Border News Agency
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ်ကပြည်သူ့အာဏာကို မတရားလုယူခဲ့တဲ့ငါးနှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်၊ ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို “အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီ” က ဦးဆောင်ခဲ့တာဖြစ်ပြီး တိုင်းပြည်အနာဂတ်အမှောင်ကျစေတဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
အညာမြေရဲ့ တော်လှန်ရေးစိတ်ဓာတ်အတိုင်း စစ်အာဏာသိမ်းငါးနှစ်ပြည့်တဲ့တိုင်အောင် အားမလျှော့ဘဲ “အရေးတော်ပုံအောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ လူထုသပိတ်စစ်ကြောင်း လှည့်လည်ခဲ့ကြပါတယ်။






















