Border News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၇။ လယ်ဒိုမှာ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီ အလင်းဝင်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ၆ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ် ခလရ-၃၉ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သား အသက်သုံးဆယ်နှစ်နှစ်အရွယ် စောအာဘရောင်းဖြစ်တယ်လို့ဆိုပါတယ်။ တပ်သားစောအာဘရောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉ ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်နက်ချအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ အဲဒီတပ်သားစောအာဘရောင်းဟာ ဆန္ဒမပါဘဲအတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်တွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရသူတွေအနေနဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်း၀င်ရောက်လာကြဖို့ကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှတိုက်တွန်းအသိပေးထားပါတယ်။
Read moreBorder News Agency စစ်တွေ၊ ဖေဖော်ဝါရီ ၆ ။ ရခိုင်ပြည်မှာ တတိယအကြိမ်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ ဌာနဆိုင်ရာတွေ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအဆင့်ပြီးစီးသွားပြီဖြစ်လို့ လွှတ်တော်အစည်းအဝေးကို မကြာခင်ကာလအတွင်း အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ပြင်ဆင်နေတာပါ။ ဒီခြေလှမ်းဟာ စစ်ကော်မရှင်အနေနဲ့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးပဋိပက္ခတွေရှိနေပေမယ့်လည်း မြို့ပေါ်ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့လွှတ်တော်ယန္တရားကို ပုံမှန်လည်ပတ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံရေးအရပြသချင်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ အဲဒီလွှတ်တော်အဆောက်အဦးနဲ့ အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read moreကံ့ကော်နီရေးပါတယ်။ စစ်အာဏာသိမ်းငါးနှစ်တာမှာ ငွေကြေးဖောင်းကြွမှုတွေပိုမို့ဆိုးလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေက အာရက္ခဒေသမှာ ပိုမိုးဆိုးရွာနေပါတယ်။ စစ်ကော်မရှင်ဟာ ကုန်လမ်း၊ရေလမ်းတွေအပါအဝင် ကုန်စည်စီးဆင်းမှုတွေကိုလည်း တားဆီးပိတ်ခဲ့တော့ အာရက္ခ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ခဲ့ကြရပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေတရိတ်ရိတ် တက်နေချိန်မှာ မိသားစုသုံးဦးရှိတဲ့အိမ်ထောင်စုတစုအတွက် တရက်ကုန်ကျစားရိတ်ဟာကျပ်ငါးသောင်းထိရှိနေပါတယ်။ အဲဒီကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေမရှိတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ ကျောင်းစာရိတ်၊ စားသောက်စာရိတ်၊ စျေးစာရိတ်တွေကို လကုန်ခါနီးလာတို င်းစိတ်ပူနေရတယ်လို့ ဒေါ်လှမေသိန်းက ညည်းတွားပါတယ်။ စစ်ကော်မရှင်ကင်းစင်တဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေမှာနေပေမယ့်ပိုက်ဆံအဓိကရှာနေတဲ့အိမ်ထောင် ဦးစီးအမျိုးသားစစ်မှုထမ်းနေချိန်မှာ စားဝတ်နေရေးအတွက် စိုးရိမ်းစိတ်ဖြစ်နေတယ်လို့ဒေါ်လှမေသိန်းက ပြောပါတယ်။ ဒေါ်လှမေသိန်းရဲ့ အမျိုးသားက အသ က်ငါးဆယ်ကျော်ပြီမို့ ပြည်သူ့စစ်သင် တန်းမတက်ခဲ့ရပေမယ့်တပ်သားသစ် စုဆောင်းရေးမှာ ထမင်းချက်တာဝန်နဲ့လအတော်ကြာနေခဲ့ရပါတယ်။ အဲဒီအိမ်ထောင်ဦးစီမရှိတဲ့နောက် ပ ညာရေးစာရိတ်နဲ့စားဝတ်နေရေးအတွ က်မိသားစုတာဝန်တွေကို ဒေါ်လှမေသိ န်းပခုံးထမ်းတာဝန်ယူရချိန်နေ့ရက်တိုင်းဟာ စိုးရိမ်စိတ်မကင်းခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလို့ခင်ပွန်းမရှိချိန်တွေမှာ မိသားစု ထမင်းဝိုင်းဟာ အရင်လို့မစို့ပြေတော့ပါ။ ဒါပေမယ့်"ကျွန်မကအရာရာကို တောင့်ခံနေပါတယ်။ဘာလို့ တောင့်ခံလဲဆိုရင် ကျွန်မရဲ့သားသမီးလေးယောက်စလုံးကိုပညာမတတ်ဘဲစိတ်ဆင်းရဲကိုယ်ဆ င်းရဲနဲ့စိတ်ဒဏ်ရာရသွားမှာကို အရမ်းကြောက်ပါတယ်။မိခင်ဖြစ်တဲ့ ကျွန်မက ပြိုကွဲပြနေရင် သားသမီးတွေ ပိုစိတ်ထိခိုက်သွားရမယ်။"လို့ ဒေါ်လှမေသိန်းက Border News Agency ကို ပြောပါတယ်။ အာရက္ခတပ်တော်ဟာအာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေအများစုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ အမျိုးသားကာကွယ်ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တအိမ်ထောင်ကိုလူတဦးနှုန်းနဲ့အမျိုးသမီးတွေမှာ အသက်ဆယ်ရှစ်နှစ်မှနှစ်ဆယ့်ငါးနှစ်၊ အမျိုးသားတွေမှာအသက်ဆယ်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ဆိုပြီးသတ်မှတ်ချ က်တွေနဲ့ခေါ်ခဲ့ပါတယ်။ အဲဒီပြည်သူ့စစ်သင်တန်းကြာမြင့်ချိန်မှာလေးဆယ်ငါးရက်ဖြစ်ပြီးသင်တန်းပြီးဆုံးပါကာနှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အာရက္ခတပ်တော်က ပြီးခဲ့ နှစ် ၂၀၂၅ ခုနှစ်၊မတ်လနှစ်ဆယ့်ငါးရက်နေ့ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ဆယ်ရှစ်နှစ်မှ လေးဆယ်ငါး နှစ်လို့ သတ်မှတ်ထားပေမယ်တချို့ မြေပြင်နဲ့ ကျေးလက် တွေမှာ အမျိုးသားတွေ စစ်မှုထမ်းရမယ် ဆိုရင် အသက် ငါးဆယ် ကျော်အရွယ် တွေ တပ်ထဲပါသွားကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင်ဝင်ငွေ အဓိကရှာတဲ့ မိသားစု မှာ အမျိုးသားတွေ တပ်တော်ထဲ လိုက်ရတဲ့အခါကျန်ခဲ့တဲ့မိသားစုတွေ၊က လေးငယ်တွေရဲ့ရှင်သန်မှုတိုက်ပွဲက တော့အဆိုးဝါးဆုံးအခြေအနေမှာရှိနေခဲ့ပါတယ်။ "မိခင်တဦးဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ အာဟာရချိုတဲ့ပြီးကျန်းမာ ရေးမကောင်းတော့ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ရွာက တခြားအမျိုးသ မီးတွေလို့ ငါးရှာ၊ဟင်းရှာလည်း လိုက်မရှာနိုင်ပါဘူး။တဖက်မှာ နို့စိုးကလေးတွေလည်းရှိသေးတော့ ကလေးကို အ ပ်ထားခဲ့ဖို့ ဆွေးမျိုးသားချင်းညီအစ်ကို မောင်နှမ မရှိပါဘူး။"လို့ သူမက ပြောပါတယ်။ အဲဲဒီအခြေအနေတွေနဲ့"မိသားစုးစားဝ တ်နေရေးဖြေရှင်းနေရချိန်မှာ စစ်သင် တန်းတက်နေရတဲ့ အမျိုးသားက အ သုံးစားရိတ်လှမ်းမှာရင် ထည့်မပေးနိုင်ဘူး။''လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ရခိုင်ရှိအမျိုးသမီးသုံးဆ ယ့်နှစ်ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ် သင်တန်းတခုခုတွင် ပါဝင်မှု မရှိတဲ့ အခြေအနေနဲ့ ဖယ်ကျဉ်ခံနေရတယ်လို့ ဆိုထားပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြပေမယ့်မိသား စုစားဝတ်နေရေးအတွက် နေ့စဥ်ရုန်းက န်နကြရပါတယ်။...
Read moreBorder News Agency ရန်ကုန်၊ဖေဖော်ဝါရီ ၆။ ခရီးသွားလာနေကြတဲ့ ရခိုင်မှတ်ပုံတင် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ကန့်သတ်ထားတဲ့ မြို့နယ်တွေမှ ပြည်သူတွေလမ်းခရီးစစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအမြောက်အမြားတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ အဲဒီရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ကန့်သတ်မြို့နယ်တွေမှပြည်သူတွေဟာ ခရီးသွားလာရာမှာ သက်ဆိုင်ရာရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာတွေပါရှိမှသာ ကားလက်မှတ်ဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်းကို အဝေးပြေးယာဉ်လိုင်းဂိတ်တွေက အွန်လိုင်းမှတဆင့် အသိပေးပေးထားပါတယ်။ အဲဒီအပြင် အချို့ကားဂိတ်တွေမှာပြဿနာတက်မည်ကိုစိုးရိမ်တာမို့ ကန့်သတ်မြို့နယ် မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုလက်မှတ်ရောင်းချပေးဖို့ ငြင်းဆန်တာတွေရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ "ကျွန်မခရီးထွက်တုန်းကဆိုရင် လမ်းမှာတယောက်ကိုငါးသိန်းအထိ တောင်းတာရှိတယ်။ သုံးယောက်ဆိုရင်ဆယ့်ငါးသိန်းပေးရတယ်လို့ ကြားခဲ့ရတယ်။ အထူးသဖြင့် ၁၃/ရှမ်းမှတ်ပုံတင်တွေဆိုရင် ငွေကောက်ပြီးမှဝင်ခွင့်ပေးတာမျိုးတွေရှိသလို၊ ၉/ မန္တလေးမှတ်ပုံတင်တွေလည်း ဝင်ရခက်နေတယ်။ ၁၁/ရခိုင်မှတ်ပုံတင်ဆိုရင်တော့ ပိုပြီးစစ်ဆေးခံရသလို ကျောက်မဲဘက်ကိုသွားဖို့လည်း အရမ်းခက်ခဲနေတယ်။"လို့ ခရီးသွားပြည်သူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒီကန့်သတ်လိုက်တဲ့မြို့နယ်တွေထဲဲမှာ ရခိုင်ပြည်အတွင်းရှိ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်တဲ့ မြို့နယ်အားလုံး၊ မန္တလေးတိုင်းမိုးကုတ်မြို့ ၉/မကန၊ ရှမ်းပြည်နယ် ၁၃/မှတ်ပုံတင်တွေအပြင် ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကုန်းကြမ်းတွေလည်းပါဝင်နေပါတယ်။ အဲဒီအပြင် ကရင်ပြည်နယ်၊ မြဝတီနဲ့ ကော့ကရိတ်ဘက်မှပြန်လာသူတွေကိုလည်း အစစ်အဆေးပိုမိုတင်းကျပ်နေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ အဲဒီအပြင်စစ်ကိုင်းတိုင်းအတွင်းရှိ ၅/မုံရွာ၊ မြောင်၊ ရွှေဘိုစတဲ့မြို့နယ်တွေကို စစ်ကော်မရှင်တပ်က ကန့်သတ်ထားပြီး ခရီးသွားလာရာမှာ အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။ အဲဒီမြို့နယ်တွေမှ ပြည်သူတွေဟာမြို့ဝင် မြို့ထွက်ဂိတ်တွေမှာတောင် မှတ်ပုံတင်ကို အသေးစိတ်စစ်ဆေးခံရရုံသာမက ဖုန်းအတွင်းရှိအချက်အလက်တွေကိုပါ စစ်ဆေးခံနေရတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ "ငွေကောက်တာကတော့တကယ့်ကို အမှန်ပါပဲ။ ဒါပေမယ့်လူတိုင်းတော့မဟုတ်ဘဲ တခါတလေမှကြုံရတာမျိုးလည်းရှိတယ်။ ထောက်ခံစာကတော့မပါမဖြစ် ယူသွားရတယ်။ အထူးသဖြင့် ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်လို့သံသယရှိသူတွေဆီက ပိုပြီးငွေညှစ်တောင်းခံတာတွေရှိတယ်။ တောင်ကြီးနဲ့မန္တလေးဘက်ကဂိတ်တွေမှာ ပိုပြီးကောက်ခံနေတာတွေ့ရတယ်။"လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ဟာ နိုင်ငံတစ်ဝှမ်းရှိ စစ်ရေးအခြေအနေနဲ့ နယ်မြေထိန်းချုပ်မှုတွေကြောင့် အဲဒီလိုမှတ်ပုံတင်နံပါတ်တွေအလိုက် ခရီးသွားလာခွင့်ကိုတင်းကျပ်ကန့်သတ်ထားတာဖြစ်ပြီး လမ်းခရီးမှာငွေကြေးမတက်နိုင်သူတွေလည်းရှိတယ်လို့ဆိုကြပါတယ်။ အဲဒီလို ငွေကြေးမတက်နိုင်သူတွေကို ဂိတ်တွေမှာနာရီပေါင်းများစွာ ထိန်းသိမ်းစစ်ဆေးခံရတာတွေနဲ့ လမ်းဝက်မှပြန်လှည့်ခိုင်းတာတွေလည်းရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ခရီးသွားပြည်သူတွေမှာ ငွေကြေးကုန်ကျမှုမြင့်မားလာတာအပြင် ဘေးကင်းလုံခြုံမှုအတွက်ပါ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
Read moreအိန္ဒိယနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက်ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား နှစ်ဆယ့်ခုနှစ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီပြန်ပို့ပေးလိုက်တဲ့သူတွေဟာ မဏိပူရ်ပြည်နယ်ရှိနိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသားနှစ်ဆယ့်လေးဦးနဲ့ အမျိုးသမီးသုံးဦး၊စုစုပေါင်းနှစ်ဆယ့်ခုနှစ်ဦး ပါဝင်ပါတယ်။ သူတို့ကို အိန္ဒိယအစိုးရရဲ့ အစီအစဉ်နဲ့ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ကနေတဆင့် နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် တမူးမြို့က အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်မှာ မြန်မာဘက်က တာဝန်ရှိသူတွေဆီလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာသံရုံးကနေ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနဲ့ မဏိပူရ်ပြည်နယ်က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့အားလုံးကို နေရပ်အသီးသီးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီလို့ဆိုပါတယ်။
Read moreအမေရိကန်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံထားရတဲ့ ဗင်နီဇွဲလား သမ္မတဟောင်း နီကိုးလပ်စ် မာဒူရို (Nicolás Maduro) နဲ့ ဇနီးဖြစ်သူတို့ကိုခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို မြို့တော် ကာရာကတ်စ် (Caracas) မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ဒီနေ့အထိ ပြုလုပ်နေတယ်လို့ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာန (MINCI) က ထုတ်ပြန်ပါတယ်။ အဲဒီဆန္ဒပြပွဲကို မြို့တော်ရှိအဓိကလမ်းမကြီးတွေနဲ့သမ္မတနန်းတော်အနီးမှာ "နီကိုးလပ်စ်ကို လွတ်မြောက်စေရမည်" (Free Nicolas) ဆိုတဲ့ကမ်ပိန်းနဲ့အတူ ပြည်သူထောင်ပေါင်းများစွာက စုဝေးဖော်ထုတ်ခဲ့ကြတာလို့ သိရပါတယ်။ အမေရိကန်အထူးတပ်ဖွဲ့တွေရဲ့ လျှို့ဝှက်စစ်ဆင်ရေးကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကသမ္မတဟောင်း မာဒူရိုနဲ့ ဇနီးဖြစ်သူဆီလီယာ ဖလောရက်စ် (Cilia Flores) တို့ဟာ ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးမှာ မူးယစ်ဆေးဝါးမှောင်ခိုမှု(Narco-terrorism)၊ ငွေကြေးခဝါချမှုနဲ့ လက်နက်မှောင်ခိုမှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ အဲဒီဆန္ဒပြပွဲမှာ မာဒူရိုရဲ့ "ချာဗစ္စတာ" (Chavista) လှုပ်ရှားမှုအဖွဲ့ဝင်တွေ၊အစိုးရဝန်ထမ်းတွေနဲ့ ထောက်ခံသူတွေက အနီရောင်ဝတ်စုံတွေ ဝတ်ဆင်ကာ မာဒူရိုရဲ့ ပုံတူကားချပ်တွေကို ကိုင်ဆောင်ပြီး "ဗင်နီဇွဲလားက နီကိုးလပ်စ်ကို လိုအပ်တယ်" လို့ ကြွေးကြော်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက စွပ်စွဲပြောဆိုထားပါတယ်။ မာဒူရိုကို ဖမ်းဆီးထားတာကြောင့် လက်တင်အမေရိကအတွင်းရှိ မဟာမိတ်နိုင်ငံတွေကြား တင်းမာမှုတွေမြင့်တက်နေပြီး အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း တကျော့ပြန် အားကောင်းလာနေတယ်လို့ သိရပါတယ်။
Read moreမြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာ၊ လုပ်ခလစာမတိုးတာနဲ့အထူးသဖြင့် လူငယ်တွေကို ပစ်မှတ်ထားတဲ့အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှုတွေကြောင့် လူငယ်တွေ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။ အဲဒါဟာမြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချရေး အလားအလာတွေကို စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂ (UNDP) အစည်းအဝေးမှာထောက်ပြခဲ့တာပါ။ အဲဲဒါကြောင့် လက်ရှိမြန်မာလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်ရောက်နေပြီး လူလတ်တန်းစားတွေလည်းပျောက်ကွယ်လုနီးပါး ဖြစ်နေသလို မြို့ပြဆင်းရဲမှုဟာလည်း သိသိသာသာ မြင့်တက်လာတယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသလို ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ တရားစီရင်ရေးစနစ်ကိုလည်း ဖြိုချဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။ အဲဒီအပြင်တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှုတွေက ပြည်သူတွေအကြား စိုးရိမ်ကြောက်ရွံ့မှုတွေကို ပိုမိုကျယ်ပြန့်စေခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်အာဏာသိမ်းငါးနှစ်တာအတွင်းမှာ သူတို့ရဲ့အနာဂတ်နဲ့ နှစ်ပေါင်းများစွာကို အကျိုးမဲ့ ဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
Read moreအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြဋ္ဌာန်းလိုက်တဲ့ "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ" ဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမှာဖြစ်ပြီး အချုပ်အခြာအာဏာကို စစ်အုပ်စုထံ အပြီးတိုင်အပ်နှင်းလိုက်တဲ့ အစီအမံသာဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ကဖေဖော်ဝါရီလ၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီဥပဒေကို စစ်ခေါင်းဆောင်က ဥပဒေပြုလွှတ်တော်မစတင်မီဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကိုယ်တိုင်လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒါဟာတိုင်းရင်းသားအားလုံးရဲ့ အချုပ်အခြာအာဏာကို စစ်အုပ်ချုပ်ရေးအောက်ရောက်သွားစေကာ ဖက်ဒရယ်ဒီမိုကရေစီ ရှင်သန်မှုကို ဟန့်တားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ခေါင်းဆောင် ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရ အတိုင်ပင်ခံကောင်စီဟာနိုင်ငံတော်ရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အကြံပေးတာနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှေ့နေများကောင်စီကတော့ အဲဒီလို "ညှိနှိုင်းဆောင်ရွက်ခြင်း" ဆိုတဲ့ စကားရပ်ဟာနိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ အတိုင်းအဆမရှိ ဝင်ရောက်စွက်ဖက်တာဖြစ်သလို စစ်အုပ်စုအာဏာရှင်စနစ်ကြီးစိုးရေးအတွက်သာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ အဲဒီအပြင် အနာဂတ်ရွေးကောက်ပွဲတွေကနေ ပေါ်ပေါက်လာမယ့် လွှတ်တော်၊ အစိုးရနဲ့ တရားစီရင်ရေး အဖွဲ့အစည်းအားလုံးအပေါ် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီက ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးချုပ်ကိုင်ခွင့် ရယူလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေအရ လာမယ့်အစိုးရသစ်မှာ တက်လာမယ့် သမ္မတဟာအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌကို တာဝန်ပေးခန့်အပ်ရမှာဖြစ်ပြီး အဲဒီဥက္ကဋ္ဌကနိုင်ငံတော်ရဲ့ အရေးကြီးကိစ္စတွေကို စီမံခန့်ခွဲရာမှာ အဓိကပါဝင်ပတ်သက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်ရာထူးကို မစွန့်လွှတ်ဘဲ နိုင်ငံတော်အာဏာကို ဘက်ပေါင်းစုံကနေ ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။
Read moreမကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ မြောက်ဆည်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်၊ညနေ ၅ နာရီ ၄၆ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီ မြောက်ဆည်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့သလို စက်လက်နက်တွေနဲ့လည်းနှစ်ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးဒဏ်ရာရသွားခဲ့သလို တောင်သူတွေမွေးမြူထားတဲ့ ဆိတ်နဲ့ နွားတွေလည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ မြိုင်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းထိုးနိုင်တာမရှိတာမို့ မြောက်ပိုင်း၊အနောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကိုအဓိကအားထား လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ အဲဒီမြိုင်မြို့နယ် တောင်ပိုင်းနဲ့အရှေ့ပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၃ ရက်နေ့ကတည်းကနေ ဒီနေ့ထိမြေပြင်စစ်ကြောင်းတွေထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရင်ကတိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟောင်းတွေကိုပါထပ်ပြီးပစ်မှတ်ထားနေတာကြောင့် မြိုင်မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကိုအထူးသတိထားကြဖို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ကအသိပေးထားပါတယ်။
Read moreဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင် ကုတုပါလောင်ဒုက္ခသည်စခန်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်၊မနေ့ကဖမ်းဆီးလိုက်ပါတယ်။ အဲဒီအသက်လေးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဒုက္ခသည်စခန်းအမှတ် ၁ မှာ ဝင်ရောက်စီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ့်သတင်းဌာနတွေမှာဖော်ပြပါတယ်။ သူ့ကို ဖမ်းဆီးစဉ်အတွင်း နိုင်ငံခြားဖြစ် ပစ္စတိုတစ်လက်နဲ့ကျည်ဆန်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ARSA ထိပ်သီးခေါင်းဆောင် အဘူအမ္မာဂျူနူနီရဲ့ အနီးကပ်လူယုံတော်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခဒေသတွင်းမှာအကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ အဓိကတာဝန်ရှိသူတဦး ဖြစ်ပါတယ်။ အဲဒီအကြမ်းဖက်သမားဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်အတွင်းက မူဆလင်ခေါင်းဆောင် မာစတာမူဟီဘူလာကို သတ်ဖြတ်မှု၊ကျောင်းဆရာနဲ့ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ မက်ဒရဆာကျောင်းအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူလို့ ဆိုပါတယ်။ အဲဒီ ARSA တပ်မှူးကို အုခီယာရဲစခန်းဆီ လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Read moreHey! Don't Copy my content.