Border News Agencyယင်းမာပင်၊ မတ် ၇။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီပြီး ဘေးလွတ်ရာကိုအရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ အဲဒီမုံရွာ နမခကနေ စစ်ကား ၂၀ နဲ့ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်ဟာ...
Read moreBorder News Agency ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိစျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး ပွဲချင်းပြီး သေဆုံးသွားပြီးဆယ်ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ သေဆုံးသွားသူတွေထဲမှာ ကျောင်းနေအရွယ်ကလေးငယ်တွေ အများအပြားပါဝင်နေပြီး ဈေးအတွင်းစျေးဝယ်နေသူတွေပါ ထိခိုက်ခဲ့တာကြောင့် နေရာတခုလုံးပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Border News Agency အနေနဲ့ ထပ်ပြီးအတည်ပြုနိုင်ဖို့ကြိုးစားနေပြီး နောက်ဆက်တွဲအခြေအနေတွေကို ဆက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်။
Read moreBorder News Agency ကော်သူးလေ၊ ဖေဖော်ဝါရီ ၁၁။ ကော်သူးလေအာမီ (KTLA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်နယ်ဒါးမြဟာ ထီးသဲလယ်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒီနေ့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်နယ်ဒါးမြဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်မိသားစုဝင် လူဦးရေ ၂၀၀ ကျော်ကို အားပေးစကားပြောကြားခဲ့ပြီး လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးခဲ့တာပါ။ အဲဒီလိုသွားရောက်ရာမှာ စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေဖို့ ဆန်၊ ဆီနဲ့ အခြေခံစားသောက်ဖွယ်ရာတွေကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် KTLA ဆေးတပ်ဖွဲ့ဝင်တွေကလည်း စခန်းအတွင်းကမကျန်းမာတဲ့သူတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး လိုအပ်တဲ့ဆေးဝါးတွေ စီစဉ်ပေးခဲ့ပါတယ်။ "ပြည်သူတွေ ခက်ခဲနေတဲ့အချိန်တိုင်းမှာ အမြဲတမ်းအတူရပ်တည်ပြီး တတ်နိုင်သမျှကူညီဖေးမသွားမယ်" လို့လည်း ဗိုလ်ချုပ်နယ်ဒါးမြက ကတိစကားပြောကြားခဲ့ပါတယ်။ KTLA အနေနဲ့ ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ မိမိတို့နေရပ်ကို အမြန်ဆုံးပြန်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားပါတယ်။
Read moreBorder News Agency ပေါက်၊ ဖေဖော်ဝါရီ ၁၀။ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေဟာ ပြည်သူတွေနေအိမ်ကရိက္ခာတွေခိုးယူသယ်ဆောင်နေတာကြောင့် ကျေးရွာဆယ့်တရွာက ဒေသခံငါးထောင်ခန့်ဟာသုံးပတ်ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်ဘဲ အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ် ဇုန်-၁ နဲ့ ဇုန်-၃ နယ်မြေတွေထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် အိမ်ထောင်စု တထောင့်တရာ့ရှစ်ဆယ်ခြောက်စုက ပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေထဲမှာ ဒီနေ့အထိ တိမ်းရှောင်နေကြရတာပါ။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး သက်ဆိုင်ရာ နယ်မြေခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ကာ အရေးပေါ် ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပြီး တောတောင်တွေထဲမှာ ရေရှည်နေထိုင်ရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
Read moreကံ့ကော်နီရေးပါတယ်။ စစ်အာဏာသိမ်းငါးနှစ်တာမှာ ငွေကြေးဖောင်းကြွမှုတွေပိုမို့ဆိုးလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေက အာရက္ခဒေသမှာ ပိုမိုးဆိုးရွာနေပါတယ်။ စစ်ကော်မရှင်ဟာ ကုန်လမ်း၊ရေလမ်းတွေအပါအဝင် ကုန်စည်စီးဆင်းမှုတွေကိုလည်း တားဆီးပိတ်ခဲ့တော့ အာရက္ခ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ခဲ့ကြရပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေတရိတ်ရိတ် တက်နေချိန်မှာ မိသားစုသုံးဦးရှိတဲ့အိမ်ထောင်စုတစုအတွက် တရက်ကုန်ကျစားရိတ်ဟာကျပ်ငါးသောင်းထိရှိနေပါတယ်။ အဲဒီကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေမရှိတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ ကျောင်းစာရိတ်၊ စားသောက်စာရိတ်၊ စျေးစာရိတ်တွေကို လကုန်ခါနီးလာတို င်းစိတ်ပူနေရတယ်လို့ ဒေါ်လှမေသိန်းက ညည်းတွားပါတယ်။ စစ်ကော်မရှင်ကင်းစင်တဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေမှာနေပေမယ့်ပိုက်ဆံအဓိကရှာနေတဲ့အိမ်ထောင် ဦးစီးအမျိုးသားစစ်မှုထမ်းနေချိန်မှာ စားဝတ်နေရေးအတွက် စိုးရိမ်းစိတ်ဖြစ်နေတယ်လို့ဒေါ်လှမေသိန်းက ပြောပါတယ်။ ဒေါ်လှမေသိန်းရဲ့ အမျိုးသားက အသ က်ငါးဆယ်ကျော်ပြီမို့ ပြည်သူ့စစ်သင် တန်းမတက်ခဲ့ရပေမယ့်တပ်သားသစ် စုဆောင်းရေးမှာ ထမင်းချက်တာဝန်နဲ့လအတော်ကြာနေခဲ့ရပါတယ်။ အဲဒီအိမ်ထောင်ဦးစီမရှိတဲ့နောက် ပ ညာရေးစာရိတ်နဲ့စားဝတ်နေရေးအတွ က်မိသားစုတာဝန်တွေကို ဒေါ်လှမေသိ န်းပခုံးထမ်းတာဝန်ယူရချိန်နေ့ရက်တိုင်းဟာ စိုးရိမ်စိတ်မကင်းခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလို့ခင်ပွန်းမရှိချိန်တွေမှာ မိသားစု ထမင်းဝိုင်းဟာ အရင်လို့မစို့ပြေတော့ပါ။ ဒါပေမယ့်"ကျွန်မကအရာရာကို တောင့်ခံနေပါတယ်။ဘာလို့ တောင့်ခံလဲဆိုရင် ကျွန်မရဲ့သားသမီးလေးယောက်စလုံးကိုပညာမတတ်ဘဲစိတ်ဆင်းရဲကိုယ်ဆ င်းရဲနဲ့စိတ်ဒဏ်ရာရသွားမှာကို အရမ်းကြောက်ပါတယ်။မိခင်ဖြစ်တဲ့ ကျွန်မက ပြိုကွဲပြနေရင် သားသမီးတွေ ပိုစိတ်ထိခိုက်သွားရမယ်။"လို့ ဒေါ်လှမေသိန်းက Border News Agency ကို ပြောပါတယ်။ အာရက္ခတပ်တော်ဟာအာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေအများစုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ အမျိုးသားကာကွယ်ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တအိမ်ထောင်ကိုလူတဦးနှုန်းနဲ့အမျိုးသမီးတွေမှာ အသက်ဆယ်ရှစ်နှစ်မှနှစ်ဆယ့်ငါးနှစ်၊ အမျိုးသားတွေမှာအသက်ဆယ်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ဆိုပြီးသတ်မှတ်ချ က်တွေနဲ့ခေါ်ခဲ့ပါတယ်။ အဲဒီပြည်သူ့စစ်သင်တန်းကြာမြင့်ချိန်မှာလေးဆယ်ငါးရက်ဖြစ်ပြီးသင်တန်းပြီးဆုံးပါကာနှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အာရက္ခတပ်တော်က ပြီးခဲ့ နှစ် ၂၀၂၅ ခုနှစ်၊မတ်လနှစ်ဆယ့်ငါးရက်နေ့ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ဆယ်ရှစ်နှစ်မှ လေးဆယ်ငါး နှစ်လို့ သတ်မှတ်ထားပေမယ်တချို့ မြေပြင်နဲ့ ကျေးလက် တွေမှာ အမျိုးသားတွေ စစ်မှုထမ်းရမယ် ဆိုရင် အသက် ငါးဆယ် ကျော်အရွယ် တွေ တပ်ထဲပါသွားကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင်ဝင်ငွေ အဓိကရှာတဲ့ မိသားစု မှာ အမျိုးသားတွေ တပ်တော်ထဲ လိုက်ရတဲ့အခါကျန်ခဲ့တဲ့မိသားစုတွေ၊က လေးငယ်တွေရဲ့ရှင်သန်မှုတိုက်ပွဲက တော့အဆိုးဝါးဆုံးအခြေအနေမှာရှိနေခဲ့ပါတယ်။ "မိခင်တဦးဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ အာဟာရချိုတဲ့ပြီးကျန်းမာ ရေးမကောင်းတော့ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ရွာက တခြားအမျိုးသ မီးတွေလို့ ငါးရှာ၊ဟင်းရှာလည်း လိုက်မရှာနိုင်ပါဘူး။တဖက်မှာ နို့စိုးကလေးတွေလည်းရှိသေးတော့ ကလေးကို အ ပ်ထားခဲ့ဖို့ ဆွေးမျိုးသားချင်းညီအစ်ကို မောင်နှမ မရှိပါဘူး။"လို့ သူမက ပြောပါတယ်။ အဲဲဒီအခြေအနေတွေနဲ့"မိသားစုးစားဝ တ်နေရေးဖြေရှင်းနေရချိန်မှာ စစ်သင် တန်းတက်နေရတဲ့ အမျိုးသားက အ သုံးစားရိတ်လှမ်းမှာရင် ထည့်မပေးနိုင်ဘူး။''လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ရခိုင်ရှိအမျိုးသမီးသုံးဆ ယ့်နှစ်ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ် သင်တန်းတခုခုတွင် ပါဝင်မှု မရှိတဲ့ အခြေအနေနဲ့ ဖယ်ကျဉ်ခံနေရတယ်လို့ ဆိုထားပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြပေမယ့်မိသား စုစားဝတ်နေရေးအတွက် နေ့စဥ်ရုန်းက န်နကြရပါတယ်။...
Read moreBorder News Agency ရှားတော၊ ဖေဖော်ဝါရီ ၅ ။ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ဇန်နဝါရီလကစပြီး ယားနာ (Scabies) ကူးစက်မှု မြင့်တက်နေတဲ့အတွက် ကုသဖို့ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီအရေပြားရောဂါဟာ အသက်ဆယ့်ငါးနှစ်အောက် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာ အဖြစ်များနေပြီး စခန်းတွေအတွင်း တကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် လအတော်ကြာတဲ့အထိ မထိန်းချုပ်နိုင်ဘဲ ဆက်လက်ပြန့်ပွားနေတာပါ။ အဲဒီယားနာကုသဖို့ လိုအပ်တဲ့ Permethrin လိမ်းဆေး၊ သောက်ဆေးတွေအပြင် ဆပ်ပြာ၊ ပိုးသတ်ဆေးနဲ့ သန့်ရှင်းတဲ့ သုံးရေ၊ သောက်ရေတွေပါ ပြတ်လပ်နေတယ်လို့ ကရင်နီကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။ အဲဒီအရေပြားရောဂါတွေကို အချိန်မီမကုသနိုင်ပါက နောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်တာတွေ ဖြစ်လာနိုင်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဆေးဝါးထောက်ပံ့ပေးဖို့ မျှော်လင့်နေကြပါတယ်။
Read moreBorder News Agency ဖလမ်း၊ ဖေဖော်ဝါရီ ၅ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့မြေပြန့်ဒေသတွေအပြင် မီဇိုရမ်ပြည်နယ်ထဲမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ခြောက်ရာကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေသွားရောက်လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာန (Humanitarian Department) ကဖေဖော်ဝါရီ ၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုလှူဒါန်းမှုဟာ အိမ်ထောင်စုနှစ်ရာနီးပါးက လူဦးရေခြောက်ရာကျော်အတွက် ဖြစ်တယ်လို့ CNO က ဆိုပါတယ်။ အဲဒီဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစပြီး စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူနှစ်သောင်းကျော်ဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကနေ အင်အားတထောင်ဝန်းကျင်သုံးပြီး ကလေး - နတ်ချောင်း - ချောင်းခွ - ဟားခါးလေး - ဝေဘူလ လမ်းကြောင်းအတိုင်း ဖလမ်းမြို့အထိ စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အခုဆိုရင် တိုက်ပွဲကာလသုံးလဝန်းကျင်အထိ ကြာမြင့်နေပြီလို့ ဆိုပါတယ်။
Read moreBorder News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၁။ အာဏာသိမ်းငါးနှစ်တာအတွင်းမှာ မြန်မာပြည်သူသန်းပေါင်းများစွာဟာ မရပ်မနားဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ ဥရောပသမဂ္ဂ (EU) က အထူးထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲ အထူးသဖြင့်မြန်မာပြည်သူ ဆယ်သန်းကျော်ဟာ အရေးပေါ်အကူအညီတွေကို ချက်ချင်းလိုအပ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ...
Read moreBorder News Agencyမောင်တော၊ ဇန်နဝါရီ ၃၀။ အာရက္ခဒေသက ငတ်မွတ်ဘေးကြုံနေရတဲ့ ပြည်သူတွေဆီလူသားချင်းစာနာမှု အကူအညီတွေ မရောက်အောင် တားဆီးပိတ်ပင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဇန်နဝါရီလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။...
Read moreBorder News Agencyစစ်ကိုင်း၊ ဇန်နဝါရီ ၂၉။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလို့ ကျေးရွာဆယ့်လေးရွာမှပြည်သူ ရှစ်ထောင်ကျော်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီဝက်လက်မြို့နယ်၊ သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊...
Read moreHey! Don't Copy my content.