Border News Agency ဒူးပလာယာခရိုင်၊ ဖေဖော်ဝါရီ ၇။ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကပြုလုပ်ခဲ့တဲ့ ကော်သူးလေအမျိုးသမီးတွေ တွေ့ဆုံဆွေးနွေးပွဲကနေ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့တောင်းဆိုချက်ခုနှစ်ချက်ကို တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုချက်တွေထဲမှာ အမျိုးသမီးတွေအတွက်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေကို ကော်သူးလေနယ်မြေအတွင်း အကောင်အထည်ဖော်ပေးဖို့၊ KNU ရဲ့ ကျား / မ ရေးရာမူဝါဒကို အမြန်ဆုံးပြဌာန်းပေးဖို့နဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပိုမိုဦးဆောင်ခွင့်ရဖို့ အလေးထားတောင်းဆိုထားပါတယ်။ အဲဒီအပြင် ဒေသတွင်းသယံဇာတစီမံခန့်ခွဲမှုတွေမှာလည်း အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုထည့်သွင်းပေးဖို့ ပါဝင်ပါတယ်။ နောက်ပြီးဒေသတွင်း အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဒုစရိုက်လုပ်ငန်းတွေပပျောက်ရေး ဆောင်ရွက်ပေးဖို့နဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ကိုလည်း တောင်းဆိုထားတာပါ။ အဲဒီဆွေးနွေးပွဲကို ကော်သူးလေအမျိုးသမီးကွန်ရက် (KWN) နဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) တို့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်းတရာကျော် တက်ရောက်ခဲ့ကြပါတယ်။
Read moreကံ့ကော်နီရေးပါတယ်။ စစ်အာဏာသိမ်းငါးနှစ်တာမှာ ငွေကြေးဖောင်းကြွမှုတွေပိုမို့ဆိုးလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေက အာရက္ခဒေသမှာ ပိုမိုးဆိုးရွာနေပါတယ်။ စစ်ကော်မရှင်ဟာ ကုန်လမ်း၊ရေလမ်းတွေအပါအဝင် ကုန်စည်စီးဆင်းမှုတွေကိုလည်း တားဆီးပိတ်ခဲ့တော့ အာရက္ခ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ခဲ့ကြရပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေတရိတ်ရိတ် တက်နေချိန်မှာ မိသားစုသုံးဦးရှိတဲ့အိမ်ထောင်စုတစုအတွက် တရက်ကုန်ကျစားရိတ်ဟာကျပ်ငါးသောင်းထိရှိနေပါတယ်။ အဲဒီကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေမရှိတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ ကျောင်းစာရိတ်၊ စားသောက်စာရိတ်၊ စျေးစာရိတ်တွေကို လကုန်ခါနီးလာတို င်းစိတ်ပူနေရတယ်လို့ ဒေါ်လှမေသိန်းက ညည်းတွားပါတယ်။ စစ်ကော်မရှင်ကင်းစင်တဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေမှာနေပေမယ့်ပိုက်ဆံအဓိကရှာနေတဲ့အိမ်ထောင် ဦးစီးအမျိုးသားစစ်မှုထမ်းနေချိန်မှာ စားဝတ်နေရေးအတွက် စိုးရိမ်းစိတ်ဖြစ်နေတယ်လို့ဒေါ်လှမေသိန်းက ပြောပါတယ်။ ဒေါ်လှမေသိန်းရဲ့ အမျိုးသားက အသ က်ငါးဆယ်ကျော်ပြီမို့ ပြည်သူ့စစ်သင် တန်းမတက်ခဲ့ရပေမယ့်တပ်သားသစ် စုဆောင်းရေးမှာ ထမင်းချက်တာဝန်နဲ့လအတော်ကြာနေခဲ့ရပါတယ်။ အဲဒီအိမ်ထောင်ဦးစီမရှိတဲ့နောက် ပ ညာရေးစာရိတ်နဲ့စားဝတ်နေရေးအတွ က်မိသားစုတာဝန်တွေကို ဒေါ်လှမေသိ န်းပခုံးထမ်းတာဝန်ယူရချိန်နေ့ရက်တိုင်းဟာ စိုးရိမ်စိတ်မကင်းခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလို့ခင်ပွန်းမရှိချိန်တွေမှာ မိသားစု ထမင်းဝိုင်းဟာ အရင်လို့မစို့ပြေတော့ပါ။ ဒါပေမယ့်"ကျွန်မကအရာရာကို တောင့်ခံနေပါတယ်။ဘာလို့ တောင့်ခံလဲဆိုရင် ကျွန်မရဲ့သားသမီးလေးယောက်စလုံးကိုပညာမတတ်ဘဲစိတ်ဆင်းရဲကိုယ်ဆ င်းရဲနဲ့စိတ်ဒဏ်ရာရသွားမှာကို အရမ်းကြောက်ပါတယ်။မိခင်ဖြစ်တဲ့ ကျွန်မက ပြိုကွဲပြနေရင် သားသမီးတွေ ပိုစိတ်ထိခိုက်သွားရမယ်။"လို့ ဒေါ်လှမေသိန်းက Border News Agency ကို ပြောပါတယ်။ အာရက္ခတပ်တော်ဟာအာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေအများစုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ အမျိုးသားကာကွယ်ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တအိမ်ထောင်ကိုလူတဦးနှုန်းနဲ့အမျိုးသမီးတွေမှာ အသက်ဆယ်ရှစ်နှစ်မှနှစ်ဆယ့်ငါးနှစ်၊ အမျိုးသားတွေမှာအသက်ဆယ်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ဆိုပြီးသတ်မှတ်ချ က်တွေနဲ့ခေါ်ခဲ့ပါတယ်။ အဲဒီပြည်သူ့စစ်သင်တန်းကြာမြင့်ချိန်မှာလေးဆယ်ငါးရက်ဖြစ်ပြီးသင်တန်းပြီးဆုံးပါကာနှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အာရက္ခတပ်တော်က ပြီးခဲ့ နှစ် ၂၀၂၅ ခုနှစ်၊မတ်လနှစ်ဆယ့်ငါးရက်နေ့ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ဆယ်ရှစ်နှစ်မှ လေးဆယ်ငါး နှစ်လို့ သတ်မှတ်ထားပေမယ်တချို့ မြေပြင်နဲ့ ကျေးလက် တွေမှာ အမျိုးသားတွေ စစ်မှုထမ်းရမယ် ဆိုရင် အသက် ငါးဆယ် ကျော်အရွယ် တွေ တပ်ထဲပါသွားကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင်ဝင်ငွေ အဓိကရှာတဲ့ မိသားစု မှာ အမျိုးသားတွေ တပ်တော်ထဲ လိုက်ရတဲ့အခါကျန်ခဲ့တဲ့မိသားစုတွေ၊က လေးငယ်တွေရဲ့ရှင်သန်မှုတိုက်ပွဲက တော့အဆိုးဝါးဆုံးအခြေအနေမှာရှိနေခဲ့ပါတယ်။ "မိခင်တဦးဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ အာဟာရချိုတဲ့ပြီးကျန်းမာ ရေးမကောင်းတော့ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ရွာက တခြားအမျိုးသ မီးတွေလို့ ငါးရှာ၊ဟင်းရှာလည်း လိုက်မရှာနိုင်ပါဘူး။တဖက်မှာ နို့စိုးကလေးတွေလည်းရှိသေးတော့ ကလေးကို အ ပ်ထားခဲ့ဖို့ ဆွေးမျိုးသားချင်းညီအစ်ကို မောင်နှမ မရှိပါဘူး။"လို့ သူမက ပြောပါတယ်။ အဲဲဒီအခြေအနေတွေနဲ့"မိသားစုးစားဝ တ်နေရေးဖြေရှင်းနေရချိန်မှာ စစ်သင် တန်းတက်နေရတဲ့ အမျိုးသားက အ သုံးစားရိတ်လှမ်းမှာရင် ထည့်မပေးနိုင်ဘူး။''လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ရခိုင်ရှိအမျိုးသမီးသုံးဆ ယ့်နှစ်ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ် သင်တန်းတခုခုတွင် ပါဝင်မှု မရှိတဲ့ အခြေအနေနဲ့ ဖယ်ကျဉ်ခံနေရတယ်လို့ ဆိုထားပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြပေမယ့်မိသား စုစားဝတ်နေရေးအတွက် နေ့စဥ်ရုန်းက န်နကြရပါတယ်။...
Read moreBorder News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ အာရက္ခဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေချိန်မှာ ရန်ကုန်သို့ဆေးကုသဖို့နဲ့ ကျောင်းတက်ဖို့သွားရောက်ကြတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။ အဲဒီအာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့ စကခ ၁၇၊ ခမရ ၅၇၄ မှ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်မှရန်ကုန်သို့ခိုးထွက်ခဲ့ကြတဲ့ အမျိုးသားကိုးဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်းလူငယ်ဆယ့်သုံးဦးဟာ ပွဲစားရဲ့လိမ်လည်မှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလူငယ်တဦးကို ငွေကျပ်ဆယ့်ခုနှစ်သိန်းစီပေးခဲ့ရပြီး ပွဲစားဖြစ်သူကလမ်းခရီးမှာ ဘာမှမဖြစ်စေရဘူးလို့အာမခံခဲ့သလို ရန်ကုန်သွားမယ့်ဂိတ်တွေမှာပြသဖို့အတွက်ဆိုကာ လူငယ်တွေရဲ့ဓာတ်ပုံတွေကို တဦးချင်းစီရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီလူငယ်တွေဟာ မင်္ဂလာဦးရွာကနေ ဆီရွာကိုရောက်ရှိချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး ကန်ဘားမြို့ရှိစစ်ကော်မရှင်ရဲ့ စုဆောင်းရေးစခန်းသို့ အတင်းအဓမ္မအပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲက အမျိုးသားငါးဦးကို စစ်မှုထမ်းဥပဒေနဲ့ညီညွတ်တယ်ဆိုပြီး သီးသန့်ဖယ်ထုတ်ကာ စုဆောင်းရေးစခန်းမှာ တလကြာပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစခန်းမှာ လူငယ်တွေရဲ့ဖုန်းတွေနဲ့ ငွေကြေးတွေကိုပါသိမ်းဆည်းခဲ့ပြီး ထွက်ပြေးရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ကာ လေဝင်ပေါက်တောင်မရှိတဲ့ အချုပ်ခန်းပုံစံအခန်းတွေမှာ ထားထားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအထူးသဖြင့် တပ်သားနိုင်ခန့်ကျော်ဟာ ကျောက်ကပ်ဝေဒနာရှင်ဖြစ်ပြီး ဆေးစစ်မှုမအောင်ပေမယ့် စစ်ကော်မရှင် အရာရှိတွေက ဆရာဝန်တွေကိုလာဘ်ပေးကာ ဆေးအောင်ကြောင်း လက်မှတ်အတုပြုလုပ်ပြီး စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ လက်ရှိမှာရှေ့တန်းစစ်မျက်နှာသို့ အပို့ခံရစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော်ဆီသို့ အလံဖြူထောင်အလင်းဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read moreBorder News Agencyမန္တလေး၊ ဖေဖော်ဝါရီ ၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးရဲ့ စစ်ကြောင်းတွေနဲ့တပ်ရင်းတွေမှာ WPS (Women, Peace and Security) ဆိုင်ရာဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတွေကို အမှတ် ၁၊ ၂၊ ၃...
Read moreBorder News Agencyမြောက်ဦး၊ဖေဖော်ဝါရီ ၂။ စစ်အာဏာသိမ်းပြီးနောက်ငါးနှစ်နီးပါးကာလအတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့အမျိုးသမီးပေါင်း ၂,၆၅၂ ဦးအထိ အသက်ဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန (MOWYCA) က ဖေဖော်ဝါရီလ ၁ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။ အဲဒီသေဆုံးမှုတွေမှာ...
Read moreBorder News Agencyဗန်းမော်၊ ဇန်နဝါရီ ၂၃။ ကချင်ပြည်၊ ဗန်းမော်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အရပ်သားနှစ်ဆယ်ဦးသေဆုံးသွားပြီး လေးဆယ်ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက ကောင်ဂျာကျေးရွာအုပ်စုကို ဇန်နဝါရီလ ၂၂ ရက်၊ မနေ့ညနေအချိန်က အောက်မေ့ဖွယ်ဝတ်ပြုဆုတောင်းပွဲလုပ်နေတဲ့ ပြည်သူတွေကို...
Read moreBorder News Agency ဘန်ကောက်၊ ဇန်နဝါရီ ၂၂။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်းဆောင်နယ်မြေမှာ မြန်မာအလုပ်သမားတဦးက ဇနီးဖြစ်သူကိုသတ်ဖြတ်မှုတခု ဇန်နဝါရီလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖလန်းဆောင်နယ်မြေရှိ ဆိုင်ကယ်မူလီစက်ရုံတခုအနီးက မြန်မာလုပ်သားတွေ နေထိုင်ရာဝန်းမှာဖြစ်ခဲ့တာပါ။ အဲဒီ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်...
Read moreBorder News Agencyကျောက်တော်၊ ဇန်နဝါရီ ၂၂။ မြန်မာနိုင်ငံတဝှမ်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တနှစ်အတွင်းအရပ်သားပြည်သူ နှစ်ထောင့်သုံးရာ့နှစ်ဆယ့်ခြောက်ဦးသေဆုံးခဲ့ရပြီး လေးထောင့်တရာ့လေးဆယ့်ခြောက်ဦး ဒဏ်ရာရသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။ အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ အောက်တိုဘာလမှာ နှစ်ရာ့ရှစ်ဆယ့်တဦးနဲ့အများဆုံးဖြစ်ခဲ့ပြီး...
Read moreBorder News Agency ကျောက်တော်၊ ဇန်နဝါရီ ၂၁။ မိသားစုဝင်တွေအစုလိုက်အပြုံလိုက် သေဆုံးသွားရတဲ့ဖြစ်ရပ်ဆိုးကြောင့် ကျန်ရစ်သူတွေရဲ့မျက်နှာထက်မှာ ဖြေမဆည်နိုင်တဲ့ပူဆွေးသောကတွေ အထင်အရှားမြင်တွေ့နေရတာပါ။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းအစပ်က စစ်သုံ့ပန်းတွေရှိရာနေရာကို ဇန်နဝါရီလ ၂၀ ရက်၊ ညပိုင်းမှာ စစ်ကော်မရှင်တပ်ကလေကြောင်းမှ ပေါင်...
Read moreBorder News Agency ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၂၁။ ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ အမျိုးသမီးတဦးကို စစ်ကော်မရှင်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Phoenix - Special Warfare Force မှ ဇန်နဝါရီလ ၂၁ ရက်၊...
Read moreHey! Don't Copy my content.