Border News Agency
ဗန်းမော်၊ ဇန်နဝါရီ ၂၃။
ကချင်ပြည်၊ ဗန်းမော်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အရပ်သားနှစ်ဆယ်ဦးသေဆုံးသွားပြီး လေးဆယ်ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက ကောင်ဂျာကျေးရွာအုပ်စုကို ဇန်နဝါရီလ ၂၂ ရက်၊ မနေ့ညနေအချိန်က အောက်မေ့ဖွယ်ဝတ်ပြုဆုတောင်းပွဲလုပ်နေတဲ့ ပြည်သူတွေကို စစ်ကော်မရှင်တပ်ကရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်
ဝန်ဆောင်တွေ၊သက်ကြီးရွယ်အိုတွေ အပါအဝင် နှစ်ဆယ်ဦးသေဆုံးပြီး လေးဆယ်ကျော် ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၄ နာရီခွဲအချိန်မှာ ထီးလင်းကျောင်းရှေ့ကနေအိမ်တလုံးမှာ ဝတ်ပြုအစည်းအဝေးပြီးခါစ လူစုမခွဲခင်မှာတင်တိုက်ခိုက်ခဲ့တာလို့ ဆိုကြပါတယ်။
အဲဒီထီးလင်းကျောင်းရှေ့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှလေးကြိမ်အထိတိုက်ခိုက်ခဲ့တာကြောင့် ရုပ်အလောင်းတွေဟာဟိုတစ်စ၊ ဒီတစ်စပြန့်ကျဲနေပြီး ခြေပြတ်၊ လက်ပြတ်သူတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တပိုင်းတစစီဖြစ်သွားသူတွေလည်းရှိတယ်လို့ ဆိုကြပါတယ်။
အဲဒီဒဏ်ရာရရှိသူလေးဆယ်ကျော်ထဲမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေလည်းပါဝင်တာမို့ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဆိုကြပါတယ်။






