နိုင်ငံတကာမိခင်ဘာသာစကားနေ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဖြစ်ပါတယ် ။ အဲဒီလိုနိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မိခင်ဘာသာစကားနေ့ရဲ့ဇစ် မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကစခဲ့တာပါ။ ပါကစ္စတန်ကိုအာခံတဲ့ ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှု(Bangali Language Movement)ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အ မျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေထဲက စခဲ့တာလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် နိုင်ငံတကာမိခင်ဘာသာ စကားနေ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံ ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ အဲဒီနေ့ကိုရောက်တိုင်း ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှုနဲ့အမျိုးသားလွတ် မြောက်ရေးမှာ အသက်ပေးသွားခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်း အဝိုင်းဟာ ဂါဝရပြုလွမ်းသူပန်းခွေ ချပြီး နိုင်ငံရေးပုံရိပ်ဖော်လေ့ရှိကြပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့၁၃ ကြိမ်မြောက်ဂျာတီယာဆန်ဆတ်(Jatiya Sangsad) လွတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရတသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာ ( Rumeen Farhana)ဟာ ပြီးခဲ့တဲ့သောကြာနေ့ ည ၁၂ နာရီမှာ အာ ဇာနည်အထိမ်းအမှတ်နေရာ ဗဟိုရှာဟီဒ်မိနာ(Central Shaheed Minar)ကို သွားပြီး ဂါဝရပြုခဲ့ပါတယ်။ ဂျာတီယာဆန်ဆတ်(Jatiya Sangsad) ဆိုတာ ဘင်္ဂလီဘာသာစကားနဲ့ အမျိုး သားလွှတ်တော်ပါလီမန်ကိုခေါ်တာပါ။ တသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာနဲ့ သူမကို ဝိုင်းရံထောက်ခံသူတွေဟာ အာဇာနည်အထိမ်းအမှတ်နေ ရာမှာတိုက်ခိုက်ခံခဲ့ရပါတယ်။ သူမတို့ဟာ အာဇာနည်အထိမ်းအမှတ်နေရာကို ရောက်တာနဲ့တပြိုင်နက် ဒေ သခံ BNP ပါတီဝင်တွေဟာ သူမကို ပစ်မှတ်ထားပြီး အော်ဟစ်ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူမကိုဝိုင်းရံသူတွေနဲ့ ဒေ သခံ BNP ပါတီဝင်တွေကြားမှာ စကားများခဲ့ကြပါတယ်။ သူမယူဆောင်လာတဲ့လွမ်းသူပန်းခွေကိုလည်း BNP ပါတီဝင်တဦးက ဆုတ်ဖြဲလွင့်ပစ်လိုက်ပါတယ်။ သူမရဲ့ ဂါဝရပြုမှုအစီအစဉ် ဘယ်လိုမှ ရှေ့ဆက်မရနိုင်တဲ့အခါ သူမနဲ့ သူမကို ထောက်ခံသူများဟာ အာဇာနည် အထိ မ်းအမှတ်နေရာက ပြန်လည်ထွက်ခွာခဲ့ရပါတော့တယ်။ "ဘာကြောင့် သူမအပေါ် BNP ဘက်က ပစ်မှတ်ထားရတာလဲ" ပြဿနာရဲ့ဇစ်မြစ်ကဘင်္ဂလားဒေ့ရှ်ရဲ့ ပါတီနိုင်ငံရေးဇာတ်ခုံနဲ့ သက်ဆိုင်နေပါတယ်။ အမှန်တော့ သူမဟာလည်း တချိန်တုန်းက ထိပ်ပိုင်း BNP ပါတီဝင်တဦးပါ။ သူမဟာ BNP ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာအလုပ်အမှုဆောင်ကော်မတီရဲ့ နိုင်ငံတကာရေးရာ လက်ထောက်အတွင်းရေး မှူးလုပ်ခဲ့သူပါ။ ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် သူမက ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ ဝင်ရောက်အရွေးချယ်ခံဖို့အ တွက် BNP ပါတီကို အမည်စာရင်းပေးခဲ့ပါတယ်။ BNP ဟာ ဂျမတ်အီအူလမာအီ အစ္စလာမ်ဘင်္ဂလားဒေ့ရှ် (Jamiat-e-Ulama-e-Islam Bangladesh)ပါတီနဲ့ မဟာမိတ် (Alliance Partner)ပြုထားပါတယ်။ သူမ ဝင်အရွေးခံမယ့် ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ BNP က ဂျမတ် အီအစ္စလမ်အီဘင်္ဂလားဒေ့ရှ်ပါတီ ဝင်ဂျူနာယဒ်အဲလ်ဟာဘဘ် ( Junayed Al Habib)ကို ဝင်ပြိုင်ဖို့ အဆိုပြုလိုက်ပါတယ်။ အဲဒီလို အဆိုပြုရတဲ့အတွက် သူမကို အမည်စာရင်းက ပယ်လိုက်ရပါတယ်။ ...
Read moreBorder News Agency မြေပုံ၊ ဖေဖော်ဝါရီ ၂၃။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြေပုံမြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်ပိုင်းက အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတဦး ရေခပ်သွားရင်းရေကန်ထဲ ချော်ကျပြီးသေဆုံးသွားခဲ့ပါတယ်။ မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သိန်းမြဦးဟာ ရပ်ကွက်ထဲက ကန်တော်ကြီးကို ရေခပ်ဖို့သွားရင်းနဲ့ အခုလို မတော်တဆဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီသေဆုံးသူရဲ့ ရုပ်အလောင်းကို DLEPS ဌာနက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေးဆောင်ရွက်နေပြီး ဒီနေ့ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ပေးသွားမှာ ဖြစ်ပါတယ်။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို ရေကန်၊ မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက် ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၂၂။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရသွားခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီ သေဆုံးသွားသူဟာ စစ်တွေဘက်ကနေ မြောက်ဦးမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ ဒေါ်အောင်မစိန်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့ မနက်ပိုင်းမှာပဲ ဆေးကုသနေရင်းဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့တာပါ။ သူမဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကော်မရှင်တပ် စစ်ဘေးရှောင်တွေခိုလှုံတဲ့နေရာကို ပေါင် ၅၀၀ ဗုံးနဲ့လေကြောင်းတိုက်ခိုက်ခံရစဉ် ကျောကုန်းနဲ့ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာလို့ ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတုန်းက ဒေါ်အောင်မစိန်ရဲ့ အသက် ၂ လသားအရွယ် မြေးဖြစ်သူ ကလေးငယ်လည်း သေဆုံးခဲ့ရသလို တခြားအရပ်သားပြည်သူ ၇ ဦးလည်း ဒဏ်ရာရသွားခဲ့ကြတာပါ။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို နေ့စဥ်နဲ့အမျှလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်တွေကို အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။
Read moreBorder News Agency နောင်ချို၊ ဖေဖော်ဝါရီ ၁၃။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကြံခုတ်နေတဲ့ ဒေသခံအမျိုးသမီးတွေ ကြိုးမိုင်းနင်းမိပြီး ကလေးငယ်တဦးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။ အဲဒီနောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနီးက ကြံခင်းတခုမှာ ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီအချိန်ခန့်က ကြံခုတ်နေစဉ် မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုပေါက်ကွဲလို့ အသက် ၈ နှစ်အရွယ် မယွန်းဝတီအပါအဝင်အသက် ၂၇ နှစ်ကနေ ၄၃ နှစ်ကြားရှိတဲ့ အမျိုးသမီး ၄ ဦး မိုင်းစထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒဏ်ရာရသူတွေထဲကတဦးဟာ ညာဘက်ခြေသလုံး အရိုးထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတက်ကုသနေရပြီး ကျန်တဲ့သူတွေကတော့ အပြင်ပိုင်းဒဏ်ရာတွေရသွားတာလို့ ဆိုပါတယ်။ အဲဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ သွားလာလှုပ်ရှားခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
Read moreBorder News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦးအနိုင်ရရှိပြီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ တရားမဝင်မဲရလဒ်တွေအရ သိရပါတယ်။ အမတ်နေရာအများစုကို အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့ သေချာနေတဲ့ Bangladesh Nationalist Party (BNP) က အမျိုးသမီးကိုယ်စားလှယ် ၆ ဦးဟာ ပါတီရဲ့ စပါးနှံတံဆိပ်နဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ အသီးသီး အနိုင်ရခဲ့ကြတာပါ။ အနိုင်ရရှိခဲ့တဲ့ BNP အမျိုးသမီးကိုယ်စားလှယ်တွေကတော့ Manikganj - 3 မဲဆန္ဒနယ်က Afroza Khan Rita၊ Jhalokati - 2 က Israt Sultana Elen Bhutto၊ Sylhet - 2 က Tahsina Rushdir Luna၊ Faridpur - 2 က Shama Obaid၊ Faridpur - 3 က Nayab Yusuf Kamal နဲ့ Natore - 1 က Farzana Sharmin Putul တို့ပဲ ဖြစ်ပါတယ်။ အဲဒီအပြင် BNP ပါတီကနေ အရင်ကထုတ်ပယ်ခံထားရတဲ့ Barrister Rumin Farhana ဟာလည်း Brahmanbaria - 2 မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသွားခဲ့တာကြောင့် စုစုပေါင်းအမျိုးသမီး ၇ ဦး လွှတ်တော်တက်ခွင့် ရရှိမှာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ရလဒ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရေတွက်မှုတွေအပြီး ထွက်ပေါ်လာတဲ့ အကြိုရလဒ်တွေ ဖြစ်ပါတယ်။
Read moreကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်မှာ ၇ လကြာ ဖွင့်လှစ်ခဲ့တဲ့ လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီသင်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက စတင်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို ဗဟိုနဲ့ ခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူတွေ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံမိဘပြည်သူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ သင်တန်းဆင်းသွားတဲ့ ကျန်းမာရေးလုပ်သားတွေဟာ မိမိတို့နယ်မြေအသီးသီးမှာ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပြန်လည်တာဝန်ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။
Read moreBorder News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၉။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်တပ်လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အမျိုးသမီးသေဆုံးသူငါးဆယ့်ငါးဦးရှိခဲ့ပြီး အဲဒီထဲမှာအာရက္ခဒေသက ဒုတိယအများဆုံးဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းတွေအရ ဇန်နဝါရီလအတွင်း အာရက္ခဒေသမှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးဆယ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူနှစ်ဆယ်ဦးပြီးရင် အာရက္ခဒေသဟာ ထိခိုက်သေဆုံးမှုအမြင့်မားဆုံး ဒေသတခုဖြစ်နေတာပါ။ သေဆုံးရတဲ့အဓိကအကြောင်းရင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဖြစ်ပါတယ်။ အာရက္ခဒေသကို စစ်ကော်မရှင်တပ်က အရပ်သားတွေနေထိုင်ရာကျေးရွာတွေနဲ့ မြို့ပေါ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုလိုအမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် ထိခိုက်သေဆုံးနေရတာ ဖြစ်တယ်လို့ဆိုပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သေဆုံးသူငါးဆယ့်ငါးဦးထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက် အမျိုးသမီးငယ်လေးဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးငါးဆယ့်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေမြှုပ်မိုင်းကြောင့်ထိခိုက်တာနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုငါးဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။ အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေဟာလုံခြုံမှုမရှိတော့ဘဲ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။
Read moreကေအဲန်ယူ-တောင်ငူခရိုင်၊ သံတောင်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသံထောင်မြို့နယ်၊ဖိုးဝါးချောင်းကျေးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊မနက်ပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ထို့ဘိုကြီးစခန်းကနေ လက်နက်ကြီးနှစ်လုံးနဲ့ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ် ဦးရဲ့မိခင် အသက်သုံးဆယ်ရှစ်နှစ်အရွယ် နော်နီကမွီး ဟာလက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမြိတ်ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာရှိဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲလူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်မှတ်ထား ပစ်ခတ်နေတာကြောင့် အခုလို အရပ်သားသေဆုံးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ဆိုပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ "တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်း" ကဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဖေဖော်ဝါရီ ၈ ရက်၊မနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ တော်လှန်ပြည်သူတွေက "လှေပြောင်းစီးရုံနဲ့ မုန်တိုင်းက ရပ်မသွားဘူး" ဆိုတဲ့စာသားတွေကို ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြသလို၊စစ်ကော်မရှင်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ တိုက်တွန်းတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို နေ့စဉ်မပြတ် ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
Read moreHey! Don't Copy my content.