စစ်ရေး

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

Border News Agency ​ဝက်လက်၊ ဖေဖော်ဝါရီ ၁၄။ ​ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျေးရွာပေါင်း ၁၆ ရွာကို လှည့်လည်ပြီး သပိတ်တိုက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ​ဒီလှုပ်ရှားမှုမှာ သပိတ်စစ်ကြောင်းတွေ၊ အထိုင်သပိတ်တွေအပြင်ခက်ခဲတဲ့ကာလအတွင်း ပြည်သူတွေစိတ်အမောပြေစေဖို့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ပါ သွားရောက်အားပေးခဲ့ကြတာပါ။ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကတော့ အာဏာရှင်စနစ်ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပြီး ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။

Read more

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

Border News Agency ပဲခူး၊ ဖေဖော်ဝါရီ ၁၄။ ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီပုတီးကုန်းမြိုနယ်၊ ဘူးပြောကျေးရွာရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၉ ရက်၊ မနက် ၆ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ဘူးပြောကျေးရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး‌သေဆုံးသွားတဲ့အပြင် ဂိတ်စခန်းရှိဆိုင်ကယ်နှစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်တွေကို ပြည်သူ့ကာကွယ်ရေတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုနဲ့ ပြည်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၄၊ ဗျူဟာ ၂၁ တိုက်ခိုက်ရေးအဖွဲ့၊ ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ရင်းရုံးတိုက်ခိုက်ရေးအဖွဲ့၊ တပ်ခွဲ ၁ တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Read more

​ရေစကြိုမှာ စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၄ ဦးဒဏ်ရာရ

Border News Agency ​မကွေး၊ ဖေဖော်ဝါရီ ၁၄။ ​မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီက ထုတ်ပြန်ပါတယ်။ အဲဒီရေလယ်ကျွန်းဒေသ၊ ငတရော်ရွာနဲ့ဝါဘိုးရွာကို ​ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက်ပိုင်းက စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ တောင်ယာလုပ်နေတဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ​အဲဒီနောက် နေ့လည်ပိုင်းမှာလည်း စက်တပ်လေထီး (Paramotor) နဲ့တိုက်ခိုက်ခဲ့တာကြောင့် ငတရော်ရွာကဘုန်းကြီးကျောင်းတကျောင်းနဲ့ မိုးဖြူရွာကနေအိမ်တလုံးပျက်စီးခဲ့ပြီး နောက်ထပ်အရပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။ ​အဲဒီအပြင် အင်အား ၁၅၀ ခန့်ပါတဲ့ တပ်မ ၉၉ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲကိုရောက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်အပြင် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုပါ အထူးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

Read more

ဆားလင်းကြီးအစပ်လေကြောင်းတိုက်ခိုက်ခံရလို့ တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာရှိတဲ့ တော်လှန်ရေးတပ်စခန်းတခုကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ကို ဖေဖော်ဝါရီလ၁၂ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်က မုံရွာ နမခ တပ်အတွင်းကနေ ပျံတက်လာတဲ့ Gyrocopter ၃ စီးနဲ့ စခန်းကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။  အဲဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး နေရာတင် ကျဆုံးခဲ့ရသလို အခြားထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ​Monywa Revolution အဖွဲ့ကတော့ စစ်ကော်မရှင်တပ်ရဲ့ အခုလို အစုလိုက်အပြုံလိုက် သေကျေအောင် တိုက်ခိုက်မှုဟာ ယုတ်မာရက်စက်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုံ့ချထားပါတယ်။ အဲဒီကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် Monywa Revolutionက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး ကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း လေကြောင်းရန်ကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

Read more

တလအတွင်းလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၂၀ ကျော်သေဆုံး

အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီ​လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Read more

စစ်တပ်သုံးခရီးသည်တင်လေယာဉ်အရေး NAC တာဝန်ပျက်ကွက်ကြောင်း ဒိန်းမတ်အတည်ပြု

​Air KBZ နဲ့ KT Group ဆီကို လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ်တွေကို အာဏာသိမ်းစစ်တပ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာနဲ့ပတ်သက်ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ NAC ကုမ္ပဏီဟာ လူ့အခွင့်အရေးစံနှုန်းတွေ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒိန်းမတ်နိုင်ငံက အတည်ပြုလိုက်ပါတယ်။ ​ဒိန်းမတ်နိုင်ငံအဆင့် တိုင်ကြားရေးဌာန (NCP Denmark) ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ လေယာဉ်အငှားကုမ္ပဏီ Nordic Aviation Capital (NAC) ဟာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ OECD လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာပါ။ အထူးသဖြင့် NAC အနေနဲ့ Air KBZ လိုမျိုး သူတို့ရဲ့ စီးပွားဖက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ထည့်မတွက်ဘဲ ဆိုးကျိုးတွေကို တားဆီးဖို့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ​မြန်မာစစ်တပ်ဟာ Air KBZ နဲ့ KT Group ဆီကနေ လွှဲပြောင်းယူခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ် ၄ စီးကို လေတပ်ရဲ့ လေယာဉ်အမှတ်စဉ်တွေဖြစ်တဲ့ ၀၀၀၃၊ ၀၀၀၄၊ ၀၀၀၅ နဲ့ ၀MD၁၁ ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့တာပါ။ အဲဒီ လေယာဉ်တွေကို တပ်ဖွဲ့ဝင်တွေ ပို့ဆောင်တာ၊ လက်နက်ခဲယမ်း သယ်ယူတာ၊ ကင်းထောက်တာနဲ့ စစ်ခေါင်းဆောင်တွေအပါအဝင် အထူးပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေမှာ အမှန်တကယ် အသုံးပြုနေတာဖြစ်တယ်လို့ အတည်ပြုချက်တွေ အရ သိရပါတယ်။ ​Justice For Myanmar (JFM) ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး NAC နဲ့ သူ့ရဲ့မိခင်ကုမ္ပဏီတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ တာဝန်မဲ့တဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

Read more

​နောင်ချိုမှာ ကြံခုတ်ရင်းကြိုးမိုင်းနင်းမိလို့ ကလေးတဦးအပါအဝင် အမျိုးသမီး ၄ ဦး ဒဏ်ရာရ

Border News Agency  နောင်ချို၊​ ဖေဖော်ဝါရီ ၁၃။ ​ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကြံခုတ်နေတဲ့ ဒေသခံအမျိုးသမီးတွေ ကြိုးမိုင်းနင်းမိပြီး ကလေးငယ်တဦးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။  အဲဒီနောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနီးက ကြံခင်းတခုမှာ ​ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီအချိန်ခန့်က ကြံခုတ်နေစဉ် မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုပေါက်ကွဲလို့ အသက် ၈ နှစ်အရွယ် မယွန်းဝတီအပါအဝင်အသက် ၂၇ နှစ်ကနေ ၄၃ နှစ်ကြားရှိတဲ့ အမျိုးသမီး ၄ ဦး မိုင်းစထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ​ဒဏ်ရာရသူတွေထဲကတဦးဟာ ညာဘက်ခြေသလုံး အရိုးထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတက်ကုသနေရပြီး ကျန်တဲ့သူတွေကတော့ အပြင်ပိုင်းဒဏ်ရာတွေရသွားတာလို့ ဆိုပါတယ်။ ​အဲဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ သွားလာလှုပ်ရှားခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Read more

AA ထိန်းချုပ်နယ်​မြေကိုလေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံး

Border News Agency  ကျောက်တော်၊​ ဖေဖော်ဝါရီ ၁၃ ။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့မြောက်ဦးမြို့တွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃ လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားပါတယ်။ အဲဒီကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်နဲ့ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်က ဝေသာလီဟိုတယ်အနီးကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၉ နာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်လေကြောင်းမှ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ ​အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောက်တော်မြို့မှာ ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သလို၊ မြောက်ဦးမြို့မှာလည်း ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှအသက် ၂၃ နှစ်အရွယ် ဦးဆန်းဝင်းနဲ့ အသက် ၃၁ နှစ်အရွယ် ကိုညီချေတို့လည်းသေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် ပိုက်သည်ရပ်ကွက်ကို စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်မစောလှ၊ အသက် ၅၃ နှစ်အရွယ်ဒေါ်အေးနုတို့ သေဆုံးသွားခဲ့ပါတယ်။ ​မြောက်ဦးမြို့မှာလည်း စစ်တွေ၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာကြတဲ့ မိသားစုဝင်တွေဖြစ်တဲ့ ကိုအောင်လင်းစိုး၊ ဒေါ်သန္ဒာစိုးနဲ့ သူတို့ရဲ့ ၃ လသားအရွယ်သားမောင်အောင်လင်းဟိန်းတို့ သေဆုံးသွားခဲ့ရတာပါ။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်လိုက်နေတာကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။

Read more
Page 96 of 211 1 95 96 97 211

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here