Border News Agency
ပုဏ္ဏားကျွန်း၊စက်တင်ဘာ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီဖက်ကျကျေးရွာကို စက်တင်ဘာလ ၂၃ရက်၊ ဒီနေ့ မနက် ၁၂ နာရီ၄၀ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းမှဗုံးအလုံးရေနှစ်ဆယ်နီးပါးနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဖက်ကျရွာမှာစစ်ဘေးရှောင်နေတဲ့ အသက်ငါးဆယ်ခုနှစ်နှစ်အရွယ် ဦးမောင်မြကြည်နဲ့ ဖက်ကျရပ်ရွာမှ အသက်ခုနှစ်ဆယ်ခြောက်နှစ်အရွယ် ဦးအောင်သန်းမောင်သေဆုံးသွားခဲ့ပါတယ်။
အဲဒီဖက်ကျကျေးရွာကို စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရသွားပြီး လူနေအိမ်တဆောင်မီးလောက်ပျက်စီးသွားပါတယ်။
စစ်တွေ- ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်လို့ စက်တင်ဘာလ ၄ ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းနေပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ နေ့စဥ်ရွယ်ရည်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။
အဲဒီလိုပစ်ခတ်တိုက်ခိုက်လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ကွမ်းတောင်၊စပါးထား၊ ဖက်ကျနဲ့ ဒီပါရုံအပါအဝင် ကျေးရွာနှစ်ဆယ်ကျော်မှ ဒေသခံထောင်နဲ့ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်။










