Border News Agency ရှားတော၊ ဖေဖော်ဝါရီ ၅ ။ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ဇန်နဝါရီလကစပြီး ယားနာ (Scabies) ကူးစက်မှု မြင့်တက်နေတဲ့အတွက် ကုသဖို့ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီအရေပြားရောဂါဟာ အသက်ဆယ့်ငါးနှစ်အောက် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာ အဖြစ်များနေပြီး စခန်းတွေအတွင်း တကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် လအတော်ကြာတဲ့အထိ မထိန်းချုပ်နိုင်ဘဲ ဆက်လက်ပြန့်ပွားနေတာပါ။ အဲဒီယားနာကုသဖို့ လိုအပ်တဲ့ Permethrin လိမ်းဆေး၊ သောက်ဆေးတွေအပြင် ဆပ်ပြာ၊ ပိုးသတ်ဆေးနဲ့ သန့်ရှင်းတဲ့ သုံးရေ၊ သောက်ရေတွေပါ ပြတ်လပ်နေတယ်လို့ ကရင်နီကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။ အဲဒီအရေပြားရောဂါတွေကို အချိန်မီမကုသနိုင်ပါက နောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်တာတွေ ဖြစ်လာနိုင်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဆေးဝါးထောက်ပံ့ပေးဖို့ မျှော်လင့်နေကြပါတယ်။
Read moreBorder News Agency ဖလမ်း၊ ဖေဖော်ဝါရီ ၅ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့မြေပြန့်ဒေသတွေအပြင် မီဇိုရမ်ပြည်နယ်ထဲမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ခြောက်ရာကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေသွားရောက်လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာန (Humanitarian Department) ကဖေဖော်ဝါရီ ၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုလှူဒါန်းမှုဟာ အိမ်ထောင်စုနှစ်ရာနီးပါးက လူဦးရေခြောက်ရာကျော်အတွက် ဖြစ်တယ်လို့ CNO က ဆိုပါတယ်။ အဲဒီဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစပြီး စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူနှစ်သောင်းကျော်ဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကနေ အင်အားတထောင်ဝန်းကျင်သုံးပြီး ကလေး - နတ်ချောင်း - ချောင်းခွ - ဟားခါးလေး - ဝေဘူလ လမ်းကြောင်းအတိုင်း ဖလမ်းမြို့အထိ စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အခုဆိုရင် တိုက်ပွဲကာလသုံးလဝန်းကျင်အထိ ကြာမြင့်နေပြီလို့ ဆိုပါတယ်။
Read moreBorder News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၁။ အာဏာသိမ်းငါးနှစ်တာအတွင်းမှာ မြန်မာပြည်သူသန်းပေါင်းများစွာဟာ မရပ်မနားဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ ဥရောပသမဂ္ဂ (EU) က အထူးထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲ အထူးသဖြင့်မြန်မာပြည်သူ ဆယ်သန်းကျော်ဟာ အရေးပေါ်အကူအညီတွေကို ချက်ချင်းလိုအပ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ...
Read moreBorder News Agencyမောင်တော၊ ဇန်နဝါရီ ၃၀။ အာရက္ခဒေသက ငတ်မွတ်ဘေးကြုံနေရတဲ့ ပြည်သူတွေဆီလူသားချင်းစာနာမှု အကူအညီတွေ မရောက်အောင် တားဆီးပိတ်ပင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဇန်နဝါရီလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။...
Read moreBorder News Agencyစစ်ကိုင်း၊ ဇန်နဝါရီ ၂၉။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလို့ ကျေးရွာဆယ့်လေးရွာမှပြည်သူ ရှစ်ထောင်ကျော်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီဝက်လက်မြို့နယ်၊ သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊...
Read moreBorder News Agencyရမ်းဗြဲ၊ ဇန်နဝါရီ ၂၄။ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာတဲ့ကလေးငယ်တွေကို ဝေဟင်အောင်ဖောင်ဒေးရှင်းမှ စိတ်ပိုင်းဆိုင်ရာအကူအညီတွေပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီအကူအညီတွေကို ဆရာအောင်ရဲခန့်ကဦးဆောင်ပြီး ဝေဟင်အောင်ဖောင်ဒေးရှင်း၊ ပြည်တွင်းပြည်ပမှ အလှူရှင်တွေကူညီပေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီဆရာအောင်ရဲခန့်ကဦးဆောင်ပြီး ဝေဟင်အောင်ဖောင်ဒေးရှင်း၊ ပြည်တွင်းပြည်ပမှ...
Read moreBorder News Agencyကျောက်တော်၊ ဇန်နဝါရီ ၁၆။ ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒီကျောက်တော်မြို့နယ် စစ်ဘေးရှောင်တဦးဖြစ်တဲ့ ဒေါ်အေးနုခိုင်ကို Border News Agency ကမေးမြန်းထားပါတယ်။ "လက်ရှိအခက်အခဲနဲ့ကြုံတယ်ဆိုတာက ထင်းခုတ်ရင်စားရတယ်။...
Read moreBorder News Agencyကျောက်တော်၊ ဇန်နဝါရီ ၁၆။ ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒီကျောက်တော်မြို့နယ်က စစ်ဘေးရှောင်တွေကို Border News Agency ကမေးမြန်းထားပါတယ်။ "အလှူခံလို့ကတော့ မစားဘူးရှက်တယ်။ လူတွေလာရင်လည်း...
Read moreBorder News Agencyစစ်ကိုင်း၊ ဇန်နဝါရီ ၂။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးဒသမခြောက်သန်းကျော်အထိရှိလာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီ နေရပ်စွန့်ခွာထွက်ပြေးနေကြရသူ သုံးဒသမခြောက်သန်းကျော်အထိရှိနေတာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ...
Read moreBorder News Agencyပေါက်မြို့၊ ဒီဇင်ဘာ ၁၂။ ပေါက်မြို့နယ် ဇုန်-၈ နယ်မြေ ကျေးရွာဆယ့်သုံးရွာမှ အိမ်ထောင်စုနှစ်ထောင့်သုံးရာစု၊ ပြည်သူတသောင်းနီးပါး စစ်ဘေးရှောင်များဟာ အကူအညီလိုအပ်နေကြတယ်လို့ဆိုကြပါတယ်။ ပေါက်မြို့နယ် ကပစ ၂၄ လက်နက်စက်ရုံမှ ဖော်ကားနှစ်စီး၊ အင်အား ၁၅၀...
Read moreHey! Don't Copy my content.