Border News Agency ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈။ ဘန်ကောက်မြို့၊ ပဏ္ဍဝေဌ်ခရိုင်ရှိ စက္ကူအဟောင်းဝယ်စင်တာစက်ရုံတခုမှာ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရာမရေဒီယိုသတင်းစင်တာ (Rama Radio Center) က ထုတ်ပြန်ပါတယ်။ ချလမ်ဖရာကယက်ရာမ ၉ လမ်းသွယ်ရှိ စက်ရုံမီးလောင်မှုကို ည ၈ နာရီ ၄၆ မိနစ်မှာ သတင်းရရှိတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ ချက်ချင်းသွားရောက် ငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မီးလောင်နေတဲ့ အဆောက်အအုံအတွင်းမှာ အမျိုးသားတဦးပိတ်မိနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ည ၉ နာရီကျော်မှာ စတင်ဝင်ရောက်ရှာဖွေခဲ့တာပါ။ မီးသတ်သမားတွေရဲ့ ကြိုးပမ်းမှုကြောင့် ပိတ်မိနေသူကိုဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သလို ည ၉ နာရီ ၂၄ မိနစ်မှာတော့ မီးကိုလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အဲဒီမီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မြန်ဆန်တဲ့တုံ့ပြန်မှုကြောင့် လူအသေအပျောက်မရှိဘဲ အချိန်မီကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၈။ ထိုင်း - မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင်လဝက ကထုတ်ပြန်ပါတယ်။ အဲဒီတာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး မနက် ၁၀ နာရီကျော်မှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီစစ်ဆေးမှုကို မဲဆောက်မြို့နယ်၊ သာဆိုင်းလော့ဒ် (Tha Sai Luat) ကျေးရွာအုပ်စုအတွင်းရှိ လိပ်စာအတိအကျမရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာလုပ်သား ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်းကိုခွင့်ပြုချက်မရှိဘဲ ခိုးဝင်လာသူတွေဖြစ်သလို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်နေသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ ၆ ဦးကို ခိုးဝင်မှု၊ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ကိုင်မှုတွေနဲ့ ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင်ဝင်ရောက်မှုနဲ့ အလုပ်လုပ်ကိုင်မှုတွေကို ထိုင်းအာဏာပိုင်တွေက အထူးကြပ်မတ် စစ်ဆေးနေတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အထူးသတိထားနေကြရတယ်လို့ သိရပါတယ်။
Read moreBorder News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၈။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သစ် မစ္စတာတာရက်ခ်ရာမန်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာ အမျိုးသားအာဇာနည်ဗိမာန်ကို သွားရောက်ခဲ့ပါတယ်။ ဒါကာမြို့၊ ဆာဗာရှိ အာဇာနည်ဗိမာန်မှာ တိုင်းပြည်အတွက်အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ပန်းခွေချပြီး အလေးအမြတ်ပြု ဂါရဝပြုခဲ့ကြတာပါ။ နိုင်ငံ့တာဝန်တွေကို စတင်ထမ်းဆောင်ချိန်မှာ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလိုပထမဆုံးလာရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဝန်ကြီးချုပ်သစ်နဲ့အတူ ဝန်ကြီးအဖွဲ့ဝင်တွေ၊ ပါတီတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် သန္နိဋ္ဌာန်ပြုခဲ့ကြတယ်လို့သိရပါတယ်။
Read moreBorder News Agency ခလယ်လွီထူ၊ ဖေဖော်ဝါရီ ၁၈။ ကေအဲန်ယူ ခလယ်လွီထူခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် တဦးဒဏ်ရာရကာ နေအိမ်နဲ့စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။ ဆောထိမြို့နယ်အတွင်းကို ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၃ လုံးနဲ့ ပျဥ်ရင်ကျေးရွာက စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။ မူးမြို့နယ်အတွင်းမှာလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကော်မရှင်တပ်က လက်နက်ကြီးအလုံး ၂၀ ခန့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် ရွာသားတဦးဒဏ်ရာ ရသွားခဲ့ပါတယ်။ လယ်ဒိုမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒရုန်းနဲ့လက်နက်ကြီးတွေသုံးပြီး ရေတွင်းကုန်းကျေးရွာကို ပစ်ခတ်ခဲ့လို့ နေအိမ်နဲ့ဂိုဒေါင်တွေ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် တောင်ခင်ကျေးရွာနဲ့ ကြိတ်ကွေးကျေးရွာတွေကိုလည်း စက်တပ်လေထီးတွေနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၃ လုံး ထပ်မံပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၈။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ပျက်စီးနေတဲ့အဝေးပြေးလမ်းမကြီးတွေနဲ့ တံတားတချို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ပြန်လည်ပြုပြင်မွမ်းမံနေပါတယ်။ အဲဒီမောင်တော - ကြိမ်ချောင်း ကားလမ်းပေါ်က ဖားဝပ်ချောင်းရွာနဲ့ အောင်မင်္ဂလာရွာကြားက လမ်းပိုင်းတွေကို ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ကတ္တရာလောင်းအဆင့်မြှင့်တင်နေတာပါ။ အဲဒီလမ်းမကြီးပြုပြင်မှုဟာ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ အဓိကလမ်းမကြီးဖြစ်တာကြောင့် ဒေသခံတွေ သွားလာရေးအဆင်ပြေအောင် အချိန်မီပြီးစီးရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ဘော်တူလာရွာအထိ ဆက်သွယ်ထားတဲ့ ၄၁ မိုင်ရှည် လမ်းမကြီးပေါ်က ပျက်စီးနေတဲ့ တံတားငယ် ၁၀ ခုထက်မနည်းကိုလည်း ပြုပြင်နေပါတယ်။ အထူးသဖြင့် အောင်ချမ်းသာရွာအနီးက ဟောင်းနွမ်းနေတဲ့သစ်သားတံတားကို အခိုင်အမာဖြစ်စေဖို့ သံပြားတွေအစားထိုးပြီး အဆင့်မြှင့်တင်တည်ဆောက်နေပါတယ်။ အာရက္ခအစိုးရအနေနဲ့ မောင်တောမြောက်ပိုင်းတင်မကဘဲ ဘူးသီးတောင် - မောင်တော ကားလမ်းမကြီးကိုလည်း ဆက်လက်မွမ်းမံဖို့ပြင်ဆင်နေပြီး ဒေသတွင်းမြို့ရွာတွေစနစ်တကျ ပြန်လည်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Read moreကမ္ဘောဒီးယားနိုင်ငံရဲ့ နယ်စပ်ရှေ့တန်းစစ်မျက်နှာပြင်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပိုမိုခိုင်မာလာစေဖို့အတွက် ကမ္ဘောဒီးယားတော်ဝင်တပ်မတော် (RCAF) က ခံစစ်ဘန်ကာတွေကို အရှိန်အဟုန်နဲ့ အဆင့်မြှင့်တင် တည်ဆောက်နေတယ်လို့ သိရပါတယ်။ အဲဒီလိုတည်ဆောက်ရာမှာ ဖနွမ်းပင်မြို့က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကလည်း နိုင်ငံတော်လုံခြုံရေးအတွက် ရှေ့တန်းစစ်သည်တွေကို အားပေးကူညီတဲ့အနေနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြပါတယ်။ အဲဒီ ပုဂ္ဂလိကကဏ္ဍကနေ ဘန်ကာတည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် မော်တော်ကားတာယာ ၁,၃၀၀ ကျော်နဲ့ ဆာလာအိတ်ခွံ ၂၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ တည်ဆောက်ရေးပစ္စည်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နယ်စပ်ကို သယ်ယူခဲ့တာဖြစ်ကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ စစ်သည်တွေဟာ ကွန်ကရစ်တိုင်တွေကို ကိုယ်တိုင်ထမ်းပိုးပြီး တောင်ကုန်းပေါ်က ခံစစ်စခန်းတွေကို အင်တိုက်အားတိုက် တည်ဆောက်နေကြပါတယ်။ အဲဒီလို ခံစစ်စခန်းတွေ အဆင့်မြှင့်တင်တာဟာ ရှေ့တန်းရောက်စစ်သည်တွေရဲ့ ဘေးကင်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် နယ်စပ်တလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်မယ်လို့ ကမ္ဘောဒီးယားစစ်ဘက် သတင်းရင်းမြစ်တွေအရ သိရပါတယ်။
Read moreကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ သံလွင်မြစ်ကူးတံတား (ဖားဆောင်းတံတား) ဟာ ဖေဖော်ဝါရီလ၁၇ ရက်၊မနက်အစောပိုင်းမှာ ကျိုးကျပျက်စီးသွားခဲ့ပါတယ်။ အဲဒီတံတားဟာ မိုင်းခွဲခံရမှုကြောင့် ကျိုးကျသွားတာဖြစ်ပြီး လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားပြီလို့ သိရပါတယ်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ဘက်ကတော့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးဒဏ်တွေကြောင့် အရည်အသွေးမမီတဲ့ ဒီတံတားဟာ ကျိုးကျသွားတာလို့ မီဒီယာတွေကိုဖြေထားတာတွေ့ရပါတယ်။ တဖက်မှာလည်း စစ်ကော်မရှင်ဘက်ကတော့ ဒီတံတားပျက်စီးမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဖြစ်တယ်လို့ တန်ပြန်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အခုလို တံတားကျိုးကျခဲ့တာပါ။ အဲဒီတံတားပျက်စီးသွားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားလာရေး၊ ကုန်စည်စီးဆင်းမှုမှာ အကြီးအကျယ် ခက်ခဲမှာကို အထူးစိုးရိမ်နေကြပါတယ်။
Read moreထိုင်းနိုင်ငံ၊ အုထိုင်းထာနီခရိုင်မှာ အညစ်အကြေးစုပ်ကားအတွင်း ရောနှောဖုံးကွယ်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၈ သန်းကျော်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။ ဒီဖမ်းဆီးမှုကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာန (NSB) နဲ့ ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလုပ်ဆောင်ခဲ့တာဖြစ်ကာ မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသေးစိတ်ပြသခဲ့တာပါ။ မြောက်ပိုင်းနယ်စပ်ကနေ တောင်ပိုင်းကို အညစ်အကြေးစုပ်ကားနဲ့ မူးယစ်ဆေးသယ်လာမယ်ဆိုတဲ့ သတင်းအရ အလိုအလျောက်လိုင်စင်ဖတ်စနစ် (LPR) နဲ့ စောင့်ကြည့်ကာ ဘန်ရိုင်းမြို့နယ်မှာ တားဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီစစ်ဆေးမှုတွေအရ ကားနောက်ခန်းက အညစ်အကြေးစုပ်ကန်အတွင်း အနံ့အသက်ဆိုးတွေကြား ဝှက်ယူလာတဲ့ စိတ်ကြွဆေးပြား ၈၄ အိတ် (စုစုပေါင်း ၈.၄ သန်းနီးပါး) ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးရမိသူမှာ အသက် ၃၉ နှစ်အရွယ် နိုင်ဝုသီချိုင်း ဖြစ်ပြီး သူဟာ ဆေးပြားတွေကို ချင်းရိုင်ကနေ ထိုင်းတောင်ပိုင်းကို ပို့ဆောင်ပေးဖို့အတွက် သယ်ဆောင်ခ ဘတ် ၅ သိန်းနဲ့ လက်ခံခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ အာဏာပိုင်တွေက တရားခံကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အမှုဖွင့်ထားပြီး ကျန်ရှိနေတဲ့ ကွင်းဆက်တရားခံတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။
Read moreထိုင်းနိုင်ငံ၊ ဆောင်ခလာခရိုင်က စာသင်ကျောင်းအတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ကျောင်းအုပ်ဆရာမကြီး နန်းစစီဖတ် (Mrs. Sasipat) ရဲ့တော်ဝင်မီးသင်္ဂြိုဟ်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်၊နေ့လည်ကခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူနိုင်အနုထင် ချန်ဝီရကူလ် ဦးဆောင်တဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး ဆောင်ခလာခရိုင်၊ဘန်ဂလန်မြို့နယ်ရှိ ဝပ်ယူးထောင်ဘုရားကျောင်းမှာ အခမ်းအနားကို ဦးဆောင်ကျင်းပပေးခဲ့တာပါ။ အခမ်းအနားအတွင်းမှာ ဝန်ကြီးချုပ်က သေဆုံးသူကျောင်းအုပ်ဆရာမကြီးရဲ့ မိခင်ဖြစ်သူကို သွားရောက်အားပေးခဲ့ပြီး မိခင်ကြီးရဲ့ ယပေါင်ပေါ် ဦးခေါင်းချကာ အစိုးရကိုယ်စား အကာအကွယ်မပေးနိုင်ခဲ့မှုအတွက် "တောင်းပန်ပါတယ်" လို့ ဆိုကာ ထူးထူးခြားခြား ဂါရဝပြုခဲ့ပါတယ်။ အဲဒီအပြင် ကျန်ရစ်သူသားသမီးနှစ်ဦးအတွက်လည်း ပညာသင်ကြားမှု ပြီးဆုံးတာနဲ့ အစိုးရဝန်ထမ်း အရာရှိတွေအဖြစ် တိုက်ရိုက်ခန့်အပ်ဖို့ ပညာရေးဝန်ကြီးဌာနကို ချက်ချင်းညွှန်ကြားခဲ့သလို ပညာသင်စရိတ် အားလုံးကိုလည်းအစိုးရက တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီဝန်ကြီးချုပ်ရုံးနဲ့ တရားရေးဝန်ကြီးဌာန ရန်ပုံငွေတွေထဲကနေ စုစုပေါင်း ထိုင်းဘတ် ၁.၂ သန်းကိုလည်း ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းအုပ်ဆရာမကြီး နန်းစစီဖတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစာသင်ကျောင်းအတွင်း စိတ်မနှံ့သူတဦးရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံမှာကုသမှုခံယူနေစဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Read moreအာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ အနောက်ဘက်နယ်စပ် မောင်တောဒေသမှာ ဒီနှစ်နွေစပါးစိုက်ပျိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုမိုဖြစ်ထွန်း အောင်မြင်နေတယ်လို့ သိရပါတယ်။ အာရက္ခဒေသရဲ့ အနာဂတ် စားနပ်ရိက္ခာဖူလုံရေးအတွက် မောင်တောဒေသအတွင်းမှာရှိတဲ့ ဆည်တွေနဲ့ ရေချိုတောင်ကျချောင်းတွေရှိရာ နေရာတွေကို အဓိကထားပြီး ဒီ ၂၀၂၆ ခုနှစ်အတွင်းမှာ အားတက်သရော စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။ အခုလို နွေစပါးတွေအောင်မြင်ဖြစ်ထွန်းနေတာကြောင့် လာမယ့်ရာသီမှာဒေသတွင်း ဆန်စပါးလိုအပ်ချက်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက်လည်းရိက္ခာအခက်အခဲကို ပြေလည်စေမှာပါ။ အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဒေသခံတောင်သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်လာနိုင်သလို စိုက်ပျိုးရေရရှိဖို့ကိုလည်း တာဝန်ရှိသူတွေဘက်က ပံ့ပိုးပေးနေတာကြောင့် ပိုမိုဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်ဦးမော့လာအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လမ်းညွှန်မှုနဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။
Read moreHey! Don't Copy my content.