Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၆။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ နေရာနှစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က လဝကနဲ့အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ မဲဆောက်မြို့၊ ချစ်ဝနာလမ်းရှိ "နိုရာ" အမည်ရှိအစားအသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၄၅ နှစ်နဲ့ ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ဦးကို ပါမစ်မရှိဘဲ အလုပ်လုပ်နေတာကြောင့် ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ချစ်ဝနာလမ်းထဲမှာပဲရှိတဲ့ အမည်မဖော်ထားတဲ့ အလုပ်သမားအေဂျင်စီရုံးတခုကို ထပ်မံစစ်ဆေးခဲ့ရာမှာလည်း အလုပ်သမားပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဖမ်းဆီးခံရသူ ၅ ဦးလုံးဟာ အလုပ်သမားလက်မှတ် ဒါမှမဟုတ် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေကြတာဖြစ်လို့ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်ထားပြီး နယ်စပ်ဒေသတွေမှာ အခုလိုစစ်ဆေးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်းမှာ ဖေဖော်ဝါရီလ၂၆ ရက်၊ ဒီနေ့မနက် ၇ နာရီအချိန်ခန့်ကအထောက်အထားမဲ့ မြန်မာလုပ်သား ၆၀ နီးပါးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးရာကနေ လမ်းဘေးကိုအရှိန်လွန်တိမ်းမှောက်သွားခဲ့ပါတယ်။ ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မသင်္ကာဖွယ် Mitsubishi ပစ်ကပ်ကားကို တားဆီးစစ်ဆေးဖို့ ကြိုးစားခဲ့ပေမယ့် ကားမောင်းသမားက ရပ်တန့်တာမရှိဘဲ ဆိုင်းယော့ခ်ဘက်ကနေ ကန်ချနပူရီမြို့ထဲကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးခဲ့တာပါ။ အဲဒီလိုမောင်းပြေးစဉ် ဝမ်ဒုန်းတိုက်နယ်၊ နောင်ဆမ်ဖရန်ကျေးရွာအနီးမှာ ကားတိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါလာတဲ့ မြန်မာလုပ်သားတွေဟာ လမ်းမပေါ်ကို လွင့်စင်ပြန့်ကျဲသွားခဲ့ရာမှာ စုစုပေါင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ အဲဒီ ဒဏ်ရာရသူတွေကိုတော့ ဒေသခံဖိထပ်ကန် ကယ်ဆယ်ရေးအဖွဲ့က ပဟွန်ဖွန်ဖယူဟာသေနာ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာမရဘဲကျန်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ဥပဒေအရအရေးယူဖို့ ကန်ချနပူရီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီ ကားမောင်းသမားက အခင်းဖြစ်ပြီးနောက် အသင့်စောင့်နေတဲ့ ဗန်ကားတစီးနဲ့ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဒါဟာစနစ်တကျချိတ်ဆက်လုပ်ဆောင်တဲ့ မှောင်ခိုဂိုဏ်းတခုဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကယူဆနေကြောင်း ကန်ချနပူရီခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ထိုင်း - မြန်မာနယ်စပ် ကန်ချနပူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လွှင့်ထုတ်ပေးနေတဲ့ စက်ပစ္စည်းတွေကို အာဏာပိုင်တွေကဝင်ရောက်သိမ်းဆည်းလိုက်တယ်လို့ ထိုင်းဘုရင့်တပ်မတော်က ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ထိုင်းစစ်တပ်စူရသီတပ်ဖွဲ့ နဲ့ ဆက်သွယ်ရေးကော်မရှင် (NBTC) တို့ ပူးပေါင်းပြီး စံခလဘူရီမြို့နယ်ထဲက ပုဂ္ဂလိကဖုန်းလိုင်းလွှင့်စင်တခုကို ဝင်ရောက်စစ်ဆေးခဲ့ရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာပါ။ အဲဒီဖုန်းလိုင်းလွှင့်စင်ဟာ ထိုင်းအစိုးရဆီက ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းကို တိုက်ရိုက်အချက်ပြလှိုင်းတွေ လွှင့်ထုတ်ပေးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ အင်တင်နာတိုင် ၄ တိုင်၊ ရေဒီယိုအချက်ပြထိန်းချုပ်စက် ၆ လုံးနဲ့ လစ်သီယမ်ဘက်ထရီတွေအပါအဝင် အရေးကြီးဆက်သွယ်ရေးပစ္စည်း အမြောက်အမြား ပါဝင်ပါတယ်။ အဲဒီ ဒီပစ္စည်းတွေကို သက်သေအဖြစ်သိမ်းဆည်းထားပြီး ပတ်သက်သူတွေကို အရေးယူဖို့ပြင်ဆင်နေသလို တရားမဝင် လွှင့်တင်ထားတဲ့ ဖုန်းတိုင်တွေကိုလည်း ဆက်လက်ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha တို့ဦးဆောင်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရေးကိစ္စတွေအပြင် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လေတပ်အချင်းချင်း အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်တွေ သွားရောက်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ အဲဒီဆွေးနွေးမှုအတွင်း စစ်ခေါင်းဆောင်ဘက်က သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေတွေနဲ့ မကြာခင်မှာ လွှတ်တော်ကျင်းပသွားမယ့် အစီအစဉ်တွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်နှစ်ရပ်အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ လေ့ကျင့်ရေးလုပ်ငန်းတွေကို ဆက်လက်တိုးမြှင့်သွားဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေဖို့အတွက်လည်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံပွဲကို စစ်ခေါင်းဆောင်ဘက်က ရဲဝင်းဦး၊ ထွန်းအောင်တို့နဲ့အတူ ထိုင်းစစ်သံမှူးတို့လည်း တက်ရောက်ခဲ့ကြတာပါ။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ထိုင်း၊ ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်မက်ဖြစ်ပွားရာ နယ်မြေတွေထဲကနေ အရပ်သားတွေကို ဘေးကင်းအောင် စနစ်တကျ ကယ်ထုတ်နိုင်ဖို့ (NEO) လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ထိုင်းကြည်းတပ်ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက လေတပ်၊ ရေတပ်တွေနဲ့ ပူးပေါင်းပြီး လူစုလူဝေးကို ထိန်းချုပ်တာ၊ စိစစ်တာနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပို့ဆောင်ပေးတာတွေကို ဆက်တိုက်လေ့ကျင့်ခဲ့တာပါ။ ဒါဟာ လူတွေကိုရွှေ့ပြောင်းပေးရုံတင်မဟုတ်ဘဲ အလွန်ဖိအားများတဲ့ အခြေအနေတွေအောက်မှာ မိတ်ဖက်နိုင်ငံတွေအချင်းချင်း ဘယ်လောက်အချိတ်အဆက်မိမိနဲ့ တိတိကျကျပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတာကို စမ်းသပ်တာလည်း ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ခဲ့ကြပြီး မနက်ဖြန်မှာတော့ရယောင်းခရိုင်က အမှတ် ၂၀၁ စစ်ဘက်လေဆိပ်မှာ အမေရိကန်နဲ့ ဂျပန် သံအမတ်ကြီးတွေရှေ့မှာ လက်တွေ့စစ်ရေးပြသသွားမှာပါ။ အခုလို ကြိုတင်ပြင်ဆင်လေ့ကျင့်တာဟာ ဘယ်လိုအရေးပေါ်အခြေအနေမျိုးမှာမဆို ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့နဲ့ ဒေသတွင်းစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာစေဖို့ ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
Read moreအမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၆ မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ အဖွင့်အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ရဲ့ ကမ္ဘာ့အရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ဂရုတစိုက် တက်ရောက်နားထောင်ခဲ့တယ်လို့ဆိုပါတယ်။ ညီလာခံကာလအတွင်းမှာ မြန်မာ့ဒီမိုကရေစီရေးအတွက်ကမ္ဘာ့ဩဇာရှိ ခေါင်းဆောင်ဟောင်းတွေအဖွဲ့ဖြစ်တဲ့ The Elders က ထိပ်သီးပုဂ္ဂိုလ်တွေနဲ့လည်း အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတွေ့ဆုံမှုတွေမှာ စစ်အာဏာသိမ်းမှုအလွန် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့သလို နိုင်ငံတကာရဲ့ အကူအညီတွေရဖို့လည်း ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။
Read moreပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနကနေ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုအားကောင်းလာစေဖို့အတွက် တပ်ရင်းသစ် ၃ရင်းကို တပ်ရင်းစံပြုတည်မြဲအမိန့်နဲ့အညီ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအသစ်တိုးချဲ့အတည်ပြုလိုက်တဲ့ တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၈၀၀၂ တပ်ရင်း - KANBAUK DEFENCE FORCE၊ အမှတ် ၈၀၀၃ တပ်ရင်းနဲ့ အမှတ် ၉၉၂၅ တပ်ရင်း - RANGOON WARRIORS PDF တို့ဖြစ်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ဖို့ ပြင်ဆင်လိုက်တာပါ။ အထူးတိုင်းစစ်ဌာန ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်နဲ့ အမှတ် ၁ စစ်ဆင်ရေးမှူးရဲ့ လမ်းညွှန်ချက်အတိုင်း PDF ရဲ့ ကွပ်ကဲမှုအောက်မှာ COC နှစ်ရပ်နဲ့အညီ စနစ်တကျ စုဖွဲ့လေ့ကျင့်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အရင်ကလည်း ရန်ကုန်၊ပဲခူးနဲ့ မွန် ပကဖ အဖွဲ့တွေကို စနစ်တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်း ဖွဲ့စည်းခဲ့သလို၊အမှတ် ၈၀၀၁ တပ်ရင်းနဲ့ အမှတ် ၁၈၁၉ ဒရုန်းတပ်ဖွဲ့ကိုလည်း တရားဝင် ကွပ်ကဲမှုအောက်မှာ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီ အထူးတိုင်းစစ်ဌာန အောက်မှာနည်းဗျူဟာ ၅ခု၊တိုက်ခိုက်ရေးတပ်ရင်း ၁၁ ရင်းနဲ့ဒရုန်းလက်ရုံးတပ်ဖွဲ့ ၅ ဖွဲ့ ရှိနေပြီဖြစ်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်အောင် စနစ်တကျ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
Read moreခလယ်လွီထူခရိုင်ထဲက မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ဒဏ်ရာရပြီးနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ကေအဲန်ယူ-ဗဟိုက ဖေဖော်ဝါရီလ ၂၅ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။ အဲဒီမူးမြို့နယ် ငနွားဆိပ်ကျေးရွာထဲကိုဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့လို့ အသက် ၃၅ နှစ်အရွယ် မောင်စိုးလင်းခိုင်နဲ့ ၁၅ နှစ်အရွယ် မောင်မြင့်ခိုင်တို့ နှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီအပြင် လယ်ဒိုမြို့နယ်ဘက်မှာလည်း စစ်ကော်မရှင်တပ် ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကညင်ကျွန်းရွာက အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့သလို၊ သမိန်အင်းကုန်းကျေးရွာက နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ရပါတယ်။ နောက်ပြီးကျောက်တံခါးဘက်ကနေ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံး၂ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဖျံတလင်းကျေးရွာက နေအိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ အခုလို စစ်ကော်မရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရတဲ့အပြင် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုရမှုမှာ သေဆုံးသူကလေးတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထိရှိလာနေပါတယ်။ အဲဒီ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ခု ၂၀ ဦးထိတိုးလာနေတာဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖိုအသိပေးထားပါတယ်။
Read moreဂမ်ဘီယာနဲ့မြန်မာအမှုမှာ IIFFMM အစီရင်ခံစာနဲ့ပတ်သက်လို့ ICJ တရားခွင်မှာ"ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒ (state's consent)နဲ့ IIFFMM ရဲ့ စံနှုန်း တွေကြား အငြင်းအခုန်တွေရှိခဲ့ကြပါတယ်။ အဲဒီမှာ ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒဆိုတာနိုင်ငံတကာပဋိညာဉ်အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာယန္တယားတရပ်ရပ်နဲ့ပူး ပေါင်းဆောင်ရွက်တဲ့အခါ ပင်ရင်းနိုင်ငံရဲ့ပူးပေါင်းလိုတဲ့စိတ်ဆန္ဒအရသာဖြစ်ရမယ်။ တကယ်လို့ ပင်ရင်းနိုင်ငံက ပူးပေါင်းလိုတဲ့ဆန္ဒမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့အချက်ရှိပါတယ်။ မြန်မာက ဒီအချက်ကိုင်ပြောပေမယ့် ICJ ပယ်ချလိုက်ပါတယ်။ပယ်ချတဲ့အ ကြောင်းပြချက်ကို ၂၀၂၀ ခုနှစ် Provinsional Measure အပိုဒ် ၁၀၇ မှာ ဖော်ပြထားပါတယ်။ အဲဒီအပိုဒ် ၁၀၇ ရဲ့ဆိုလိုရင်းက ဂျီနိုဆိုက်လိုကိစ္စဟာ မြန်မာတနိုင်ငံတည်းကပဲ ရိုက်ခတ်ခံရတဲ့ကိစ္စမဟုတ်ပါဘူး။ မြန်မာကိုယ်တိုင် ဂျီနိုဆိုက်လို ကိစ္စမျိုးမဖြစ်လာဖို့ကိစ္စဟာ နိုင်ငံအားလုံးရဲ့ အ ကျိုးစီးပွားဖြစ်တယ်လို့ လက်ခံထားပြီးသားဖြစ်တယ်။ အဲဒါကြောင့် ဒါဟာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းအဖွဲ့ဝင်နိုင်ငံတိုင်းက တရားစွဲခွင့်ရှိတယ်ဆိုပြီးပယ်ချလိုက်တာပါ။ IIFFMM ရဲ့ ဥပဒေကြောင်းအရ စံနှုန်း ဆိုတာမှာ IIFFMM ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ခရစ်စတိုဖာဆီတိုတီ(Christopher Sidoti)ကိုယ်တိုင်က အစီရင်ခံစာဟာ "ယုံကြည်စိတ်ချရသော အကြောင်းပြချက်ရှိခြင်း" (Reasonable grounds to believe)ဆိုတဲ့ စံနှုန်းပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာတ ရားစီရင်ရေးမှာလိုအပ်တဲ့ "သံသယဖြစ်ဖွယ်မရှိအောင်သက်သေပြနိုင်ခြင်း" (Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက် အများကြီးနိမ့်ကျကြောင်းနဲ့တရားရုံးမှာ တိုက်ရိုက်သက်သေအဖြစ်အသုံးပြုဖို့ထက် လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့အတွက် "လမ်းပြမြေပုံ" အဖြစ်သာ ရည်ရွယ်ကြော င်းပြောခဲ့တာရှိပါတယ်။ အဲဒီနှစ်ချက်ကိုသုံးပြီး မြန်မာကခုခံချေပခဲ့တာရှိပါတယ်။Sate's Consent အရ မြန်မာဟာ IIFFMM နဲ့ မပူးပေါင်းခဲ့သလို IIFFMM ကို အခြေခံပြီးပေါ်လာတဲ့ IIMMနဲ့မပူးပေါင်းတာလည်းဖြစ်ပါတယ်။ အဲဒီတော့ State's Consent အရသဘောမတူတဲ့ယန္တရားတွေကရတဲ့အချက်အလက်တွေကို မြန်မာနဲ့ဆိုင်တဲ့နေ ရာတွေ၊တရားခွင်တွေမှာ အသုံးချစရာမလိုပါဘူး။ မြန်မာကို တရားစွဲတဲ့အခါ ဘမ်ဘီယားဟာ IIFFMM ရဲ့အစီရင်ခံစာကို အခြေခံထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ကန့်ကွက်တယ်ဆိုတဲ့သ ဘောပါ။ပြီးရင် အစီရင်ခံစာရေးသားရာမှာကိုယ်တိုင်ပါဝင်သူကလည်း အစီ ရင်ခံစာဟာ ရာဇဝတ်မှုဆိုင်ရာတရားစီ ရင်ရေးမှာလိုအပ်တဲ့"သံသယဖြစ်ဖွယ်မရှိအောင် သက်သေပြနိုင်ခြင်း "(Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက်အများကြီး နိမ့်ကျတယ်လို့ ဆိုထားတဲ့အတွက်အစီရင်ခံစာကိုသက် သေအထောက်အထားအနေနဲ့ မသုံးသင့်ဘူးဆိုတဲ့ သဘောမျိုးကန့်ကွက်ခဲ့တာပါ။ မြန်မာက ကန့်ကွက်ချက်တွေကို ICJ က ပယ်ချလိုက်ပါတယ်။ပယ်ချလိုက်တဲ့အကြောင်းပြချက်တွေကိုလည်း ခုလိုပေးပါတယ်။ ICJ တရားရုံးက IIFFMM အစီရင်ခံစာရဲ့အဆင့်အတန်းကို အမှုတခုလုံးအပေါ် ဆုံးဖြတ်ဖို့ သက်သေအဖြစ် အသုံးပြုလို့အပြည့်အစုံံမရနိုင်ပေမယ့်အမှုဖြစ် စဉ်အပေါ် နားလည်ရန်ကူညီပေးသော ဇစ်မြစ်"အထောက်အထား တစိတ်တပိုင်း"အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဖြစ်တန်ရာယုတ္တိရှိခြင်း(Plausiblity) သို့မဟုတ် ဇစ်မြစ်အထောက်အထား တစိတ်တပိုင်း ICJ တရားရုံးက ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ကနဦးကန့်ကွက်လွှာတွေအပေါ်ဆုံးဖြတ်ချက် "Preliminary Objections"စီရင်ချက်ထဲက IIFFMM (Fact-Finding Mission) အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး အပိုဒ် ၅၄ မှာ ခုလို ဖော်ပြထားပါတယ်။...
Read moreHey! Don't Copy my content.