Border News Agency ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် တာရက်ခ်ရာမန်ဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မှာ ဒါကာစစ်တပ်နယ်မြေထဲက လက်နက်ကိုင်တပ်ဖွဲ့များဌာနချုပ်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးခန်းကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ရုံးထိုင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ မနက် ၉ နာရီမှာ ရုံးကိုရောက်ရှိလာတာဖြစ်ပြီး တပ်ဖွဲ့အသီးသီးက အကြီးအကဲတွေက သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်က တပ်ဖွဲ့အကြီးအကဲတွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ဟာ ရာထူးတိုးမြှင့်ခံရတဲ့ ကြည်းတပ်အရာရှိကြီးနှစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မီရ်မွတ်ရှ်ဖီကာ ရာမန် နဲ့ ဗိုလ်ချုပ် ကိုင်ဆာရာရှစ်ချောင်ဒရီတို့ကို အဆင့်တံဆိပ်တွေ ကိုယ်တိုင်တပ်ဆင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။
Read moreBorder News Agency ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၂၃။ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃နယ်မြေအတွင်း သွားလာလှုပ်ရှားနေထိုင်ကြတဲ့ပြည်သူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ညဘက်သွားလာခွင့်တားမြစ်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီဂန့်ဂေါခရိုင် တပ်ရင်း ၁၃ လှုပ်ရှားနယ်မြေဖြစ်တဲ့လမ်းတွေကို ည ၈နာရီမှ မနက် ၆ နာရီအတွင်း လုံခြုံရေးအခြေအနေအရ လုံးဝဖြတ်သန်းသွားလာခွင့်မပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်လိုက်တာပါ။ ဆော၊ ကျောက်ထု၊ မင်းတပ်လမ်းတွေကို လုံခြုံရေးအခြေအနေအရ စစ်ဆေးနေလို့ ပြည်သူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ အသိပေးထားပါတယ်။ ကန့်သတ်ထားတဲ့နယ်မြေကို ခုအချိန်မှာ ဂန့်ဂေါခရိုင်အတွင်းမှ တပ်ရင်းတပ်ဖွဲ့တွေမှလွဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို သက်ဆိုင်ရာခရီးသွားလာခွင့် (MO) ပါမှသာ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ဆိုပါတယ်။ အရေးပေါ်ကိစ္စတွေနဲ့သွားလာလိုရင် ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ ဆီကိုအကြောင်းကြားမှ ခွင့်ပြုမှာဖြစ်ပြီး ကန့်သတ်ထားတဲ့ အချိန်မှာအကြောင်းမကြားပဲသွားလာခဲ့ရင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၃ ။ မက္ကဆီကိုနိုင်ငံရဲ့သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းချုပ် အယ်လ်မန်ချို (El Mencho) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က စစ်တပ်ရဲ့စီးနင်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ အဲဒီလို အသတ်ခံရပြီးနာရီပိုင်းအတွင်းမှာတင် သူ့ရဲ့နောက်လိုက်တွေက ပြည်နယ်အတော်များများမှာ လက်စားချေတိုက်ခိုက်တာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ အဲဒီလက်နက်ကိုင်ဂိုဏ်းဝင်တွေဟာ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့တာ၊ မော်တော်ကားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ထိတ်လန့်မှုတွေဖြစ်ပေါ်နေပြီး Air Canada၊ United Airlines နဲ့ Aeromexico အစရှိတဲ့ လေကြောင်းလိုင်းတွေဟာ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။ CJNG ဂိုဏ်းဝင်တဦးရဲ့အဆိုအရ အခုတိုက်ခိုက်မှုတွေဟာ ခေါင်းဆောင်အသတ်ခံရတာကိုမကျေနပ်လို့ အစိုးရကိုလက်စားချေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်နေရာကိုလုယူဖို့အတွက် ဂိုဏ်းအတွင်းအုပ်စုအချင်းချင်းကြား သတ်ဖြတ်မှုတွေ ထပ်မံဖြစ်လာဦးမယ်လို့ သတိပေးထားပါတယ်။
Read moreBorder News Agency မြိုင်၊ ဖေဖော်ဝါရီ ၂၃။ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF) ပခုက္ကူခရိုင်၊ အမှတ် ၆ တပ်ရင်းမှာ စစ်ရေးစွမ်းရည်မြှင့်စုဖွဲ့လေ့ကျင့်မှု ရက်တိုသင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် စစ်စည်းကမ်းကောင်းမွန်တဲ့တပ်အဖြစ်တည်ရှိနိုင်ဖို့ စုဖွဲ့လေ့ကျင့်မှုတွေကို နှစ်စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီသင်တန်းဆင်းရဲဘော်တွေဟာ စစ်ရေးလေ့ကျင့်မှုတွေကို တာဝန်ယူမှုအပြည့်နဲ့ ဆောင်ရွက်ခဲ့ကြပြီး တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းအနေနဲ့ လက်ရှိစိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံပြီး သစ္စာ၊ စည်းကမ်း၊ တာဝန်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ဝန်းရံပေးနေကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၂၃ ။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ - တိုက်ခိုက်ရေးမှ အဖွဲ့ဝင် ၁၅ ဦးကို တပ်ကင်းကွာရက်ကျော်လွန်တဲ့အထိ တပ်တွင်းတာဝန်မထမ်းဆောင်တာကြောင့် တပ်ပြေးတရားခံတွေအဖြစ် ကြေညာလိုက်တယ်လို့ ဖေဖော်ဝါရီလ၂၂ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ သတ်မှတ်ထားတဲ့ ခွင့်ရက်တွေထက်ကျော်လွန်ပြီးနောက် တပ်ရင်းသို့ပြန်ပြီးသတင်းပို့တာမရှိတာမို့ အဲဒီရဲဘော် ၁၅ ဦးကို တပ်ပြေးတွေအဖြစ်သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီရဲဘော်တွေကိုတွေ့ရင် ပေါက်မြို့နယ်ပကဖအဖွဲ့ဆီသို့ အကြောင်းကြားပေးဖို့မေတ္တာရပ်ခံထားပြီး ကာယကံရှင် ရဲဘော်တွေအနေနဲ့ တာဝန်ပြန်ထမ်းဆောင်ချင်ရင်လည်း ပြန်ပြီဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။
Read moreအိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ နိုင်ငံရဲ့ပထမဆုံး Namo Bharat အမြန်ရထားစနစ်နဲ့ မက်ထရိုရထားကို ဖွင့်လှစ်ပေးလိုက်ပြီး Delhi–Meerut လမ်းပိုင်းကို နိုင်ငံအတွက် အပ်နှံပေးလိုက်တယ်ပြီလို့ အိန္ဒိယအစိုးရသတင်းပြန်ကြားရေးဌာန(PIB) က ထုတ်ပြန်ထားပါတယ်။ ဒါဟာ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံ ခေတ်သစ်တခုရဲ့ အစဖြစ်သလို ဒေသခံတွေရဲ့လူနေမှုဘဝကို ပိုပြီး ချောမွေ့အဆင်ပြေစေမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်အမြန်ရထားနဲ့ မက်ထရိုဝန်ဆောင်မှုတွေကို ပလက်ဖောင်းတခု၊လမ်းကြောင်းတခုတည်းကနေ ပူးပေါင်းပြေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလို ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာတာဟာ 'ဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယနိုင်ငံ'ဖြစ်လာဖို့အတွက် အဓိကစွမ်းအားစုတွေဖြစ်တယ်လို့လည်းဆိုပါတယ်။
Read moreအာဖဂန်နစ္စတန်နိုင်ငံ၊ အရှေ့ပိုင်း နန်ဂါဟာ (Nangarhar) နဲ့ ပက်တီကာ (Paktika) ပြည်နယ်တွေထဲကို ပါကစ္စတန်နိုင်ငံက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင်အရပ်သား အများအပြားသေဆုံးခဲ့တယ်လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နန်ဂါဟာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Sayed Tayeeb Hammad က "အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ အိမ်တလုံးတည်းမှာတင်မိသားစုဝင် ၂၃ ဦးရှိနေပြီး ၅ ဦးကိုတော့ဒဏ်ရာတွေနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်။"လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီလိုလေကြောင်းတိုက်ခိုက်တာဟာ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေကို တိုက်ရိုက်ထိမှန်ခဲ့တာဖြစ်တယ်လို့လည်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံဘက်ကတော့ သူတို့နယ်မြေအတွင်း တိုက်ခိုက်မှုတွေလုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အာဖဂန်နယ်မြေကို အသုံးချနေတာကြောင့် တိုက်ခိုက်ရတာလို့ဆိုထားပေမယ့် အာဖဂန်အာဏာပိုင်တွေကတော့ ဒီစွပ်စွဲချက်ကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ပါကစ္စတန်ရဲ့ လုပ်ရပ်အပေါ် "သင့်တော်ပြီး တွက်ချက်ထားတဲ့တုံ့ပြန်မှုမျိုး ပြုလုပ်သွားမယ်။"လို့ သတိပေး ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ပါကစ္စတန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် အာဖဂန်အရပ်သား ၇၀ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ (UN) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီ ကာတာ၊ တူရကီနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးတာတွေရှိနေပေမယ့် နှစ်နိုင်ငံနယ်စပ်တွေ လပေါင်းများစွာပိတ်ထားရတာကြောင့် ဒေသခံတွေမှာ လူမှုစီးပွားအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Read moreမန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်ထဲမှာ ဆုံရွကနေ ဆီမီးခုံမြို့ဘက်ကို လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ရိက္ခာယာဉ်တန်းကိုတိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ People's Defense Force - Mandalay က ဖေဖော်ဝါရီလ ၂၂ ရက်၊မနေ့ကထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ အင်အားနှစ်ဆယ်ပါတဲ့ ယာဥ်တန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊မနက်ပိုင်းက မန္တလေးခရိုင် အမှတ် ၃ တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သလို၊ဆီမီးခုံဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ ပျူစောထီးနဲ့ ရဲ ၄ ဦးလည်း ထပ်မံသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း G3 သေနတ် ၂ လက်၊ ကာဘိုင် ၁ လက်၊ကင်းထောက်ဒရုန်း ၁ စီးနဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရရှိခဲ့ပေမယ့် မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အဲဒီစစ်ကော်မရှင်တပ်တွေကို မန္တလေး PDF နဲ့အတူ ဆီမီးခုံ PDF၊ SRF၊ ဧရာဝတီမင်းသား ပြောက်ကျားတပ်ဖွဲ့ အပါအဝင် ဒေသခံ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
Read moreBorder News Agencyမောင်တော၊ဖေဖော်ဝါရီ ၂၃။ ICJ စီရင်ချက်ထွက်လာပြီးနောက် ဘာဖြစ်လာမည်နည်း။ ICJ စီရင်ချက်က ဥပဒေကြောင်းအရ လွမ်းခြုံမှုရှိသည်။သို့သော် ICJ တွင် အရေးယူရန်ရဲတပ်ဖွဲ့မရှိပေ။ သို့သော် ICJ ၏အမိန့်ကို ထိုအမိန့်နှင့်သက်ဆိုင်သော နိုင်ငံတနိုင်ငံက မလိုက်နာပါက...
Read moreပလက်ဝမြို့နယ်၊ တွီကင်းဝရွာမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နေ့လည် ကမီးလောင်မှုကြောင့် နေအိမ်အိမ်ဆယ်လုံးပျက်စီးတယ်လို့ သိရပါတယ်။ အဲဒီတွီကင်းဝရွာက ဦးကျော်သာဦးရဲ့အိမ်ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နေ့လည် ၃ နာရီအချိန်ခန့်က ရေနွေးကျိုရာကနေ ဘေးရှိဝါးထရံကိုမီးကူးသွားပြီး မီးစလောင်သွားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ရွာသားတွေ ဝိုင်းဝန်းကူညီ မီးငြိမ်းသတ်ခဲ့ပေမယ့် မီးလောင်နေတဲ့အချိန်လေပြင်းတွေတိုက်နေလို့ မီးစတွေဟာ ဘေးအိမ်တွေကိုပါ ကူးစက်လောင်ကျွမ်းသွားပြီး ရွာထဲရှိအိမ်ဆယ်လုံးထိမီးလောင်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီ မီးလောင်မှုကိုတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မီးသတ်ဌာနနဲ့ရွာသားတွေ ဝိုင်းဝန်းကူညီငြိမ်းသတ်ခဲ့မှုကြောင့် ညနေ ၅ နာရီအချိန်ခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အိမ်ရဲ့ကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။
Read moreHey! Don't Copy my content.