ဓာတ်ပုံသတင်း

​အင်းတော်ကြီးဒေသရှိ ဟဲပါးစခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်

​Border News Agency မိုးညှင်း၊ ဖေဖော်ဝါရီ ၄။ ​ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာရှိတဲ့ ဟဲပါးကျေးရွာစစ်တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၃ ရက်နေ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ​အဲဒီအင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့လပိုင်းကတည်းက စစ်ကော်မရှင်တပ်နဲ့ ရှမ်းနီ (SNA) တပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အခုအခါမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်ဆင်ကာ ဟဲပါးစခန်းကိုသိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်ရဲ့ လုံးတုံးစခန်းနဲ့ နမ့်မွန်းတောင်ပေါ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေသလို စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းကနေ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ​အဲဒီလို တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်ကြီးဒေသရှိ ကျေးရွာအများအပြားကဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲကို တိမ်းရှောင်နေကြရပြီး ဖုန်းနဲ့ အင်တာနက်လိုင်းအချို့လည်း ပြတ်တောက်နေတာကြောင့် ဆက်သွယ်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ​အဲဒီအပြင် တိုက်ပွဲဖြစ်ပွားရာ ဝိုင်းမော် - ဗန်းမော် လမ်းပိုင်းအပါအဝင်အဓိက လမ်းမကြီးအချို့မှာလည်း လမ်းပန်းဆက် သွယ်ရေးခက်ခဲနေပြီး ကုန်စည်စီးဆင်းမှုတွေရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီကချင်ပြည်နယ်အတွင်းက ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဘက်က အရပ်သားတွေနေတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေလည်း သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။

Read more

စစ်တွေခရိုင်မှာပျက်စီးနေတဲ့လမ်းပိုင်းတွေကိုအာရက္ခအစိုးရပြုပြင်နေ

​အာရက္ခပြည်၊ စစ်တွေခရိုင်အတွင်း တိုက်ပွဲကာလနဲ့မိုးတွင်းမှာ ယိုယွင်းပျက်စီးခဲ့တဲ့ မြို့ချင်းဆက်၊ရွာချင်းဆက်လမ်းပိုင်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုပြင်မွမ်းမံပေးနေပါတယ်။ အဲဒီစစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အဝေးပြေးလမ်းမကြီးတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ​အဲဒီပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းမကြီး၊ရသေ့တောင် - ဘူးသီးတောင် လမ်းမကြီးတွေအပြင် ရွာချင်းဆက်လမ်းတွေ ပြုပြင်နေမှုဟာရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။ အဲဒါကြောင့် လမ်းတွေပြန်ကောင်းလာတာအပြင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုတွေပါ ရှိလာတာကြောင့် အရင်ကမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ယာဉ်တိုက်မှုတွေဟာလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ​ဒါပေမယ့် စက်ယန္တရား မလုံလောက်မှုနဲ့ ကုန်ကျစရိတ်ကြီးမားတာတွေကြောင့် လမ်းပိုင်းတချို့မှာတော့လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ​အဲဒီလိုလမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာတာဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ လူမှုစီးပွားဘဝတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ကျန်ရှိနေတဲ့ လမ်းပိုင်းတွေကိုလည်း အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

Read more

လန်းပန်းကရာစုနှစ်ချီ မြန်မာကျောင်းကြီးမီးလောင်

Border News Agencyထိုင်း၊ ဖေဖော်ဝါရီ ၃။ ​ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်းပန်းမြို့က နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ Wat Mon Pu Yak (ခေါ်) Wat Santhan မြန်မာ့ဗိသုကာလက်ရာ ဘုန်းကြီးကျောင်းဆောင်ကြီးဟာ ဖေဖော်ဝါရီ ၁...

Read more

​မဲဆောက်မှာ တားမြစ်အလုပ်တွေလုပ်ကိုင်တဲ့ မြန်မာခြောက်ဦးဖမ်းဆီးခံရ

Border News Agencyမဲဆောက်၊ ဖေဖော်ဝါရီ ၃။ ​ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့မှာ ဖေဖော်ဝါရီလ၂ ရက်၊ မနက်ပိုင်းက တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားခြောက်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ​အဲဒီဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာနိုင်ငံခြားသား အလုပ်သမားတွေလုပ်ကိုင်ခွင့်မရှိတဲ့ တားမြစ်အလုပ်တွေဖြစ်တဲ့...

Read more

ကရင်နီ KNDF တပ်ရင်း ၁၅ နဲ့ ပြည်သူယလူထု တွေ့ဆုံပွဲ ကျင်းပ

Border News Agencyဖယ်ခုံ၊ဖေဖော်ဝါရီ ၃။ ​ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၅ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၃၀ ရက်နေ့က ကရင်နီပြည် မြေပြင်တနေရာမှာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီ​အခမ်းအနားမှာ ကရင်နီအမျိုးသားအလံနဲ့ KNDF အလံကို...

Read more

​မြိုင်မှာ PDF စခန်းကိုစီးနင်းတဲ့ စစ်ကော်မရှင်တပ်မိုင်းကွဲပြီးငါးဦးသေဆုံး

Border News Agencyမကွေး၊ ဖေဖော်ဝါရီ ၃။ ​မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက PDF စခန်းတခုကို ဝင်စီးတဲ့စစ်ကော်မရှင်စစ်ကြောင်းမိုင်းပေါက်ကွဲပြီးငါးဦးသေဆုံးသွားတယ်လို့ 8 + အညာမြေ စစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ တွင်းမရွာအနီးမှာရှိတဲ့ အဲဒီစခန်းကို...

Read more

ABSDF တပ်ရင်းရဲ့အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေပြုလုပ်

Border News Agencyမန္တလေး၊ ဖေဖော်ဝါရီ ၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးရဲ့ စစ်ကြောင်းတွေနဲ့တပ်ရင်းတွေမှာ WPS (Women, Peace and Security) ဆိုင်ရာဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီဆွေးနွေးပွဲတွေကို အမှတ် ၁၊ ၂၊ ၃...

Read more

ဖားကန့်စာသင်ကျောင်းကို လက်နက်ကြီးကျလို့ ကလေးတဦးဒဏ်ရာရ

Border News Agencyဖားကန့်၊ ဖေဖော်ဝါရီ ၂။ ကချင်ပြည်၊ ဖားကန့်မြို့ရှိ စာသင်ကျောင်းကို ဖေဖော်ဝါရီလ ၂ ရက်၊ ဒီနေ့မနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးတဦးဒဏ်ရာရသွားပါတယ်။ အဲဒီစာသင်ကျောင်း KG တန်းကို လက်နက်ကိုကျရောက်ပေါက်ကွဲခဲ့တာမို့ ကလေးငယ်ထိခိုက်ဒဏ်ရာရသွားတာပါ။ အဲဒီဖားကန့်မြို့နယ်ရှိ...

Read more

လန်ဒန်ပါလီမန်ရှေ့မှာကျင်းပခဲ့တဲ့ နွေဦးတော်လှန်ရေးငါးနှစ်ပြည့် လူထုဆန္ဒပြပွဲ

Border News Agencyလန်ဒန်၊ ဖေဖော်ဝါရီ ၂။ လန်ဒန်မြို့ပါလီမန်ရှေ့မှာ ဖေဖော်ဝါရီ ၁ရက်၊ မနေ့ကကျရောက်တဲ့ နွေဦးတော်လှန်ရေးငါးနှစ်ပြည့်ဆန္ဒပြပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို ယူကေမှာရှိနေတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ စုစုပေါင်း ၆၀၀ ခန့် လာရောက်ပူးပေါင်းခဲ့ကြတာပါ။ ​ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့...

Read more

အရာတော်မှာစစ်အာဏာသိမ်းငါးနှစ်ပြည့် အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

Border News Agencyစစ်ကိုင်း၊ ဖေဖော်ဝါရီ ၁။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ်ကပြည်သူ့အာဏာကို မတရားလုယူခဲ့တဲ့ငါးနှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်၊ ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ​အဲဒီလှုပ်ရှားမှုကို "အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီ" က...

Read more
Page 37 of 105 1 36 37 38 105

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here