Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
လူ့အခွင့်အရေး အာရက္ခဒေသ

ရိုဟင်ဂျာပြန်လည်လက်ခံရေး ဆယ်စုနှစ်များစွာ ကြာသွားနိုင်

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

မောင်တော၊သြဂုတ် ၄။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေကိုပြန်လည်လ က်ခံရေး ဆယ်စုနှစ်များစွာ ကြာသွားနိုင်တယ်လို့ ရ ခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

ရခိုင်အပါအဝင် မြန်မာပြည်အနှံ့မှာလက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်စွာဖြစ်ပွားနေသလို ပြန်လည်လက်ခံရေးပြုလုပ်မယ့်ပြည်သူလူထုကိုယ်စားပြုတရားဝင်အစိုးရမရှိသေးတာကလည်း အချိန်ကြန့် ကြာမှုကိုဖြစ်စေတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် မောင်တောခရိုင်မှာရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်မှုတွေကျူးလွန်းနေတာတွေ၊ဘူးသီးတောင်မြို့ပေါ်မှာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးဖောက်ထွင်းခိုးယူခဲ့ကြတာတွေကလည်း ရခိုင်ပြည်သူလူထုယုံကြည်လက်ခံမှုကို လျော့နည်းလာစေတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။

”ဘူးသီးတောင်မှာမွတ်ဆလင်တွေကျူးလွန်ခဲ့တာတွေကလည်း ရခိုင်ပြည်သူတွေကို မယုံကြည်မှုတွေလျော့နည်းလာစေပါတယ်။စစ်တပ်ကခိုင်းလို့ဆန္ဒပြ တာဆိုပေမယ့်ဖျက်ဆီးတာတွေ၊နေအိမ်တွေကိုမီးရှို့တာတွေက မြို့နေလူထုကိုမကျေနပ်ချက်တွေဖြစ်စေပါတယ်။ပြီးတော့မောင်တောမှာအင်အားအလုံးအရ င်းနဲ့စစ်တပ်ဖက်ကဝင်တိုက်ပေးနေတာကULA/AA ကို မလိုအပ်ဘူးဆိုတာပြနေတာပေါ့။ဒါတွေက ရိုဟင်ဂျာပြန်လည်လက်ခံရေးကိုဆယ်စုနှစ်များစွာကြာသွားစေနိုင်ပါတယ်။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတဦးက Border News Agency သို့ပြောပါတယ်။

နောက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ် တော်(ULA/AA)ရဲ့အာရက္ခပြည်သူ့အစိုးရကို ဘင်္ဂလားဒေ့ရှ်အစိုးရအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုဆက်ဆံဖို့အချိန်တခုလိုအပ်နေသေးသလို ရခိုင်တပြည်လုံးမှာ စစ်ကောင်စီတပ်ကင်းစင်သွားခဲ့ရင်တောင် တည်ငြိမ်အေးချမ်းရေး၊ပြန်လည်တည်ဆောက်ရေးတွေအတွက် ဆယ်စုနှစ်များစွာကြာသွားနိုင်တယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခပြည်သူ့အစိုးရမှာမောင်တောဒေ သအတွက်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနတွေတရားဝင်ဖွဲ့စည်းပြီး လူဦးရေသန်းခေါင်စာရင်းကောက်တာတွေပြုလုပ်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့သေချာဆွေးနွေးညှိုနှိုင်ပြီးမှပြန်လည်လက်ခံရေးစတင်နိုင်လိမ်မယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။

အဲဒီလိုပြန်လည်လက်ခံရေးစတင်နိုင်ဖို့အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအပါအဝင်နိုင်ငံတကာအသိုင်း အဝိုင်းလည်းအရေးပါသလို ကာယကံရှင်ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ရပ်တည်ချက်တွေ၊ပူးပေါင်းပါဝင်မှုတွေလည်းအရေးကြီးပြီး ရိုဟင်ဂျာအမည်ခံလက် နက်ကိုင်အကြမ်းဖက်သမားတွေကို ရိုဟင်ဂျာလူထုက လက်မခံကြောင်းနဲ့ရိုဟင်ဂျာလူထုကိုကိုယ်စားမပြုကြောင်း ရိုဟင်ဂျာအသိုင်းအဝိုင်းက တရားဝင်ထုတ်ပြန်ချက်တွေ၊တရားဝင်ပြောဆိုချက်တွေပြု လုပ်ပြီး သဘောထားအမှန်ကို ကမ္ဘာကသိအောင်ပြုလုပ်သင့်တယ်လို့လည်း ဆိုကြပါတယ်။

”ရိုဟင်ဂျာတွေကိုပြန်လည်လက်ခံဖို့ကရခိုင်ပြည်သူ လူထုရဲ့သဘောထားကလည်းအရေးကြီးပါတယ်။ULA/AA ကလည်းယုံကြည်လက်ခံဖို့လိုပါတယ်။မောင်တော၊ဘူးသီးတောင်မှာရိုဟင်ဂျာအမည်ခံပြီးအကြမ်းဖက်မှုတွေကျူးလွန်နေကြတာကိုရိုဟင်ဂျာလူထုကလည်းတရားဝင်ဆန့်ကျင်ကြရပါမယ်။အ တူတူနေ့မယ့်အသိုင်းအဝိုင်းကြားမှာယုံကြည်မှုအပြည့်အဝရှိနေမှပြန်လည်လက်ခံရေးအဆင်ပြေပါမယ် ။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့ လာနေသူနောက်တဦးက Border News Agency သို့ပြောပါတယ်။

အဲဒီဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခပြည်သူ့အစိုးရဟာ ပြီးခဲ့တဲ့မတ်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊မြို့တော်ဒါကာမှာ နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ရိုဟင်ဂျာပြန်လည်လက်ခံရေးအတွက် တောင်းဆိုချက်တွေ၊ကတိ ကဝတ်တွေ တောင်းဆိုပြုလုပ်ခဲ့တာမို့ အာရက္ခပြည်သူ့အစိုးရဘက်က တော်လှန်ရေးကာလမို့ ကတိပေးမဆုံးဖြတ်နိုင်သေးတာမို့တွေ့ဆုံဆွေးနွေးပွဲမှာနှစ်ဘက်သဘောတူဆုံးဖြတ်ချက်တစုံတရာမရရှိခဲ့ဘူးလို့ Border News Agency က စုံစမ်းသိရှိရပါတယ်။

မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်မြို့နယ်တွေမှ မွတ်ဆလင်တွေကို ၂၀၁၇ ခုနှစ်က မြန်မာ့တပ်မတော်နယ် မြေရှင်းလင်းရေးစစ်ဆင်ရေးပြုလုပ်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြတာမို့ မွတ်ဆလင်ခြောက်သိန်းကျော် တဘက်ဘင်္ဂလားဒေ့ရှ်နိုင် ငံသို့ ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်ဆိုပြီးမြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်တရားစွဲဆိုထားတာမို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက် ထက်ကတည်းက တရားရင်ဆိုင်နေကြရပါတယ်။

အဲဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(N LD)အစိုးရလက်ထက်ကတည်းက ရိုဟင်ဂျာပြန်လည်လက်ခံရေးအတွက်အစီအစဥ်တွေရေးဆွဲပြုလုပ်ခဲ့ကြပေမယ့်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ထက်ထိ ရိုဟင်ဂျာပြန်လည်လက်ခံရေးမစတင်နိုင်ကြသေးပါဘူး။

”၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့မှ ၂၀၁၈ခုနှစ်၊မတ်လအထိမောင်တောဒေသမှာ ရိုဟင်ဂျာကျေးရွားပေါင်း ၃၆၂ ရွာ မီးရှုံ့ခံခဲရကာ လူပေါင်း ၆၈၀၀၀၀ ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတယ်။” လို့ လူ့အခွင့်အရေးစောင့်ကြ ည့်ရေးအဖွဲ့(Human Right Watch- HRW)က ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခ သည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျန်း မာရေး၊သဘာဝဘေးစတဲ့အခက်အခဲဒုက္ခပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ခံစားနေကြရလို လူကုန်ကူးဂိုဏ်တွေ၊လက်နက် ကိုင်အကြမ်းဖက်သမားတွေရဲ့ဖမ်းဆီးသတ်ဖြတ်မှုတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအထဲက ရိုဟင်ဂျာတချို့ဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့အာရက္ခပြည်သူ့အစိုးရက ရခိုင်တပြည်လုံးကို ထိန်းချုပ်လိုက်ပြီးနောက် ပြန်လည်လက်ခံရေးပြုလုပ်ရင် အိမ်ပြန်ရတော့မယ်လို့မျှော်လင့်နေကြသလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့အာရက္ခပြည်သူ့အစိုးရကို အားပေးထောက်ခံယုံကြည်မျှော်လင့်တယ်လို့ ဆိုကြပါတယ်။

(ဓာတ်ပုံ-မြန်မာစစ်တပ်ဖမ်းဆီးသတ်ဖြတ်နေတဲ့မွတ်ဆလင်တချို့ကို ၂၀၁၇ ခုနှစ်၊သြဂုတ်လက မောင်တောမြို့နယ်မှာတွေ့ရပုံ/BNA)

PrevPreviousရိုဟင်ဂျာအမည်ခံတွေ မွတ်ဆလင်လူထုကြားရော နှောပြီး အကြမ်းဖက်မှုတွေကျူးလွန်နေ
Nextမောင်တောမြို့ပေါ်မှရခိုင်လူမျိုးသုံးဦးကို မွတ်ဆလ င်လက်နက်ကိုင်တွေ ဖမ်းဆီးသွားNext
Previous Post

ရိုဟင်ဂျာအမည်ခံတွေ မွတ်ဆလင်လူထုကြားရော နှောပြီး အကြမ်းဖက်မှုတွေကျူးလွန်နေ

Next Post

မောင်တောမြို့ပေါ်မှရခိုင်လူမျိုးသုံးဦးကို မွတ်ဆလ င်လက်နက်ကိုင်တွေ ဖမ်းဆီးသွား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

August 9, 2026

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင် ရာစော်ကားမှု- ၂

August 7, 2026

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

August 7, 2026

ပုဏ္ဏားကျွန်းမုဒိမ်းကျင့်လူသတ်မှု တရားခံကိုသေဒဏ်ချ

August 6, 2026

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

Releated Post

(ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

August 8, 2026
(ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်)

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

August 8, 2026

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

August 8, 2026

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

August 8, 2026

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

August 8, 2026
(ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေးကျေး ရွာများသပိတ်ကော်မတီ)

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

August 8, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page