Border News Agency
တောင်ကုတ်၊ သြဂုတ် ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဇူလိုင်လ ၃၁ ရက်နေ့က ပညာရေးဝန်ထမ်းတွေနဲ့ ခရီးသည်တွေတင်လာတဲ့ စက်လှေမှောက်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးနေပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်၊ပန်းတင်ကျွန်း၊မကျည်းတောဆိပ်ကမ်းမှ ကလိန်တောင်သို့ ခရီးသည်ဆယ့်သုံးဦးတင်ဆောင်မောင်းနှင်လာတဲ့ စက်လှေဟာ ဇူလိုင်လ ၃၁ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က အောင်စိတ်ကေမြစ်အတွင်း တိမ်းမှောက်ခဲ့တာပါ။
အဲဒီစက်လှေတိမ်းမှောက်မှုကြောင့် မောင်ဝဲဆိပ်ရွာအထက (ခွဲ) ကျောင်းမှ အသက်သုံးဆယ်အရွယ်ဆရာမ ဒေါ်ပပစိုးနဲ့ ကလိန်တောင်အုပ်စုမူလွန်ကျောင်းမှ အသက်နှစ်ဆယ့်လေးနှစ်အရွယ် ဆရာဦးတိုးတို့သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကိုဆယ်ယူရရှိထားပါတယ်။
အဲဒီအပြင်ခရီးသည်လေးဦးကို အသက်ရှင်ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျောင်းဆရာ၊ ဆရာမလေးဦးအပါအဝင် ခရီးသည်ခုနှစ်ဦး ပျောက်ဆုံးနေပြီး ဆက်ရှာနေပါတယ်။
အဲဒီအသက်နှစ်ဆယ်အရွယ် ဆရာမဒေါ်အေးအေးမူ၊ အသက်ငါးဆယ်တနှစ်အရွယ် ဒေါ်ဝင်းသိုင်၊အသက်ဆယ့်ကိုးနှစ်အရွယ် မူလွန်ကျောင်းသားမောင်မျိုးမင်းထွန်း၊ အသက်သုံးဆယ်တနှစ်အရွယ် ဆရာဦးဖြိုးလွင်၊အသက်ငါးဆယ်သုံးနှစ်အရွယ် ဦးတင်လွန်း၊ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ဆရာမဒေါ်သီဖြူနဲ့ အသက်လေးဆယ်နှစ်နှစ်အရွယ် ဦးညှာဆန်းဆွေ ဖြစ်ကြပါတယ်။












