Border News Agency
ရောမ၊ ဇန်နဝါရီ ၂၈။
အီတလီနိုင်ငံဆိုင်ရာမြန်မာသံရုံး ယာယီတာဝန်ခံဦးစိုးသက်နောင်ဟာ အီတလီသံတမန်နာယက H.E. Mons. Petar Rajic နဲ့ ရောမမြို့မှာရှိတဲ့ အာဆီယံသံအမတ်ကြီးတွေကို ဇန်နဝါရီလအတွင်းမှာ သီးခြားစီသွားရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံတဲ့အခါ သံရုံးအချင်းချင်းကြားပူးပေါင်းဆောင်ရွက်ဖို့တင်မကဘဲ နိုင်ငံတကာကစိတ်ဝင်စားနေတဲ့ မြန်မာ့ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကိုပါ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် ဇန်နဝါရီလ ၂၃ ရက်နေ့က ဖိလစ်ပိုင်သံရုံးမှာလုပ်တဲ့ ၈၂ ကြိမ်မြောက် အာဆီယံကော်မတီအစည်းအဝေးကိုလည်းတက်ရောက်ပြီး ဒေသတွင်းသံတမန်ရေးရာတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့တာပါ။
အဲဒီလို သီးခြားစီလိုက်လံတွေ့ဆုံတာဟာ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ အရေးပါတဲ့ “သံတမန်ရေးရာ တရားဝင်မှု”ကို ခိုင်မာအောင်လုပ်ဆောင်တာဖြစ်ပါတယ်။
အဲဒီထဲမှာအထူးသဖြင့် ရွေးကောက်ပွဲကိစ္စတွေကို အာဆီယံနဲ့ ဥရောပသံတမန်အသိုင်းအဝိုင်းကြားမှာ ကြိုတင်ချပြပြီး နိုင်ငံတကာရဲ့ဖိအားတွေကို လျှော့ချဖို့နဲ့ နားလည်မှုရယူဖို့အတွက် စစ်ကော်မရှင်ကခုလို ကြိုးစားတာဖြစ်ပါတယ်။






