဟိုခမ်းရပ်ကွက်ကြား နမ့်ယွန်တံတားအောက် သဲနုန်းတွေပိတ်ဆို့နေမှုကြောင့် ချောင်းရေလျှံကာ ဗိုလ်ချုပ်လမ်းမကြီးပေါ်သို့ ရေတွေစီးဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်မကာဟိုခမ်းရပ်ကွက်ရုံးအနီး ချောင်းရေမြင့်တက်လာလို့ ရေမြောင်းရေတွေပြောင်းပြန်ပြန်စီးထွက်နေတာပါ။
အဲဒီရေမြင့်တက်နေတာမို့ ဒေသခံပြည်သူတွေသွားလာရေးခက်ခဲနေပြီး လမ်းမတွေပေါ်မှာ အမှိုက်သရိုက်တွေနဲ့သဲနုန်းတွေမျောပါနေပါတယ်။









































