Border News Agency
မီဇိုရမ်၊ သြဂုတ် ၂။
မီဇိုရမ်ပြည်နယ်၊ စဲလင်းမြို့မှာ ကျပ်သိန်းတရာ့ခြောက်ဆယ်ကျော်တန်ဖိုးရှိတရားမဝင် နိုင်ငံခြားဖြစ်ဆေးလိပ်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့အကောက်ခွန်ဌာနက သြဂုတ်လ ၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအာသံရိုင်ဖယ်တပ်ဟာ ဇူလိုင်လ ၃၁ ရက်နေ့က Seling ကျေးရွာအတွင်း စစ်ဆေးမှုတွေလုပ်ချိန် TATA Sumo Gold အမျိုးအစား ယာဉ်တစီးကို တားဆီးစစ်ဆေးခဲ့တာပါ။
အဲဒီယာဉ်ပေါ်မှ တရားမဝင်မှောင်ခိုတင်သွင်းလာတဲ့ ORIS အမျိုးအစား ဆေးလိပ်ငါးဖာနဲ့ ESSE Lite အမျိုးအစား ဆေးလိပ်ဆယ့်ငါးဖာ၊ စုစုပေါင်းအဖာနှစ်ဆယ်ကိုတွေ့ပြီး အိန္ဒိယနိုင်ငံသားတဦးကို ယာဉ်နဲ့အတူဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဲဒီတရားမဝင်ပစ္စည်းတွေ၊ တရားခံနဲ့ယာဉ်ကို ဆက်အရေးယူနိုင်ဖို့ စဲလင်းအကောက်ခွန်ဌာနခွဲကို လွှဲထားတယ်လို့ဆိုပါတယ်။







