Border News Agency ပလက်ဝ၊ ဖေဖော်ဝါရီ ၁၇။ ချင်းပြည်၊ ပလက်ဝမြို့နယ်ထဲကို ကုန်ပစ္စည်းလာပို့တဲ့ မီဇိုရမ်ပြည်နယ်သား ယာဉ်မောင်းတဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကိုနှစ်လကြာပိတ်ထားဖို့ လောင်တလိုင်ခရိုင်တရားသူကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလောင်တလိုင်ခရိုင်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နောက်ထပ်အမိန့်မရမချင်း ပိတ်ထားမှာဖြစ်သလို နိုင်ငံခြားသားတွေခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်တာနဲ့ ကုန်ပစ္စည်းသယ်တာတွေကိုလည်း လုံးဝခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ အဲဒီ လောင်တလိုင်မြို့ AOC ရပ်ကွက်မှာနေတဲ့ အသက် ၃၇ နှစ်အရွယ် Pu Lalremsanga ဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Pickup ကားတစီးနဲ့ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာဘက်ကို ကုန်ပစ္စည်းသွားပို့ရင်း ပျောက်ဆုံးသွားခဲ့တာပါ။ သူပျောက်ဆုံးနေတုန်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရှင်းလက်ဝဘက်ရှိ မြန်မာနိုင်ငံသားတဦးက သေဆုံးသူရဲ့ ကားသော့နဲ့ လိုင်စင်တွေကိုလာပေးခဲ့ပေမယ့် လူပျောက်တာနဲ့ပတ်သက်လို့တော့ ဘာမှမသိဘူးလို့ ပြောဆိုခဲ့တာကြောင့် CYLA အဖွဲ့က အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ အဲဒီနောက် ရှာဖွေမှုတွေလုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းမှာတော့ မြန်မာ - မီဇိုရမ် နယ်စပ်ချောင်းထဲမှာ Pu Lalremsanga ရဲ့ ရုပ်အလောင်းကိုပြန်တွေ့ခဲ့ရပြီး ဒီဖြစ်စဉ်ကြောင့် ဗဟိုလိုင်လူငယ်အသင်းနဲ့ Pickup အသင်းတို့ကလည်း နယ်စပ်လမ်းတွေကို ပိတ်ထားဖို့ကြေညာခဲ့ကြပါတယ်။ အခုလို ယာဉ်မောင်းသေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးခင်အထိ လောင်တလိုင်နဲ့ ရှာဟာခရိုင်အတွင်းက နယ်စပ်ကုန်သွယ်ရေးလမ်းအားလုံးကို ပိတ်ထားမှာဖြစ်လို့ ပလက်ဝနဲ့ရခိုင်ဘက်ကိုကုန်စည်စီးဆင်းမှုတွေ အခက်အခဲရှိလာနိုင်တယ်လို့ သိရပါတယ်။
Read moreပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။ အဲဒီရေလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းနေရင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိသွားခဲ့တာပါ။ အဲဒီနောက် အိန္ဒိယနိုင်ငံ၊ Trichy မြို့က အထူးစခန်း (Special Camp) မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊မနက်ပိုင်းမှာ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ Trichy မြို့နဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Read moreBorder News Agency အာဖရိက၊ ဖေဖော်ဝါရီ ၁၄။ ဇင်ဘာဘွေနိုင်ငံကနေစတင်ခဲ့တဲ့ ပန်းအစစ်တွေအစား ငွေစက္ကူတွေကိုပန်းစည်းလုပ်ပြီး လက်ဆောင်ပေးတဲ့ "Money Bouquet" ရေပန်းစားမှုဟာ အာဖရိကတိုက်ကတခြားနိုင်ငံတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာဘဏ္ဍာရေးစနစ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် နိုင်ငံအတော်များများက ဗဟိုဘဏ်တွေက စိုးရိမ်မကင်းဖြစ်ပြီး သတိပေးချက်တွေထုတ်ပြန်လာကြပါတယ်။ ဒီ Trend ဟာ TikTok လိုလူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် လူငယ်တွေကြားမှာ အရှိန်အဟုန်နဲ့ပြန့်နှံ့လာတာပါ။ ပိုက်ဆံပန်းစည်းတွေဟာ လှပရုံတင်မကဘဲ လက်တွေ့လည်းအသုံးချလို့ရတဲ့ လက်ဆောင်ဖြစ်တယ်လို့ယူဆကြတာကြောင့် ပိုပြီးလူကြိုက်များလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘော့ဆွာနာနဲ့ နမီးဘီးယားနိုင်ငံတို့က ဗဟိုဘဏ်တွေကငွေစက္ကူတွေကို ပန်းစည်းပြုလုပ်ရာမှာ ဖျက်ဆီးသလိုဖြစ်နေတာ ဒါမှမဟုတ် ပျက်စီးစေတာမျိုးတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ ကင်ညာဗဟိုဘဏ် (CBK) ရဲ့ ထုတ်ပြန်ချက်အရ ပိုက်ဆံပန်းစည်းတွေလုပ်တဲ့အခါ ငွေစက္ကူတွေကိုကော်တွေ၊ တိပ်တွေ၊ စတေပလာတွေနဲ့ ရိုက်တာ၊ ဒါမှမဟုတ် အပ်ချိတ်တွေနဲ့ ထိုးတာမျိုးတွေလုပ်နေကြတာကြောင့် ငွေစက္ကူတွေအဆမတန် ပျက်စီးနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလိုမျိုးပျက်စီးသွားတဲ့ ငွေစက္ကူတွေကို ATM စက်တွေနဲ့ ငွေရေတွက်စက်တွေက လက်မခံဘဲငြင်းပယ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီလို သတ်မှတ်သက်တမ်းမပြည့်ခင် ငွေစက္ကူတွေပျက်စီးသွားလို့ စနစ်အတွင်းကဖယ်ရှားပြီး အသစ်ပြန်ရိုက်နေရတာဟာ ကုန်ကျစရိတ်ကို မြင့်မားစေပါတယ်။ နောက်ဆုံးမှာတော့ အခွန်ထမ်းပြည်သူတွေအတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ ဗဟိုဘဏ်တွေကသတိပေးထားပါတယ်။
Read moreBorder News Agency ပေါက်၊ ဖေဖော်ဝါရီ ၁၀။ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ အများအပြားသေဆုံးနေတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ ဖေဖော်ဝါရီလ ၁၀ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ ပေါက်မြို့နယ်မှာ ဒီနေ့မနက် ၉ နာရီ ၅၈ မိနစ်အချိန်ခန့်က ကပစ ၂၂ မှ ပါရာမော်တာနဲ့ တကြိမ်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၄၉ မိနစ်အချိန်ခန့်က မကွေးလေတပ်မှ တိုက်လေယာဥ်သုံးစီးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ဟာ ဘုရားပွဲကျင်းပနေချိန်မှာ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုနှစ်ကာလတွေမှာ လူစုလူဝေးပြုလုပ်တာတွေ အထူးရှောင်ကြည်ဖို့လိုအပ်ပြီး နောက်ထပ်လည်း အခုဖြစ်စဉ်လိုမျိုး တိုက်ခိုက်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အလှူအတန်းတွေ၊ မင်္ဂလာဆောင် ၊ချစ်ကြည်ရေး ဘောလုံးပွဲတွေပြုလုပ်တာတွေ အထူးရှောင်ကြဖို့နဲ့ ပွဲလမ်းသဘင်တွေကို လူထုအနေနဲ့မသွားပဲနေသင့်တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ အကြံပြုတိုက်တွန်းထားပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၆။ ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးအရေးယူလိုက်ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေကတော့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ ဖြစ်ပါတယ်။ သူတို့ဟာ ရွှေဈေးတည်ငြိမ်အောင် ထိန်းသိမ်းရမယ့်တာဝန်ရှိသူတွေဖြစ်ပေမယ့် ကိုယ်တိုင်ကပြင်ပပေါက်ဈေးနဲ့ ရွှေတုံးရွှေခဲတွေကို ဝယ်ယူသိုလှောင်ပြီး ဈေးကစားခဲ့တယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။ အဲဒီဦးမျိုးမြင့်က ရွှေ ၇၀ ကျပ်သား၊ ဦးမျိုးသူဝင်းက ရွှေ ၉၇၀ ကျပ်သားနဲ့ ဦးနေမျိုးထက်က ရွှေ ၃၁၉ ကျပ်သားတို့ကို ပြင်ပဈေးနဲ့ဝယ်ပြီး အမြတ်တင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ၃ ဦးကို သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အမိန့်တွေကို ဖောက်ဖျက်မှုနဲ့ တည်ဆဲဥပဒေအရအရေးယူထားပြီး၊ ကျန်တဲ့ရွှေလုပ်ငန်းရှင်တွေကိုလည်း ညွှန်ကြားချက်အတိုင်းမလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့ ဆိုပါတယ်။
Read moreထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်ရှိဂိုဒေါင်တခုမှာ ပစွည်းအတုပေါင်းနှစ်သိန်းကျော်နဲ့မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေကဖေဖော်ဝါရီလ ၄ ရက်၊မနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအမျိုးသမီးဆီက ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေးအပါအဝင်အလှကုန်ပစ္စည်းအတုပေါင်းနှစ်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ အဲဒါကြောင့် စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာန (ECD) က အရာရှိတွေဟာ ရှာဖွေဝရမ်းနဲ့အတူဘန်ကော့ (Ban Koh) ကျေးရွာရှိ ဂိုဒေါင်တခုနဲ့ နဒီ (Na Di) ရပ်ကွက်ရှိ လူနေအိမ်တလုံးကို မနေ့ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။ အဲဒီစီးနင်းမှုအတွင်း "ဆန့်" (Sank) အမည်ရှိ မြန်မာအမျိုးသမီးတဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူမဟာ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေကို အတုပြုလုပ်ကာ အွန်လိုင်းကနေတဆင့် ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ အဲဒီပစ္စည်းအတုတွေကို အွန်လိုင်းပလပ်ဖောင်းတွေမှာ ပုံမှန်ပေါက်ဈေးထက် အလွန်အမင်းလျှော့ဈေး (Aggressive discount) တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ရောင်းချခဲ့တာလို့ ဆိုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ဒီလိုပစ္စည်းအတုတွေကို အသုံးပြုမိရင် ပြင်းထန်တဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။ အဲဒိဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးရဲ့ ဝန်ခံချက်အရ သူမဟာ စီမံခန့်ခွဲသူအဖြစ် တာဝန်ယူပြီး သူမရဲ့ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားနဲ့အတူ ဒီလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးကို ECD ဌာနခွဲ ၁ ဆီ လွှဲပြောင်းပေးထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူမရဲ့ခင်ပွန်းတရုတ်နိုင်ငံသားကို ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဈေးဆိုင်ပိုင်ရှင်တွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးနေပါတယ်။ အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ပိုင်ရှင်တွေအနေနဲ့ စည်ပင်ကချမှတ်ထားတဲ့ ဈေးစည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာခြင်း ရှိ၊ မရှိကို အဓိကထား ကြည့်ရှုနေတာဖြစ်ပါတယ်။ အဲဒီထဲအထူးသဖြင့် သတ်မှတ်ထားတဲ့မျဉ်းကို ကျော်ပြီး လူသွားလမ်းတွေပေါ်မှာ ဈေးပစ္စည်းတွေ တိုးချဲ့ခင်းကျင်း ရောင်းချတာမျိုး ရှိ၊ မရှိကို လိုက်လံစစ်ဆေးနေတာပါ။ အဲဒီလိုစစ်ဆေးတာတွေကို စည်ပင်သာယာရေးဌာနနဲ့အတူ ဈေးကော်မတီ၊ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELPS) နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီစစ်ဆေးချိန်အတွင်း စည်းကမ်းမလိုက်နာတဲ့ ဆိုင်ပိုင်ရှင်တွေကို သတိပေးတာတွေပြုလုပ်ခဲ့ပြီး စည်းကမ်းချိုးဖောက်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူသွားမယ်လို့သိရပါတယ်။
Read moreBorder News Agencyမဲဆောက်၊ ဖေဖော်ဝါရီ ၃။ ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့မှာ ဖေဖော်ဝါရီလ၂ ရက်၊ မနက်ပိုင်းက တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားခြောက်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အဲဒီဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာနိုင်ငံခြားသား အလုပ်သမားတွေလုပ်ကိုင်ခွင့်မရှိတဲ့ တားမြစ်အလုပ်တွေဖြစ်တဲ့...
Read moreBorder News Agencyရောမ၊ ဇန်နဝါရီ ၂၈။ အီတလီနိုင်ငံဆိုင်ရာမြန်မာသံရုံး ယာယီတာဝန်ခံဦးစိုးသက်နောင်ဟာ အီတလီသံတမန်နာယက H.E. Mons. Petar Rajic နဲ့ ရောမမြို့မှာရှိတဲ့ အာဆီယံသံအမတ်ကြီးတွေကို ဇန်နဝါရီလအတွင်းမှာ သီးခြားစီသွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံတဲ့အခါ သံရုံးအချင်းချင်းကြားပူးပေါင်းဆောင်ရွက်ဖို့တင်မကဘဲ နိုင်ငံတကာကစိတ်ဝင်စားနေတဲ့...
Read moreBorder News Agencyနေပြည်တော်၊ ဇန်နဝါရီ ၂၇။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းသံအမတ်ကြီးတို့ ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နယ်စပ်တလျှောက်က တိုက်ပွဲတွေကြောင့်ရပ်တန့်နေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်ပွင့်ဖို့နဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၂၇...
Read moreHey! Don't Copy my content.