Border News Agency
ကေအဲန်ယူ၊ စက်တင်ဘာ ၂၃။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမှာတရားဥပဒေဆိုင်ရာ သင်တန်းပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကို လယ်ဒိုမြို့နယ်ရုံးမှာပြုလုပ်ခဲ့တာဖြစ်ပြီး တရားဥပဒေမူဝါဒတွေအပေါ်နားလည်မှု၊ လေးစားလိုက်နာမှုတိုးတက်စေဖို့အဓိကရည်ရွယ်ချက်နဲ့ တရားဥပဒေဆိုင်ရာ ရက်တိုသင်တန်းပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
ပညာပေးစည်းရုံးနဲ့ ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီကဦးဆောင်ပြီး စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
သင်တန်းကို စုစုပေါင်းလူဦးရေ လေးဆယ်တဦးတက်ရောက်ခဲ့ကြပြီး ကော်သူးလေရာဇဝတ်ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တရားမမှုခင်းဆိုင်ရာလုပ်ထုံးလုပ်နည်းဥပဒေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးအက်ဥပဒေ၊ ပြုစားခြင်းဆိုင်ရာ အထူးအက်ဥပဒေစတဲ့အကြောင်းအရာတွေကို သင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။